Hyun Bin နဲ့ Song Hye-kyo တို့ ပြန်တွဲ နေပြီ ဆိုတဲ့ သတင်းတွေ ထွက်လာ

Image:IG/kyo & tvN

ဆောင်ဂျွန်ကီနဲ့ ကွာရှင်းပြီး နောက်ပိုင်း အလုပ်တွေ လုပ် ရင်းနဲ့ Single ဘ၀ကို ဖြတ်သန်း နေတဲ့ ဆောင်းဟေကို ရဲ့ အချစ်ရေး သတင်းတွေ ထွက်လာပါတယ်။သူမနဲ့ သတင်း ထွက်လာ သူ က တော့ တခြားမ ဟုတ်ပါဘူး။တစ်ချိန်က သူ မရဲ့ ရည်းစား ဟောင်း မင်းသား Hyun Bin နဲ့ပါ။ Hyun Bin က တော့ အခုထိ လူပျိုကြီး ဘ၀မှာပဲ ရှိ နေပါ သေး တယ်။Kyo ကတော့ လီဗြောင်ဟွန်း၊ Hyun Bin ၊ ဆောင်ဂျွန်ကီ တို့ နဲ့တွဲခဲ့ဖူးပါတယ်။ဆောင်ဂျွန်ကီ  နဲ့ က တော့ ကွာရှင်းထားပြီး လီ ဗြောင်ဟွန်း ကတော့ မိသားစု ဘ၀ လေးနဲ့ တည်ငြိမ် နေပြီ။ Hyun Bin တစ်ယောက်ပဲ လူလွတ် ကျန် တော့တာပါ။ဒီ အကြောင်းကိုတော့ Asia One မှာ ဖော်ပြထားတာပါ။

Image:Youtube/KBS2

သူတို့  နှစ်ယောက် ဟာ  (၂၀၀၈) ခုနှစ် တုန်းက The World That They Live In ဇာတ်ကားမှာ အတူ တွဲ သ ရုပ်ဆောင် ခဲ့တာပါ။နှစ်ယောက် လုံးက အဲ့ဒီ တုန်းက ဆိုရင် အရမ်းလိုက် ဖက်တဲ့ Hallyu celebrities တွေ ဖြစ်ခဲ့ တာပါ။(၂၀၀၈)တုန်းက တွဲခဲ့ပြီး ချစ်သက်တမ်းက (၄)နှစ် လောက် တောင်ကြာခဲ့တာပါ။ဒါပေမယ့် လည်း ကိုရီးယား  အနုပညာရှင် တွေ လမ်းခွဲရင် ပေးနေကျ ဆင် ခြေ အ တိုင်း တစ်ယောက်နဲ့ တစ်ယောက် အချိန် မ ပေးနိုင် တော့လို့ ဆိုပြီး လမ်းခွဲ ခဲ့ကြပါတယ်။

Image:IG/kyo & tvN

(၂၀၁၁)မှာ တော့ Hyun Bin  ရဲ့ အေဂျင်စီ ကတော့ လမ်းခွဲ သတင်းကို  တရားဝင် ကြေညာခဲ့တာပါ။ Hyun Bin တစ်ယောက် စစ်မှုထမ်းတာဝန် အတွက် ရေတပ်ထဲကို ၀င်သွားပြီး တစ်ရက်အကြာမှာပဲ Kyo နဲ့ လမ်းခွဲ ပြီလို့ ကြေညာခဲ့တာပါ။ Hyun Bin   က (၂၀၁၁) အစော ပိုင်းတုန်းက SBS Drama ဆု ပေးပွဲမှာ  ကျေးဇူးတင်စကား ပြောရာမှာ ဆောင်းဟေကိုကို ထည့် မပြောတည်းက  လမ်းခွဲ လိုက်ပြီလားဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။

READ
ပလတ်စတစ်ဆာဂျရီကြောင့်မဟုတ်ပဲ ပင်ကိုယ်လှတဲ့ ကိုရီးယားမင်းသမီးများ
Image:IG/kyo & tvN

