တစ်ခါမှ မမြင်ဖူးတဲ့ မိန်းမအတွက် ကလေးနှစ်ယောက်နဲ့ဇနီးသည်ကိုထားခဲ့ ခင်ပွန်းမိုက်

အသက် ၄၃ နှစ်အရွယ် Kirsty Welch ဆိုသူအမျိုးသမီးဟာ ၁၄ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်ရဲ့ ပစ်ပစ်ခါခါထားသွားခဲ့ခြင်း ခံခဲ့ရပုံအကြောင်းကို အခုလိုပဲဖွင့်ဟပြောပြခဲ့ပါတယ်။

Kirsty နဲ့ ခင်ပွန်းသည် John တို့ဟာ Kirsty အသက် ၁၆ နှစ်ကတည်းက တွေ့ဆုံခဲ့ကြပါတယ်။ နှစ်ဦးစလုံးရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အချစ်မီးစလေးတောက်ခဲ့ပမေယ့်လည်း အမှတ်တမဲ့တွေ့ဆုံမှုမျိုးမို့လို့ နီးစပ်ဖို့အတွက် အခြေအနေမပေးခဲ့ပါဘူး။ ဆယ်စုနှစ်တစ်ခုအကြာ ၂၀၀၁ ခုနှစ်မှာတော့ Kirsty တစ်ယြေ်ကအမှတ်မထင်ပဲ သူ့အနားကနေဖြတ်သွားတဲ့ ကုန်ကားတစ်စီးကိုကြည့်လိုက်မိရာ ကာမောင်းနေသူဟာ John ဖြစ်နေတာကို အံ့သြစွာနဲ့တွေ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း Kirsty နဲ့ John တို့နှစ်ဦးသား တွေ့ဖြစ်ခဲ့ကြပြီး အသက် ၁၆ နှစ်အရွယ်တုန်းက Kirsty တွေ့ခဲ့တဲ့ John ထက်တောင် ပိုပြီး ချစ်ဖို့ကောင်းနေသေးတယ်လို့ ကြည်ကြည်နူးနူးနဲ့ပြောပြခဲ့ပါတယ်။

တွဲပြီး လပိုင်းလောက်အကြာမှာတော့ John ဟာ Kirsty ကို Tunisia ကမ်းခြေမှာ စိတ်ကူးယာဉ်ဆန်စွာနဲ့ပဲ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အရင်ကတည်းက သံယောဇဉ်နှောင်ကြိုးရစ်တွယ်နေခဲ့ပြီးသား Kirsty အတွက်တော့ ချစ်ရသူကလက်ထပ်ခွင့်တောင်းလာခဲ့တဲ့အခါ နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ တစ်ခါတည်းကိုခေါင်းငြိမ့်ပစ်ခဲ့ပါတယ်။ နောက်မှာတော့ ဒိုးတူဘောင်ဖက်ကြိုးစားရင်း နှစ်ယောက်သား အိမ်လေးတစ်လုံးကို စဝယ်ခဲ့ပါတယ်။ သမီးဦးလေးစကိုယ်ဝန်ရှိတော့ကာမှ လက်ထပ်ခဲ့ကြပြီး John ဟာ တစ်နေ့ကို အိမ်ပြန်အိပ်ချိန်လေးကလွဲလို့ ကျန်တဲ့အချိန်တွေအကုန်လုံး ကုန်ကားမောင်းရင်း Kirsty နဲ့ ရင်သွေးလေးအတွက် ကြိုးစားရုန်းကန်ကာ မမွေးသေးတဲ့ သမီးလေးတွေက် ကြိုတင်ပြီး ကလေးထိန်းကအစ ပစ္စည်းတွေအဆုံး စီစဉ်ပေးခဲ့တာပါ။ John ဟာ သိပ်ကိုတာဝန်ကျေတာထက်ပိုတဲ့ ဖခင်နဲ့ခင်ပွန်းဖြစ်ခဲ့တယ်လို့ Kirsty ကပြောခဲ့ပါတယ်။

