ငွေကြောင့် ချစ်သူကိုသစ္စာဖောက်ပြီး ဘော့စ်နဲ့မှားဖူးပါတယ်..ချစ်သူကို ဖွင့်ပြောသင့်ပါသလား?

Dear Shwemom

Shwemom သတင်းမီဒီယာ page မှာ ဒီကဏ္ဍလေးပါလာတဲ့အတွက် ကျွန်မ အရမ်းဝမ်းသာပါတယ်။ လူသိမခံစေလိုတဲ့ ကိစ္စရပ်တွေမှာ မူရင်းအမည်တွေကို အသုံးမပြုပဲ၊ အကျိုးရှိတဲ့အဖြေတွေကို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အခု ကျွန်မ ပြောချင်တာက ကျွန်မအကြောင်းပါ။ ကျွန်မက နယ်ကနေ ရန်ကုန်မှာ လာရောက်အလုပ်
လုပ်ကိုင်နေပါတယ်။ အခု အသက် 26 နှစ်ရှိပါပြီ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ခရီးစဉ်တစ်ခုမှာ ဘော့စ်နဲ့ တစ်ကြိမ်မှားယွင်းခဲ့ဖူးပါတယ်။ ကျွန်မမှာ တရားဝင် ချစ်သူရှိပါတယ်။
ပြောရရင် အဲဒီအချိန်တုန်းက ငွေကိုပဲ တစ်ကမ္ဘာလို့ထင်နေခဲ့တဲ့အချိန်ပါ။ တကယ်လည်း ဘော့စ်က ကျွန်မနာမည်နဲ့ ခြံ
တစ်ကွက်ဝယ်ပေးထားပါတယ်။ သူ့ဘက်ကလည်း အစောင့်အရှောက် မပျက်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ အဲဒီခြံကိုလက်မခံရဲဘူး။ ကိစ္စတွေ အကုန်ပေါ်သွားမှာ စိုးလို့ပါ။

အဲဒီကိစ္စ ပြီးကာမှ သိပ်ကို သန့်စင်တဲ့ ကျွန်မချစ်သူကို ကျွန်မ ပိုချစ်လာမိတယ်။ သူ့ကို ဒီအတိုင်း လက်တွဲဖို့ ကျွန်မ မ၀ံ့ရဲဘူး။ ဒီအမှားကြီးနဲ့ တစ်သက်လုံးနေရရင်လည်း စိတ်ဖြောင့်မှာ မဟုတ်ပါဘူး။ ချစ်သူကို အမှန်အတိုင်း ဖွင့်ပြောသင့်ပါ
သလား … ဘာဆက်လုပ်ရမလဲ အကြံပေးပါဦး။

READ
ကျွန်မရည်းစားရဲ့အစ်ကိုကို စိတ်ဝင်စားမိနေတယ်။ ဘယ်လိုလုပ်သင့်ပါလဲ?

Shwemom မှ စာပြန်အပ်ပါတယ် …

အခုဖြစ်နေတဲ့ ပြဿနာက ငွေကြေးနဲ့ နှလုံးသား အနိုင်တိုက်ခိုက်ကြချိန်မှာ ငွေကြေးကို ဦးစားပေးမိတဲ့ အခိုက်အတန့်မှာ ပြင်လို့မရတော့တဲ့ အမှားကို မှားမိတာပါဘဲ။ ပြင်လို့ရတဲ့ အမှားတွေ ရှိသလို ပြင်လို့ မရတဲ့ အမှားတွေလည်း ရှိပါတယ်။ အခုလိုအမှားမျိုးက နဂိုကလို အကောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်လို့မရတာ သက်သေပါဘဲ။ ဒီတော့ အမှားတိုင်းမှာလည်း သင့်တော်တဲ့ တန်ဖိုးတွေ ပေးဆပ်ရတတ်ပါတယ်။ ဒါကို အမှားကျူးလွန်ခဲ့တဲ့ သင့်ဘက်က လက်ခံရပါလိမ်မယ်။

အမှားအတွက် သင့်တော်တဲ့ တန်ဖိုးကို ပေးဆပ်ရတယ်ဆိုတာကို ဥပမာလေးနဲ့ ပြောရရင် လူသတ်မှုပေါ့ .. တစ်ချို့လူသတ်မှုတွေက ရက်စက်လွန်းမက ရက်စက်ကြတယ် … ဒီအတွက် တရားရုံးက သေဒဏ်ကျခံစေ အမိန့်ချမှတ်လိုက်တယ် … သေဒဏ်ပေးခံရတဲ့ တရားခံကတော့ သူလုပ်တဲ့ ပြစ်မှုနဲ့နှိုင်းယှဉ်ရင် ဒါကို မတရားဘူးလို့ ထင်မှာပါဘဲ … ဒါပေမယ့် သေဆုံးသူရဲ့ စိတ်ထဲမှာတော့ ကောင်းတယ် … ငါတို့သား ငါတို့သမီး သေသလို ဒင်းသေပြီလို့ သတ်မှတ်ပြီး … တရားမျှတတယ်လို့ ယူဆတတ်ကြပါတယ်။

READ
Gymကတစ်ယောက်နဲ့ အိမ်ကမိန်းမမသိအောင်ဖောက်ပြန်မိနေတယ်။ ဘာလုပ်သင့်ပါသလဲ?

ဒီတော့ သေချာတာတစ်ခုက အမှားတစ်ခုကို ၀န်ခံတဲ့အခါ … အပြစ်အကြီးအသေးကို အမှားလုပ်သူက ဆုံးဖြတ်ခွင့် မရှိပါဘူး … အမှားအလုပ်ခံရတဲ့သူက စိတ်ကြိုက်ဆုံးဖြတ်မှာပါ … ဒီအတွက် သင်ကိုယ်တိုင်က ခံနိုင်ရည်ရှိပြီလား … ဒီလိုကိစ္စမျိုးဆိုတာ အခုရှုပ်မှ နောင်ရှင်းမို့ ရိုးရိုးသားသားရှင်းလင်းချင်တယ်ဆိုရင် ရှင်းလင်းထားသင့်တဲ့ အချက်ပါဘဲ … ဒါပေမယ့် စောစောက ဥပမာအတိုင်း .. သင့်ကို ကောင်လေးက ဒီအပြစ်ကြောင့် ထားခဲ့မယ်ဆိုရင်လည်း ဒါ မတရားဘူး … မမျှတဘူးလို့ စိတ်ထဲကနေ မတွေးနိုင်အောင် အရင်ကြိုးစားပါ။ သတ္တိအပြည်ရှိတယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းပါလို့ ပြောလိုက်ပါရ
စေ။ နောက် မှားခဲ့ဖူးတဲ့ သူဌေးနဲ့လည်း ကင်းကင်းနေဖို့ ဆုံးဖြတ်ပါ။ ဟိုလည်း မလွှတ်ချင် .. ဒါလည်း ဖမ်းဆုပ်ထားချင်တဲ့ စိတ်ကိုတော့ မမွေးပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။

မေတ္တာဖြင့် …

Shwemom

SHARE