ခင်ပွန်းနဲ့ ခွေးလေးတွေကြား ရွေးချယ်စရာဖြစ်လာလို့ ပြတ်သားစွာ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသမီး

(၅၃)နှစ်အရွယ် Mike နဲ့ (၄၉)နှစ်အရွယ် ဇနီးသည် Liz Haslam တို့ဟာဆိုရင် အိမ်ထောင်သက် (၂၅)နှစ်ကျော်ကို ဖြတ်သန်း လက်တွဲလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတိုရဲ့ အိမ်ထောင်ရေး ခရီးရှည်ဟာဆိုရင် ခွေးလေး အကောင် (၃၀)ကြောင့် အက်ရာ စထင်လာခဲ့ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

(၂၂)အရွယ် သားတစ်ယောက်ရှိတဲ့ သူတို့ Haslam စုံတွဲဟာ Liz (၁၆)နှစ်သမီးကတည်းက စတွေ့ခဲ့ကြတာဖြစ်ပြီး (၁၉၉၁)ခုနှစ်တုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ အင်္ဂလန်နိုင်ငံ Haslam ရွာလေးကို ပြောင်းရွှေ့လာခဲ့ကြပြီးနောက် Liz က ခွေးလေးတွေ မွေးထားတဲ့ ဂေဟာကို တည်ထောင်ခဲ့ပါတယ်။ ဧကဝက်လောက် ခြံအကျယ်မှာ ခွေးလေးတွေ များစွာကို မွေးထားခဲ့တာပါ။ သူမဟာ Bull Terrier ခွေးလေးတွေကို ကယ်ဆယ်တဲ့ BedforBullies အဖွဲ့အစည်းကိုလည်း တည်ထောင်ကာ ချို့တဲ့နေတဲ့ ခွေးလေးတွေကို စောင့်ရှောက်ခဲ့ပါတယ်။ အတော်ကို ခွေးချစ်တတ်တဲ့ အမျိုးသမီးပါ။

SWNS:SOUTH WEST NEWS SERVICE

အခုလက်ရှိမှာလည်း Liz က အကူအညီလိုအပ်နေတဲ့ ခွေးလေးတွေ အကောင် (၃၀)လောက်ကို မွေးထားပါတယ်။ (၅)ကောင်က နားမကြားဘဲ၊ (၂)ကောင်ဆို မျက်လုံးတစ်လုံးစီပဲ ရှိပါတယ်။ ဦးနှောက်ထိခိုက်ထားတဲ့ ခွေးလေးအပါအဝင် အခြားကျန်းမာရေး ချို့ယွင်းနေတဲ့ ခွေးလေးတွေလည်း ရှိပါတယ်။ ဒီခွေးလေးတွေကို အမြဲအချိန်ပေး စောင့်ရှောက်နေတဲ့ Liz ဟာ သူမရဲ့ အိမ်ထောင်ရေးမှာတော့ အဆင်မပြေမှုတွေဖြစ်လာခဲ့ပြီး ခင်ပွန်းဖြစ်သူ Mike က “ခွေးတွေကို ရွေးမလား ငါ့ကို ရွေးမလား” လို့ မေးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

READ
ရထားထွက်ဖို့ အချိန်အကြာကြီး စောင့်ရတာတောင် အေးအေးလူလူရှိခဲ့ကြတဲ့ ဂျပန်လူမျိုးများ
SWNS:SOUTH WEST NEWS SERVICE

Liz ရဲ့ ဆုံးဖြတ်ချက်ကတော့ တိရိစ္ဆာန်ပိုင်ရှင် အများစု နားလည်နိုင်မှာပါ။ သူမဟာ ခွေးလေးအကောင်(၃၀)ကို ရွေးခဲ့ပါတယ်။ ဇနီးက ခွေးတွေကို မစွန့်လွှတ်နိုင်တာ သိသွားကတည်းက Mike က အိမ်ပြန်မလာတော့တာ ဆိုရင်လည်း (၁)နှစ်ခွဲ ရှိသွားပြီဆိုပါတယ်။ Liz ကတော့ ခင်ပွန်းဖြစ်သူက အမြဲအလုပ်များနေခဲ့တာကြောင့် အထီးမကျန်ချင်လို့ ခွေးလေးတွေဆီ စိတ်နှစ်ခဲ့ရတာဖြစ်ကြောင်း ပြောပြပါတယ်။ သူမက တစ်နေ့ကို ခွေးလေးတွေအတွက် အချိန် (၁၈)နာရီ ကုန်ဆုံးတယ်လို့လည်း သိရပါတယ်။

SWNS:SOUTH WEST NEWS SERVICE

Liz ဟာ အခုဆို ခွေးလေးတွေအတွက် နေထိုင်စားသောက်စရိတ်ကိုလည်း အနိုင်နိုင်ဖြစ်နေကာ တိရိစ္ဆာန်ဆေးကုသစရိတ်အတွက်ဆို ပေါင် (၄,၀၀၀) လောက်လည်း အကြွေးတင်နေတယ် ဆိုပါတယ်။ ဒါ့အပြင် သူမဟာ ခြံငှားစရိတ် တစ်လကို ပေါင် (၈၀၀) လည်း ပေးရပါသေးတယ်။ ခွေးချစ်သူ အမျိုးသမီးကတော့ ဒီဝန်ထုပ်ဝန်ပိုးတွေကြားက ခွေးလေးတွေနဲ့ နေရတာ ပျော်ရွှင်ကြောင်းဆိုပြီး သူမရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့လည်း ပြောခဲ့ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

Ref: Unilad, The Sun

SHARE