READ
ဆေးရုံဓာတ်လှေကားနဲ့ ညပ်ပြီး၊ ခန္ဓာကိုယ်ထက်ပိုင်းပြတ် သေဆုံးခဲ့ရသည့် အမျိုးသမီး
Facebook

John ကုန်ကားမောင်းတဲ့အလုပ်မှ ကလေးတွေကျောင်းကားမောင်းတဲ့ကားဆရာအဖြစ် ဝင်လုပ်နေခဲ့တဲ့အချိန်မှာတော့ Kirsty တစ်ယောက်ရေမွှာပေါက်ခဲ့ပါတယ်။ ဒီအကြောင်းကို John ကို ဖုန်းဆက်လှမ်းပြောတဲ့အချိန်မှာတော့ ကလေးတွေကို မိန်းမကလေးမွေးပြီမို့ နောက်ထပ်ကျောင်းကားတစ်စီးပြောင်းစီးဖို့ပြောပြီး ဆေးရုံကိုအပြေးပြန်ခဲ့ဖူးပါသေးတယ်။ နောက်ထပ် (၅)နှစ်အကြာမှာတော့ သားလေးတစ်ယောက်ကို ထပ်ယူခဲ့ပါတယ်။

လက်ထပ်တယ်ဆိုတာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ ကလေးတွေမွေးလာခဲ့မယ်ဆိုရင်ပေါ့။ Kirsty ဟာလည်း John နဲ့ အရင်ကတည်းကိုက Kirsty ကအိမ်မှာနေပြီး မိခင်ကောင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက် ပီသပေးမယ်၊ John ကတော့ အရင်လို အလုပ်လုပ်ဆိုပြီး သဘောတူထားခဲ့ပေမယ့်လည်း နှစ်တွေကြာလာတဲ့အချိန်မှာတော့ John ဆီကနေပင်ပမ်းတယ်၊ မင်းကတော့ အိမ်မှာအေးအေးဆေးဆေးနဲ့ဆိုတဲ့ အသံတွေကြားလာရပါတယ်။

ခင်ပွန်းပင်ပမ်းနေတာဖြစ်ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာလည်း သွေးအေးလာတဲ့အတွက် အခြေအနေတွေကို ပြန်တည့်မတ်ဖို့အတွက် ပိုလန်မိသားစုခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ပါတယ်။ အကုန်လုံး ပြင်ဆင်ထုတ်ပိုးပြီးကာမှ John တစ်ယောက် မလိုက်တော့ဘူးထဖြစ်ခဲ့ပေမယ့်လည်း နေက်ဆုံးမှာတော့ ပိုလန်အထိပါလာခဲ့ပါတယ်။ လည်ပတ်စဉ်တုန်းကလည်း Kirsty နဲ့ ကလေးတွေနဲ့ ခပ်လှမ်းလှမ်းအရှေ့ကနေပဲ သွားကာ Kirsty တစ်ယောက် နမ်းဖို့ကြိုးစားတုန်းကလည်း ခေါင်းကို တခြားဘက်ကိုရုတ်တရက်လှည့်ကာ ရှောင်ဖယ်ခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ အပြင်လိုက်လည်ဖို့အတွက် ငြင်းကာ Kirsty နဲ့ ကလေးတွေလျှောက်လည်တုန်း သူတစ်ယောက်တည်း အခန်းထဲမှာကျန်နေခဲ့တာပါ။

