တောင်ကိုရီးယားတစ်နိုင်ငံလုံး ထိတ်လန့်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှု

Twitter / Korea Herald

(၁၉၈၀)ခုနှစ်နှောင်းပိုင်း တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ထိတ်လန့်ခြောက်ခြားစေခဲ့တဲ့ ကြောက်မက်ဖွယ်ကွင်းဆက်လူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံလို့ယူဆရသူတစ်ဦးကို တောင်ကိုရီးယားရဲတွေက ဖော်ထုတ်နိုင်ခဲ့ပေမယ့်၊ သူ့ကိုစွဲချက်တော့ မတင်နိုင်ခဲ့ပါဘူး။

Gyeonggi ပြည်နယ်၊ Hwaseongမြို့မှာ အသက်(၅၆)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ (၁၉၈၆)ခုနှစ် စက်တင်ဘာ(၁၅)ရက် ကနေ ၁၉၉၁ခုနှစ်၊ ဧပြီ(၃)ရက် အထိ (၅)နှစ်အတွင်း  အသက်(၁၃)နှစ်မှ (၇၁)နှစ်ကြား မိန်းကလေး(၁၀)ဦးကို လည်ပင်းညှစ်၊ အဓမ္မကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ DNAစစ်ဆေးချက်တွေ ထွက်ပေါ်လာခဲ့ပြီး၊ သူ့ကို Hwaseongရဲ့ ကွင်းဆက်လူသတ်သမားအဖြစ် အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။

 

လူသတ်ကောင်က ကောင်မလေးတွေကို သုတို့အကျီနဲ့ပြန်ပြီးလည်ပင်းညစ်သတ်တာကြောင့်  Hwaseongရဲ့လည်ပင်းညှစ်လူသတ်သမားဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူက (၂၀၀၃)ခုနှစ်ကကိုရီးယားရဲ့အအောင်မြင်ဆုံးရုပ်ရှင်ကား “Memories of Murder” အပြင် စိတ္တဇလူသတ်ကားတွေတော်တော်များများက ဒီဖြစ်ရပ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားကြတာတွေပါ။

ကျူးလွန်ခံရသူတစ်ဦးရဲ့အတွင်းခံကနေ သူ့ DNAကို ရရှိခဲ့တာ ဖြစ်တယ်လို့ Korea Times သတင်းစာမှာဖော်ပြထားပါတယ်။

ရဲတွေက သူပြစ်မှုကျူးလွန်ခဲ့တဲ့ (၁၉၉၁)ခုနှစ်ကနေ သူ့အမှုတွေကို စစ်ဆေးလာခဲ့ရာက (၁၅)နှစ်ကြာပြီးနောက်မှာ(ဧပြီ(၂၀၀၆)ခုနှစ်တွင်) လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် သူ့ရာဇ၀တ်မှုကိုတရားစွဲဆိုလို့ မရတော့တာဖြစ်ပါတယ်။ အခုအခါ (၃၃)နှစ်ကြာပြီးမှ DNAပေါ်ထွက်လာတာဖြစ်ပါတယ်။

 

အခုထိ အဖြေမဖေါ်န်ုင်သးတဲ့ပြစ်မှု(၁၀)ခုမှာ (၅)ခုမြောက်၊ (၇)ခုမြောက်နဲ့ (၉)ခုမြောက် ပြစ်မှုသုံးခုဟာသူနဲ့ကိုက်ညီနေပြီး၊ အဲ့ဒီအမှုတွေအားလုံးက ည(၇)နာရီနဲ့(၁၁)နာရီကြားမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးအမှုတစ်ခုက မနက်(၆)နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စွဲချက်တင်လို့မရတော့ဘူးဆိုပေမယ့်လည်း သူ့ကိုလွှတ်ပေးခဲ့တာမဟုတ်ပါဘူး။ ခယ်မဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် လက်ရှိမှာထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားတယ်လို့ တောင်ကိုရီးယားရုပ်သံ KBSက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Gyeonggi Nambu ပြည်နယ်ရဲအရာရှိ Ban Gi-soo က ကာလရှည်ကြာ ဒီအမှုကြီးကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ကိုရီးယားပြည်သူတွေအပြင် သေဆုံးသူတွေနဲ့ သူ့တို့ရဲ့မိသားစုဝင်တွေအားလုံးကို အမှန်တကယ် ၀မ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ဒီထိတ်လန့်ဖွယ်ပြစ်မှုကြီးနဲ့ ပတ်သက်ပြီး အမှန်တရားကို ရှာဖွေဖို့ ကျွန်တော်တို အကောင်းဆုံးကြိုးစားသွားအုံးမှာပါလို့ AFPနဲ့ BBCသတင်း အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

တရားခံက သူမလုပ်ဘူးလို့ငြင်းဆိုထားပြီး၊ သူ့ကို ကြားနာစစ်ဆေးချိန်မှာ သာမန်အကျဉ်းသားတွေလို မဟုတ်ဘဲ တိတ်ဆိတ်ပြီး၊ ဘာစိတ်ခံစားချက်မှမပြတဲ့ ရုပ်ရှင်ဆန်ဆန် သွေးအေးလူသတ်သမား အတိုင်းပဲလို့ ရဲတွေကပြောပြခဲ့ပါတယ်။

Khaing

SHARE