ဇနီးသည်ရဲ့ဝါသနာအတွက် အိမ်ထဲမှာ သံလိုက်နံရံကြီးပြုလုပ်ပေးခဲ့တဲ့ ခင်ပွန်းသည်

Twitter/kobismenghijo

အဇ္ဇတီဆူဇာ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမဖခင်က မိခင်ဖြစ်သူကို ဘယ်လောက်ချစ်မြတ်နိုးခဲ့တယ်ဆိုတဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ သတိတရနဲ့ ဖော်ပြခဲ့ပါတယ်။ ကောင်မလေးရဲ့ ဖခင်ဖြစ်သူဟာ မမ်တက်ဇ်မာဟာလ် ဆိုသူပါ။ မမ်တက်ဇ်ဟာ ပစ္စည်းသေးသေးမွှားမွှားလေးတွေဆိုရင် သဘောကျတတ်တဲ့ ဇနီးအတွက် အိမ်ထဲမှာ သံလိုက်ပြားတွေ တပ်ပေးထားတဲ့အပြင် သံလိုက်နံရံကြီးတစ်ခုကိုတောင် ဆောက်လုပ်ပေးထားပါတယ်။

Twitter/kobismenghijo

အိမ်ထဲမှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက် စုဆောင်းထားတဲ့ သံလိုက်တွေဟာ အခု (၁) ထောင်ကျော်တောင် ရှိပါတယ်။ အဇ္ဇတီဆူဇာက မိဘနှစ်ပါးရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ပုံပြင်လေးအကြောင်း အခုလို တွစ်တာပေါ်မှာ ပြောပြခဲ့တာပါ။

Twitter/kobismenghijo

“ကျွန်မ အဖေ့ကို သိပ်သတိရပါတယ်။ အရင်တုန်းကတော့ အရုပ်လေးတွေ ကပ်ထားတဲ့ သံလိုက်လေးတွေကို အမေက ရေခဲသေတ္တာပေါ်မှာ ကပ်ထားတတ်တယ်။ အမေက ပစ္စည်းသေးသေးမွှားမွှားလေးတွေဆိုရင် အရမ်းချစ်တာ။ ဒါပေမယ့် ရေခဲသေတ္တာပေါ်မှာ တစ်ခါတစ်လေ အရုပ်သံလိုက်တွေက မကပ်ပဲ ပြုတ်ကျတတ်တယ်။ အဲဒီအချိန်ကျရင် အဖေက သိပ်စိတ်မကောင်းဖြစ်တတ်တယ်…”

READ
(၆) နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းကို ကျောင်းဆီ ကုန်းပိုးသယ်လာတဲ့ ကျောင်းသားလေး
Twitter/kobismenghijo

“…နောက်ပိုင်းတော့ ကျွန်မတို့ အိမ်ပြန်ပြင်တဲ့အခါ အဖေက အိမ်ထဲမှာ အမေသံလိုက်တွေကပ်ဖို့ဆိုပြီး နံရံကြီးတစ်ခုပါ ထည့်ဆောက်ပေးတယ်။ အဲဒီမှာဆို အမေကြိုက်တဲ့ အရုပ်လေးတွေကို အများကြီး ကပ်လို့ရပြီလေ။ ဒါပေမယ့် အဖေက ကျွန်မတို့နဲ့ သိပ်မနေရပါဘူး။ ၂၀၁၇ မှာပဲ ဆုံးသွားတယ်..”

Twitter/kobismenghijo

အဇ္ဇတီရဲ့ မိခင်ဟာ သံလိုက်ပစ္စည်းလေးတွေ ၀ယ်စုတတ်တဲ့အပြင် သူမကြိုက်တဲ့ပစ္စည်းလေးတွေဆိုရင်လည်း သံလိုက်လေးတွေအဖြစ် ကိုင်တိုင်ဖန်တီးလေ့ရှိပါတယ်။ အသက်(၅၃) နှစ်ရှိပြီဖြစ်တဲ့ အဇ္ဇတီရဲ့ မိခင်ဟာ အသက်(၁၇) နှစ်ကနေစပြီး သံလိုက်လေးတွေကို နှစ်ခြိုက်စွာစုဆောင်းလာခဲ့တာပါ။ သူမဟာ အိမ်မှာလည်း အရုပ်သံလိုက်လေးတွေကို စုဆောင်းထားတဲ့အပြင် မလက္ကာမြို့မှာလည်း ၄င်းပစ္စည်းသေးလေးတွေကို ရောင်းချတဲ့ အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသေးကြောင်း Goodtimes ကနေတဆင့် သိရပါတယ်။

လင်းလင်း (ShweMom)

SHARE