
အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်ဟာ သူတို့ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ နှစ်ယောက်စလုံးရဲ့ အိမ်မက်တွေကို အတူတူ အကောင်အထည်ဖော်ပြီး အေးအတူပူအမျှ နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း သာယာလှပတဲ့ မိသားစုဘဝလေးကို တည်ထောင်ဖို့ဆိုတာ ဇနီးမောင်နှံတိုင်းရဲ့ စိတ်ကူးပါပဲ။ အခုပြောပြချင်တဲ့ ခင်ပွန်းသည်အမျိုးသားကတော့ ဇနီးဖြစ်သူ အမျိုးသမီး တစ်ချိန်တုန်းက အရမ်းလိုချင်ခဲ့တဲ့ အိမ်ကြီးတစ်လုံးကို သူ့ဇနီးသည်မသိအောင် ပိုက်ဆံတွေ တိတ်တဆိတ်စုဆောင်ပြီး ဝယ်ယူကာ ဇနီးသည်ကို surprise လုပ်ပေးခဲ့တာဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာ တွေ့ရတဲ့အတိုင်း ခင်ပွန်းသည်အမိုးသားဟာ ဇနီးဖြစ်သူကို box တစ်လုံး အရင်လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူက အဆိုပါ box ကို ဖွင့်နေတဲ့ အချိန်အတွင်း ခင်ပွန်းသည်က သူရေးထားတဲ့ notes လေးတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြကာ ဇနီးသည်မသိအောင် ဗီဒီယို ရိုကူးနေခဲ့ပါတယ်။ အဆိုပါ notes ထဲမှာတော့ ဇနီးဖြစ်သူဟာ အရမ်းအလုပ်ကြိုးစားပြီး အကောင်းဆုံး အိမ်ရှင်မတစ်ယောက်ဖြစ်ကြောင်း၊ အခုသူမကို surprise လုပ်မယ့် အိမ်ကြီးဟာ လက်မထပ်ခ်တုန်းက သူမအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့ အိမ်ကြီးတစ်လုံးဖြစ်ကြောင်း၊ ဒီအိမ်ကြီးဟာ သူမနေထိုင်ဖို့အတွက် အရမ်းကို ထိုက်တန်ကြောင်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခင်ပွန်းသည်အမျိုးသားဟာ ဇနီးဖြစ်သူကို အဆိုပါ အိမ်ကြီးရှေ့ခေါ်ပြီး box ထဲက အိမ်သော့လေးကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဇနီးသည်ဟာ အံ့သြဝမ်းသာသွားပြီး မျက်ရည်တွေတောင် ကျခဲ့ပါတယ်။

This is sooo sweet… 💖💖
Always keep your spouse happy, in turn you’ll be happier !! pic.twitter.com/0t7HTptW7E
— Uptown Girl 😍 (@sometimes_me10) November 16, 2020
“ကျွန်တော်တို့လက်ရှိနေနေတဲ့ တိုက်ခန်းလေးက သေသေးလေးဗျ။ လက်ထပ်ပြီး သမီးလေး ၂ ယောက်မွေးတော့ ကျွန်တော်တို့ မိသားစုလေးယောက် အဲဒီအခန်းလေးထဲမှာပဲ ကျပ်ကျပ်တည်းတည်း နေခဲ့ရတာပါ။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ခဲ့တဲ့ ၁၂ နှစ်ကျော်ကြာခဲ့ပါပြီ။ အခုဆိုရင်တော့ ဒီအိမ်ကြီးမှာ ကျွန်တော်တို့ မိသားစုလေးယောက် အေးအေးချမ်းချမ်း ကျယ်ကျယ်ဝန်းဝန်း နေလို့ရပါပြီ” လို့ ခင်ပွန်းသည်အမျိုးသားက ပြောကြားခဲ့ပါတယ်။
— Uptown Girl 😍 (@sometimes_me10) November 16, 2020
Pyi Hein Kyaw