Facebook

ပိုလန်ကနေပြန်ရောက်တဲ့အချိန်ကစလို့ Kirsty အပေါ် အေးစက်မှုတွေ ပိုဖြစ်လာခဲ့ပြီး ခပ်ခွာခွာနေကာ ဖုန်းမှာလည်း လျှို့ဝှက်နံပါတ်တွေ မထားစဖူးစထားခဲ့ပါတော့တယ်။ ဒါကြောင့် တိကျတဲ့အဖြေတစ်ခုကိုသိရဖို့အတွက် Kirsty တစ်ယောက် ညတစ်ညမှာ ဖောက်ပြန်နေတာလားလို့ ပေါ်တင်မေးပစ်ခဲ့ပါတယ်။ သို့သော်လည်း မဟုတ်ဘူးလို့ အယုံသွင်းကာညာခဲ့ပြီး နောက်နေ့မနက်မှာတော့ လက်ထပ်လက်စွတ်ကို ချွတ်ပစ်ကာ နိုးနိုးချင်းမှာတင် သည်းမခံနိုင်တော့ဘဲ Kirsty ကိုမချစ်တော့တဲ့အတွက် ထွက်သွားတော့မယ်လို့ ပြောခဲ့ပါတယ်။ ဖောက်ပြန်နေတာ သေချာသွားပြီဆိုတာကို Kirsty သိသိချင်းမှာတင် သူမရဲ့ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲကျသွားသလိုခံစားခဲ့ရပါတယ်။

READ
လူမြင်ကွင်းမှာ ကလေးတွေရန်ဖြစ်သလို လုံးထွေးသတ်ပုတ်ခဲ့ကြတဲ့ လေးပွင့်ဆိုင်ရန်ပွဲ

ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ John ရဲ့ ပုံအောက်မှာ သူစိမ်းအမျိုးသမီးတစ်ယောက် comment လာပေးတာကြောင့် Kirsty က John နဲ့ဖောက်ပြန်နေတာ သူလားဆိုပြီး မေးတဲအခါ ဟုတ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ John ဟာ အဆိုပါအမျိုးသမီးကို Website တစ်ခုကနေ အမှတ်မထင်တွေ့ခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ ထိုင်ဝမ်မှာနေတဲ့ တရုတ်လူမျိုးဖြစ်တာကြောင့် သူတို့အချင်းချင်း အပြင်မှာတစ်ခါမှ မဆုံဖူးကြသေးပါဘူး။ သိပ်မကြာခင်မှာပဲ နီးစပ်ရာအသိုင်းအဝိုင်းဆီမှ ကြားခဲ့တဲ့သတင်းကတော့ John ရဲ့ အမြှောင်အမယားလေးဟာ သူတို့နေနေတဲ့ UK ကို ရောက်နေပြီဆိုတာပါပဲ။ အဲဒီအချိန်အထိ သူမနဲ့Johnတို့အကြောင်းတွေကို ကလေးတွေကို ဖွင့်မပြောရသေးပါဘသူး။

နောက်မကြာခင်မှာပဲ John ဟာ “ငါသူနဲ့နေဖို့ ထိုင်ဝမ်ကိုပြီးပြောင်းတော့မယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့ နှစ်ပါင်း ၂၀ ကျော်သံယောဇဉ်ကို အဆက်ဖြတ်ပစ်ခဲ့ပါတယ်။ Kirsty ဟာ John နဲ့သိခဲ့တာ ၂၇ နှစ်ကျော်၊ အိမ်ထောင်သက်တမ်း ၁၄ နှစ်ကျော်လောက် ရှိခဲ့ပေမယ့် တကယ်တမ်းသူသိပ်ရင်းနှီးတယ်လို့ ထင်ခဲ့ရတဲ့ ခင်ပွန်းဟာ အခုအချိန်မှာတော့ သူမတစ်ခါမှ မတွေးမိခဲ့တဲ့ လူသစ်တစ်ယောက်လုံးလုံးကြီးဖြစ်နေခဲ့တာကို လက်မခံချင်လည်း နာကျည်းစွာလက်ခံပြီး ကလေးနှစ်ယောက်နဲ့ ဘဝသစ်မှာ နေနေခဲ့ပါပြီ။

Source: The Sun

Penny

 

SHARE