မိန်းမဖြစ်သူ Video Call Meeting လုပ်တိုင်း ရုပ်တည်ကြီးနဲ့မျက်နှာပြောင်နေတဲ့ ယောက်ျား

Cara Fields

ဒီအချိန်မှာတော့ ရုံးဝန်ထမ်းတော်တော်များများဟာ အိမ်ကနေပဲ အလုပ်လုပ်ကြတာ များပါတယ်။ ဘယ်အချိန်မှ ပြီးမယ်မှန်းမသိတဲ့ COVID 19 ကပ်ဆိုးကြီးကြောင့် လူတိုင်းလိုလိုဟာ အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ရဲကြတော့ပါဘူး။ ရုံးဝန်ထမ်းမိဘတွေကတော့ တော်တော်အလုပ်ရှုပ်ကြမှာပါပဲ။ အိမ်မှာနေနေရတဲ့ ကလေးတွေကို ထိန်းရတာကတစ်ဖက်၊ ရုံးအလုပ်တွေကိုလည်း တစ်ဖက်ကနေအချိန်မှီပြီးအောင် မနည်းကို ကြိုးစားလုပ်နေရပါတယ်။

Cara Fields

အခုလည်း ခင်ပွန်းဖြစ်သူအမျိုးသားတစ်ဦးဟာ သူ့ဇနီးသည် ရုံးကလူတွေနဲ့ Video Call Meeting ရှိတဲ့နေ့တွေဆို မိန်းမအနောက်ခပ်လှမ်းလှမ်းမှာနေပြီး ရုပ်တည်ကြီးနဲ့ ထူးထူးဆန်းဆန်း အဝတ်အစားတွေဝတ်ပြီး မျက်နှာပြောင်တတ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Cara Fields

Cara Fileds နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လက်ရှိအခြေအနေအရ အိမ်ကနေပဲ အလုပ်လုပ်နေကြရပါတယ်။ မနက်တိုင်း သားသမီးဖြစ်သူတွေကို တစ်နေ့တာလုပ်ရမယ့် အလုပ်တွေ၊ ကျောင်းသင်ခန်းစာတွေကို သင်ပြပေးပြီးတာနဲ့ လင်မယားနှဏ်ယောက်လုံး ထမင်းစားခန်းထဲမှာ ရှေ့ဆင့်နောက်ဆင့် အလုပ်လုပ်ကြပါတယ်။

READ
မင်းသား Keanu Reeves ခေတ်အဆက်ဆက်အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ထူးဆန်းသီအိုရီများ
Cara Fields
Cara Fields

ဒီလိုအလုပ်အချိန်မှာ Cara Fields တစ်ယောက် Video Call Meeting လုပ်ပြီဆိုတာနဲ့ သူ့ယောက်ျားဟာ ရုပ်တည်ကြီးနဲ့ အဝတ်အစားကောက်လဲပြီး သူ့မိန်းမအနောက်ကခုံမှာ ထိုင်ပြီး အလုပ်လုပ်လေ့ရှိပါတယ်။ မိန်မဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ Cara Fields ရဲ့ ယောက်ျားဒီလိုပုံစံမျိုးကြီးနဲ့ နေပြီး အလုပ်လုပ်နေတာကို Video Call Meeting တိုင်းမှာ အမြဲစနောက်ရယ်မောလေ့ရှိကြောင်း Cara Fields ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Cara Fields

“သူကတော့ Meeting မလုပ်ခင် အကုန်လုံး စိတ်ပျော်ရွှင်အောင်လုပ်ပေးတာလို့ အမြဲပြောတယ်။ သူပြောတာလည်း မှန်ပါတယ်။ အဝတ်အစားတွေကတော့ တစ်နေ့တစ်မျိုးမရိုးဘူး။ အဲဒီအဝတ်အစားတွေကို ဘယ်ကနေဘယ်လို ရှာလာမှန်းတောင် ကျွန်မမသိရဘူး” လို့ Cara Fields က Bored Panda သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

READ
မထင်မှတ်ပဲ အရမ်းချစ်စရာကောင်းနေတဲ့ ရှီဘာအီနူးခွေးလေးတွေရဲ့ဓာတ်ပုံများ
Cara Fields
Cara Fields

Pyi Hein Kyaw

SHARE