စီးပွားရေးအခြေအနေ ပြန်လည်ဦးမော့လာပြီလို့ ပြောလာတဲ့ Huawei ကုမ္ပဏီ

Huawei စမတ်ဖုန်းကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်တဲ့ ရန်ကျန်းဖေးက ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးတားမြစ်ပိတ်ပင်ခံရတဲ့စာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပြည်ပစမတ်ဖုန်းလုပ်ငန်းကတော့ အခြေအနေကောင်းနေဆဲပဲလို့ ဆိုပါတယ်။ Huawei ဟာ Google ရဲ့ နည်းပညာတွေကို မကြာခင်မှာ အသုံးပြုခွင့်ရပ်ဆိုင်းခံရမှာဖြစ်ပေမယ့် နိုင်ငံခြားဈေးကွက်တွေမှာတော့ Huawei ဖုန်းတွေဟာ ပြန်လည်ဦးမော့လာနေပြီလို့ ရန်ကျန်းဖေးက ပြောပြခဲ့တာပါ။

ရန်က “အရင်တုန်းက Google services တွေနားတော့မယ်လို့ သတင်းထွက်ပြီးနောက်မှာ ပြည်ပဈေးကွက်က လေးဆယ်ရာခိုင်နှုန်းလောက် ကျသွားတယ်။ အခုဆိုရင်တော့ ဈေးကွက်က ပြန်တက်လာတာ တွေ့ရတယ်။ နှစ်ဆယ်ရာခိုင်နှုန်းတော့ ပြန်တက်လာခဲ့ပါပြီ။ အခြေအနေကတော့ တော့်တော့်ကို မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာခဲ့တာပါ…” လို့ ဆိုပါတယ်။

ရန်ရဲ့ အခုလို သုံးသပ်ချက်ဟာ ပြီးခဲ့တဲ့အပတ်က Bloomberg အစီရင်ခံထွက်လာပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Bloomberg အစီရင်ခံစာထဲမှာတော့ Huawei ရဲ့ အပြည်ပြည်ဆိုင်ရာ စမတ်ဖုန်းတင်သွင်းမှုဟာ သန်း (၄၀) ကနေ သန်း (၆၀) အထိကျဆင်းသွားတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ Huawei ဟာ နိုင်ငံခြားဈေးကွက်အပေါ်မှာလည်း မှီခိုအားထားနေရတာဖြစ်ပြီး ကုမ္ပဏီရဲ့ စီးပွားရေးအကျိုးအမြတ်တစ်ဝက်လောက်က အဲဒီကနေလာတာ ဖြစ်ပါတယ်။ မနှစ်တုန်းကတော့ စမတ်ဖုန်းဟန်းဆက် အလုံးပေါင်း (၂၀၆) သန်းကို သင်္ဘောတင်ပို့ခဲ့ရပါသေးတယ်။

ရန်က Huawei ရဲ့ ဖောက်သည်တွေထဲမှာ အချို့ကလည်း Google ၀န်ဆောင်မှုတွေ မပါလို့ မလိုချင်တော့တာမျိုး ရှိသလို အချို့ကလည်း တံဆိပ်အစွဲနဲ့ Huawei က ဘာပဲထုတ်ထုတ် သုံးမယ်ဆိုတာမျိုးတွေလည်း ရှိနေကြောင်း ပြောပြပါတယ်။ (၂၀၁၉) ခုနှစ်ထဲမှာတော့ Huawei ရဲ့ အမြတ်အစွန်းဟာ ခန့်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ (၁၃၅) သန်းကနေ သန်း(၁၀၀) ထိကျဆင်းသွားနိုင်မယ်လို့ ရန်က သုံးသပ်ထားပါတယ်။ ဒါ့အပြင် အင်တာဗျူးအတွင်းမှာလည်း ရန်က အမေရိကန်သမ္မဒေါ်နယ်ထရမ့်ပ်နဲ့ အခွင့်ရပါက ဖုန်းနဲ့စကားပြောချင်သေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။

READ
ကင်ဆာနဲ့သေဆုံးရတော့မှာဖြစ်လို့ သမီးလေးတွေအတွက်မင်္ဂလာဝတ်စုံကြိုရွေးပေးခဲ့တဲ့မိခင်

လင်းလင်း (ShweMom)

SHARE