မိန်းမဖြစ်သူကို အပြာမယ်ဟောင်း Sunny Leone နဲ့ခိုင်းနှိုင်းလို့ အဖမ်းခံရတဲ့ အမျိုးသား

Instagram/SunnyLeone

လင်နဲ့မယားဖြစ်လာပြီဆိုကတည်းက အနည်းနဲ့အများရန်ဖြစ်တတ်တာ ထုံးစံပါ။ဒါပေမယ့် အချိန်ရှိသရွေ့တော့ ယောက်ျားဖြစ်သူက မိန်းမကို ရိုက်နှက်နေတယ်ဆိုတာကတော့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ဒါတောင်မှ ကိုယ့်ယောက်ျားကို တော်တော်ချစ်တဲ့မိန်းမတွေက ဘယ်သူ့ကိုမှ ဖွင့်မပြောပဲ ယောက်ျားတွေနှိပ်စက်သမျှ ခါးစည်းခံလေ့ရှိပါတယ်။ဒီလောက်ရိုက်နှက်နေတယ့်အပြင် မိန်းမဖြစ်သူကို အပြာမယ်တစ်ယောက်နဲ့ ခိုင်းနှိုင်းပြီးပြောနေရင်ကော အဲဒီမိန်မဖြစ်သူက ဆက်သည်းခံနိုင်ဦးမှာတဲ့လား…?

အိန္ဒိယနိုင်ငံ Pune မြို့မှာ နေထိုင်တဲ့ အသက်(၄၂)နှစ်အရွယ်ရှိ မိန်းမတစ်ယောက်ကတော့ သူ့ယောက်ျားဖြစ်သူကို ထူးခြားတဲ့ အကြောင်းချက်တစ်ခုနဲ့ တရားဆွဲထားကြောင်း Time of India သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ယောက်ျားဖြစ်သူဟာ သူမကို အမြဲတမ်း အပြာမယ် Sunny Leoneနဲ့ ခိုင်းနှိုင်းနေလို့ပါပဲတဲ့။ သူတို့ လင်မယားဟာ (၂၀၀၈)ခုနှစ်တည်းက လက်ထပ်ခဲ့တာကြောင့် အိမ်ထောင်သက် (၁၀)နှစ်ကျော်ပြီလို့လည်း ပြောလို့ရပါတယ်။

[email protected]

အမည်ဖော်ပြထားခြင်းမရှိတဲ့ လင်မယားနှစ်ယောက်အနက် ယောက်ျားဖြစ်သူဟာ မိန်းမဖြစ်သူကို လက်ထပ်ပြီးကာစ လွန်ခဲ့ ၁၀နှစ်ကတည်းက အမြဲတမ်းနှိပ်စက်ပါတယ်လို့ မိန်းမဖြစ်သူက ဖွင့်ပြောခဲ့ပါတယ်။သူမဟာ စိတ်ညစ်လွန်းလို့ အမေအိမ်ပြန်သွားလည်း လိုက်လာပြီး နောင်တရတဲ့အကြောင်းတွေပြော၊တောင်းပန်ပြီး အိမ်ပြန်ခေါ်သွား၊ပြီးရင်ထပ်နှိပ်စက် ဒီလိုနဲ့ပဲ သံသရာလည်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

READ
ရောဂါသည်လူနာတွေနားမှာအဆင်ခြင်မဲ့စွာဓာတ်ပုံရိုက်ခဲ့တဲ့ ရုရှသူနာပြုတွေ ဝေဖန်ခံနေရ
[email protected]

နောက်ဆုံးမှာတော့ မိန်းမဖြစ်သူဟာ ယောက်ျားကို အမှုဖွင့်ခဲ့ပါတယ်။အကြောင်းကတော့ ယောက်ျားဖြစ်သူဟာ မိနိးမဖြစ်သူကို ပိုက်ဆံတောင်းပါတယ်။မိန်းမဖြစ်သူက မရှိဘူးလို့ပြောတဲ့အချိန်မှာတေ့ ယောကျာ်းဖြစ်သူက “အပြာမယ် Sunny Leon တောင် သူ့ခန္ဓာကိုယ်ကို ချွတ်ပြရင်ပိုက်ဆံရတယ်။မင်းက ဘာမှကိုသုံးစားလို့ကိုမရဘူး”လို့ အော်ဟစ်ရိုက်နှက်ကြိမ်းမောင်းပြီး သူမကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်။ ဒါ့ကြောင့် ဇနီးဖြစ်သူ နောက်ဆုံးမှာ ရဲစခန်းကို သွားရောက်အကူအညီတောင်းကာ အမှုဖွင့်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ဒီအမှုကိုတဲ့ Pune မြို့မှာရှိတဲ့ Hadapsar ရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စခန်းမှူး Aamle ကတော့ အဆိုပါ အမျိုးသားဟာ ထောင်ဒဏ်ကော ငွေဒဏ်ပါ ချမှတ်ခံရဖွယ်ရှိကြောင့် ဒေသခံမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE