OMEGA ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ Hyun Bin

Image:IG/vast.ent

တောင်ကိုရီးယား မင်းသားချော Hyun Bin က တော့ အမျိုးသမီးထု ရဲ့ တခဲနက် ၀န်းရံအားပေးမှုကို အပြည့် အ၀ ရ ထားသူ ပါ။၁၉၈၂ မှာ မွေးပြီး အသက်က တော့ ၃၈ နှစ်ရှိနေ ပါပြီ။ Hyun Bin က တော့ Swiss luxury watch brand OMEGA ရဲ့ global ambassador အဖြစ် ခန့် အပ်ခံလိုက်ရပါတယ်။ဒီအကြောင်းကိုတော့ Hyun Bin ရဲ့  agency VAST Entertainment ရဲ့ တရားဝင် Instagram အ ကောင့်မှာ နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာလိုက်တာပါ။ဒီသတင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by VAST엔터테인먼트 (@vast.ent)


Hyun Bin က တော့ OMEGA ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံး ကိုရီးယား လူမျိုးပါ။ Ambassador သစ် ဖြစ်လာ တဲ့ Hyun Bin က တော့ OMEGA နာရီ အမိုက်စားတွေကို ပတ်ပြီး ဓါတ်ပုံ တွေ ရိုက်ကူး ပေးခဲ့ပါတယ်။OMEGA ရဲ့  CEO Raynald Aeschlimann က တော့ Hyun Bin ကို Global Ambassador အဖြစ် ရွေးချယ်ရတာ နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။”

 

View this post on Instagram

 

A post shared by VAST엔터테인먼트 (@vast.ent)

“Hyun Bin မှာ  ထူးခြားတဲ့ စွမ်းရည်ရှိတယ်။ဒါကို အသုံးချပြီး ပေါ် လွင် ထင်ရှားတဲ့ လူ တစ်ယောက် ဖြစ် နေတယ်။သူလိုချင်တဲ့ Character ကို ယုံကြည်မှု ရှိရှိ နဲ့ ပုံဖော်နိုင်တယ်။သူ့ရဲ့ ထူးချွန်မှု နဲ့ အနုပညာအလုပ်အပေါ် ကောင်းတဲ့ အချက် တွေကို ကျွန် တော် တို့ ဘက်က တွေ့ရတယ်၊ဒီတန်ဖိုးတွေ ကို OMEGA က ဝေမျှ ပေးချင်တယ်။အပြစ်အနာအဆာမဲ့ ပြီး Perfect ဖြစ် တဲ့ မင်းသား မျိုး မို့ OMEGA ရဲ့ ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ နာရီ တွေနဲ့ လက်တွဲ အလုပ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် တို့ဘက်က ယုံကြည်မှု ရှိတယ်..”  လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Börbon Magazine (@borbonmagazine)

OMEGA ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံရတာနဲ့ ပတ်သက်ပြီး Hyun Bin က. OMEGA ဆိုတာ က မျိုးဆက် တွေ အများကြီး ကို ကျော်ဖြတ်ပြီး တီထွင်ကြံဆ မှုတွေ ကို လုပ်လာခဲ့တဲ့ ၊သမိုင်းမှာ ပထမ ခြေလှမ်းတွေ အများကြီး လှမ်းလာခဲ့တဲ့ Brand တစ်ခု ဖြစ် ကြောင်း၊ Ambassador တစ် ယောက် အနေနဲ့ လည်း  OMEGA ရဲ့ အတွေးအခေါ်တွေ၊မက်ဆေ့ခ်ျ တွေကို သုံးစွဲသူတွေ ထံကို ပို့ ဆောင် ပေးသွား မယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by VAST엔터테인먼트 (@vast.ent)

Hyun Bin က တော့ ကိုရီးယား အနုပညာလောကမှာ နာမည်ကြီး ထိပ်တန်း မင်းသား အဖြစ် ရပ်တည်လာတာ ကြာခဲ့ပါပြီ။နောက်ဆုံး ထုတ်လွှင့်ပြသထားတဲ့ “Crash Landing on You,” ဆိုတဲ့ ဇာတ်ကား ဆိုရင် လည်း အရမ်းကို  နာမည်ကြီး ခဲ့ပါတယ်။ဇူလိုင်တုန်းက ဆိုရင်လည်း “Bargaining” ဆိုတဲ့ ဇာတ်ကားရိုက်ကူးရေး အတွက် ဂျော်ဒန် ကို သွားခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by VAST엔터테인먼트 (@vast.ent)

#SHWEMOM

SHARE