ကျေးဇူးတင်စကားမှာ Kyo ကို ထည့်မ ပြော တာလေးနဲ့ လမ်းခွဲပြီလားလို့ ထင်ရတဲ့ အ ကြောင်းအရင်း ကတော့ ပုံမှန် ဆိုရင် Hyun Bin    က Kyo  အပေါ် အရမ်း ချစ် အရမ်း ဂရုစိုက်တာပါ။တခြားမှာရိုက်ကူးရေးလုပ် နေရင် ခဏ လေး နားတာ နဲ့  ဆောင်းဟေကိုဆီကို မက်ဆေ့ ခ်ျ ပို့၊ဖုန်း ခေါ် နေခဲ့တဲ့ သူပါ။ ရိုက်ကူးရေးပြီးတာနဲ့ Kyo ဆီကို အြေ ပး ပြန်တတ်ခဲ့တဲ့ သူပါ။Fan တွေ ကတော့ သူတို့ နှစ်ယောက်ကို ခုထိ ပြန်တွဲ စေချင် နေတုန်းပါ။ပြန်တွဲ နေပြီလို့ သ တင်းတွေ ထွက်လာ ရတဲ့ အ ကြောင်းအရင်းရှိပါတယ်။ Hyun Bin ရဲ့ stylist က မကြာ သေးမီ တုန်းက ဆောင်းေ ဟကိုရဲ့ IG  ကို Follow လုပ်ခဲ့ ပါတယ်။ဒါ့အပြင် မေလ တုန်းက Kyo တစ်ယောက် IG မှာ တင်ခဲ့တဲ့ ပုံက Hyun Bin တစ်ယောက် နိုဝင်ဘာတုန်းက ရိုက်ကူးရေး သွားလုပ်တဲ့ ရိုက်ကွင်း နေရာ နဲ့ တူ နေပါတယ်။

 

View this post on Instagram

 

Last summer

A post shared by Hyekyo Song (@kyo1122) on

Image:IG/Hyn Bin 

အရင် က ချစ်သူဟောင်းလဲ ဖြစ်ခဲ့ဖူးတဲ့ သူတို့ နှစ်ယောက် တစ်နေရာ တည်းမှာ  အတူ ရှိ နေတာလား ဆိုပြီး သံသယ ၀င် နေကြပါတယ်။ဒါတင် မက သေးပါဘူး။ Kyo   ၀တ်ထားတဲ့ လည်ဆွဲမှာ S နဲ့ H ပုံ ကို တွေ့ ခဲ့ ရပါတယ်။ဒါက သူမရဲ့ နာမည် ပဲ လား သူမနဲ့  Hyun Bin ရဲ့ နာမည်အတို ကောက်ပဲ လားဆိုပြီး အမျိုးမျိုး ပြော နေကြ ပါတယ်။ မင်းသမီး Park Sol-mi က World That They Live In ထဲက သီချင်း စာသားကို IG မှာ “This difficult and tiring love” လို့ Caption ရေး တင်ခဲ့ပါတယ်။Kyo က “Sister, hahaha.” လို့ မန့် ခဲ့ပါတယ်။ဒီလို အချက် တွေ ကြောင့် အားလုံးက  တော့ နှစ်ယောက် ပြန်တွဲ နေပြီလားဆိုပြီး သံသယ ၀င်ေ နကြတာပါ။တကယ်ပဲ တွဲ မ တွဲ ဆိုတာ ကတော့ စောင့် ကြည့်ရ အုံးမှာပါ။

READ
Jackie Chan ရဲ့ အမြင်မတော်တဲ့ Scene တစ်ခုကြောင့် အီရန်ရုပ်သံအကြီးအကဲ အလုပ်ပြုတ်ခဲ့
Image:IG/kyo

 

View this post on Instagram

 

@chaumetofficial 💎@hongjanghyun @ellesingapore @with.hyunkyoung @halolee7 @ansunghee7

A post shared by Hyekyo Song (@kyo1122) on

#SHWEMOM

SHARE