အချစ်ဆုံး သူငယ်ချင်းတွေအဖြစ် အတူတူ ကြီးပြင်းလာခဲ့တဲ့ ကြောင်လေးနဲ့Husky ခွေးမလေး

[email protected]_and_woodhouse

ခွေးနဲ့ကြောင်ဆိုတာ များသောအားဖြင့်တွေ့တာနဲ့ တစ်ကောင်နဲ့တစ်ကောင် မာန်ဖီနေတတ်ကြတဲ့အမျိုးတွေပါ။ ကာတွန်းကားတွေထဲမှာကော၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါ များသောအားဖြင့် ရန်ဖြစ်နေကြတဲ့ အမျိုးအနွယ်တွေပါ။ ဒါပေမယ့်  Husky ခွေးမလေးတစ်ကောင်ကတော့ ကြောင်ချစ်သူလေးလို့ ပြောရပါမယ်။

[email protected]_and_woodhouse

Little Raven လို့ အမည်ရတဲ့ Tamaskan Husky ခွေးမလေးဟာ သူနဲ့အတူကြီးပြင်းဖို့ အဖော်တစ်ယောက်လိုနေပါတယ်။ ဒါကို သူ့ရဲ့ပိုင်ရှင်ဖြစ်သူ Christina ကလဲ ရိပ်မိဟန်တူပါတယ်။ ဒါ့ကြောင့်  Christina ဟာ Raven ကို Texas ပြည်နယ်၊ Lubbockမြို့ရှိ တိရစ္ဆာန်ဂေဟာကို ခေါ်ဆောင်လာခဲ့ပါတယ်။

[email protected]_and_woodhouse

“ ကျွန်မရဲ့စိတ်ကူးထဲမှာ ခွေးနဲ့ကြောင်နှစ်ကောင်လုံးကို အတူကြီးပြင်းစေချင်တယ့် ဆန္ဒက ဟိုးအရင်ကတည်းက ရှိပါတယ်။ ဒါပေမယ့် Raven ကော ကြိုက်ပါ့မလားလို့ ဂေဟာရောက်ရောက်ချင်း စိုးရိမ်ခဲ့ရပါတယ်” လို့ Christina က The Dodo သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
သင်္ချာမှာ ချာတူးလန် ညံ့သူလေးများသာ နားလည်နိုင်မယ့် အခက်အခဲ (၁၁) မျိုး
[email protected]_and_woodhouse

ဂေဟာရောက်တဲ့အချိန်မှာတော့ ဂေဟာမှ ကြောင်ကလေး လေးကောက်ထုတ်ပြပြီး Raven အနားကိုခေါ်လာပါတယ်။ ထိုလေးကောင်ထဲမှ Woodhouse လို့အမည်ရတဲ့ ကြောင်လေးတစ်ကောင်ကသာ Raven အနားကိုကပ်လာပြီး ပွတ်သီးပွတ်သပ်လုပ်ပါတယ်။ အဲဒီအချိန်မှ Christina မျှော်လင့်ထားတဲ့အတိုင်း Raven ကလည်း Woodhouse ကို လိုလားဟန်ပြပါတယ်။ အဲဒီအချိန်ကနေပြီး အခုချိန်ထိ Raven နဲ့  Woodhouse တို့ အတူတူကြီးပြင်းလာတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင် အရမ်းချစ်ကြကြောင်း သိရပါတယ်။ “နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကကို အပျောက်မခံကြဘူး။ ရန်ဖြစ်တာကိုမရှိတာ။ ကြည့်လိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက်ပွတ်သပ်နေလိုက်၊ အတူတူကစားလိုက်နဲ့ တကယ်ကို ပျော်ရွှင်နေကြတာ”လို့ Christina က ပြောပြခဲ့ပါတယ်။

 

 

View this post on Instagram

 

Road trip warriors #throwbackthursday

A post shared by Raven and Woodhouse (@raven_and_woodhouse) on

[email protected]_and_woodhouse
[email protected]_and_woodhouse

Pyi Hein Kyaw

SHARE