ကိုယ်ဝန်ဆောင်ဇနီးသည်ကို ထားသွားရလောက်တဲ့အထိ ဂိမ်းစွဲနေတဲ့ အမျိုးသား

လူတော်တော်များများ အတွက်တော့ ဂိမ်းကစားတာဟာ သောကတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ။ ဂိမ်း ကစားတာက မိတ်ဆွေအသစ်တွေကိုလည်း ရှာဖွေနိုင်ပြီး ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလည်းရှိတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း အလုံးစုံလျှော့ချပေးတယ်လို့ စူးစမ်းလေ့လာမှုတွေက ဖော်ပြထားတာတွေ့ရပါတယ်။

ဒီလိုရှိတဲ့ ကြားထဲကမှ ကစားခြင်းကြောင့်၊ စွဲလန်းမှုကြောင့် ဘ၀ပျက်ရတဲ့ အထိဖြစ်ရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ တစ်ခါတစ်ရံမှာ ဂိမ်းကစားသူနဲ့ ၄င်းရဲ့ ပတ်ဝန်းကျင်ကြားမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာတတ်တာကိုလည်း တွေ့ရပါတယ်။

Digital Media Wire

အခုလည်း PUBG ကို အလွန်အရူးအမူးကစားတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်က ကိုယ်ဝန် လွယ်ထားတဲ့ဇနီကို ထားခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ် တင်ခဲ့တဲ့ Facebook ပိုစ့်တစ်ခုကြောင့် သိရပါတယ်။

ဇနီးသည်က ကိုယ်ဝန် (၄) လရှိနေပါပြီ။ သူမရဲ့ ပြောပြချက်အရတော့ သူမ ခင်ပွန်းဟာ ညီအကိုတွေရဲ့ မိတ်ဆက်ပေးမှုနဲ့ PUBG ကို အကျွမ်းဝင်ခဲ့ပြီး စွဲစွဲလန်းလန်းကို ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီ ဂိမ်းနဲ့ ပတ်သက်လို့ ခဏခဏ စကားများနေရပြီး နောက်ဆုံး အခုလို အိမ်က ဆင်းသွားအထိပဲ လို့ ပြောပြခဲ့ပါတယ်။

READ
(၁၅.၁၂.၁၈)မှ (၂၁.၁၂.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

အဓိကအကြောင်းအရင်းကတော့ ယောင်္ကျားဖြစ်သူက တစ်ညလုံး ဂိမ်းပစ်တယ်။ အဲ့ဒီ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လင်မယားချင်း စကားများရပါများလာတယ်။ တစ်ညလုံး ဂိမ်းဆော့ပြီးရင် မနက်ကျ နိုးမရတာက တစ်ချက်၊ အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်တာက တစ်ချက်၊ စတဲ့ အချက်ပေါင်းများစွာနဲ့ ရန်တွေ သတ်ရကြောင်း သိရပါတယ်။

Masih lagi tak percaya kebinasaan akibat KETAGIHAN game? Berbaloi ke tinggalkan anak isteri demi game?Game dan gaming…

Posted by Akhtar Syamir on Monday, February 4, 2019

အမျိုးသားက ဇနီးဖြစ်သူကို Nusyuz လို့ ခေါ်ပြီး ခင်ပွန်းကို အထောက်အပံ့ မပေးနိုင်တဲ့ မိန်းမလို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ အမြဲ ဂိမ်းစွဲနေတယ်ဆိုပြီး သူ့ကို ဆူပူနေလို့ပါတဲ့…။

READ
Disney ကာတွန်းဇာတ်ရုပ်တွေလို လိုက်လံပြုမူခဲ့တဲ့ ချစ်စရာ အမွှာညီအစ်ကို

“သူ ကျွန်မတို့ကို ထားခဲ့တာ တစ်လရှိသွားပါပြီ။ ကျွန်မတို့အနေနဲ့လည်း ဘယ်လို အခက်ခဲပဲရှိရှိ ကိုယ့်ဟာကိုယ် အားကိုး ဖြေရှင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။

သူ PUBG စ ကစားကတည်းက သူရဲ့ ကိုယ် နှုတ် စရိုက်တွေ ကြမ်းတမ်းလာတယ်။ ဒီ အနေအထားက လွန်ခဲ့တဲ့ (၄) နှစ်လောက်ကစပြီး တဖြည်းဖြည်း အဆိုးတွေကို ပေါက်ဖွားလာစေတယ်” လို့ သူမက ပြောထားတာတွေ့ရပါတယ်။ သူ မိသားစုဆီ ပြန်လာအောင် ဆုတောင်းပေးကြပါ လို့လည်း ဖော်ပြထားပါသေးတယ်။

Ref: World Of Buzz, Facebook

Matthew 
SHARE