အဖွဲ့ဝင် (၂)သိန်းကျော်အထိ ရှိလာတဲ့ တရုတ်နံနံ မုန်းတီးသူများရဲ့ Facebook Page

IHateCoriander/Facebook

တရုတ်နံနံကို အင်္ဂလိပ်လို Coriander လို့ ခေါ်ကြပြီး၊ မြန်မာတွေအသုံးများတဲ့ နံနံပင်ကိုတော့ Celery လို့ ခေါ်ကြပါတယ်။ Celery ကို ရှမ်းနံနံလို့လည်း ခေါ်ကြသလို၊ တစ်ချို့ကတော့ အဲဒီနံနံပင်ကိုပဲ မြန်မာနံနံ၊ ဗမာနံနံလို့ ဒေသအလိုက် ခေါ်တတ်ကြပါတယ်။ အခု တရုတ်နံနံမုန်းတီးသူများအတွက် I Hate Coriander ဆိုတဲ့ Facebook Page လေးက ထူးခြားပါတယ်။

အဲဒီ Page ကို Like လုပ်ထားသူ (၂၂၄၁၃၅)အထိ ရှိပြီး၊ ဒီ Page ကို လေ့လာခြင်းအားဖြင့် တစ်ချို့တော်တော်များများဟာ တကယ်ပဲ တရုတ်နံနံကို မုန်းတီးကြတယ်ဆိုတာ မြင်သာစေမှာပါ။ လူမှုကွန်ရက်တွေရဲ့ အားကောင်းလာသည်နှင့်အမျှ ဒီလို တူရာတူရာ စုကြတဲ့ Page တွေ Group တွေပေါ်လာတာကလည်း သိပ်တော့ အဆန်းမဟုတ်ပါဘူး။

They say ‘a picture is worth a thousand words’… We’d say this one would speak 10 times that. Get in the fucking bin 🚮🖕🏽🌿

Posted by I Hate Coriander on Tuesday, 6 August 2019

ဒီ Page ပေါ်မှာတော့ သူတို့ဟာ တရုတ်နံနံကို ဘယ်လောက်ထိ မုန်းသလဲဆိုတာ မြင်သာအောင် ပုံတွေ၊ Meme တွေနဲ့ တင်ပြလေ့ရှိပြီး၊ တော်တော်များများသော ပို့စ်တွေဟာ အတော်လေးကို ထောက်ခံမှုတွေ ရနေတာကို တွေ့ရပါတယ်။ လူတစ်ယောက်ဆိုရင် တရုတ်နံနံအခင်းကြီးကို နောက်ခံထားပြီး လက်ခလယ်ထောင်ပြနေတာကို တွေ့ရပါတယ်။

လူတစ်ယောက်ကတော့ တရုတ်နံနံကို သူဘယ်လောက် မုန်းသလဲဆိုရင် “ F**k Coriander ”ဆိုတဲ့ စာသားကိုတောင် Tattoo ထိုးထားတာ တွေ့ရပါတယ်။ Meme တစ်ခုမှာတော့ “ တကယ်လို့ တရုတ်နံနံသာ နေ့တွေထဲက တစ်ခုဖြစ်ရင် … အဲဒါဟာ တနင်္လာပဲ ဖြစ်လိမ့်မယ် ”လို့တောင် ရေးထားပါတယ်။

Mondays suck just as much as Coriander.

Posted by I Hate Coriander on Sunday, September 1, 2019

ဒီ Page ကို သြစတေးလျ၊ ဆစ်ဒနီမှာနေထိုင်တဲ့ Jack Bailey က တည်ထောင်ထားတာဖြစ်ပြီး၊ လူတွေအနေနဲ့ သူတို့ တရုတ်နံနံကို ဘယ်လောက်အထိ မုန်းတီးကြောင်းကို ပြသဖို့ လမ်းဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီလို လူတွေဘာကြောင့် တရုတ်နံနံကို မုန်းတီးတာလဲဆိုတာကို 23andMe အမည်ရ မျိုးဗီဇစမ်းသပ်ရေးကုမ္ပဏီကြီးက စစ်တမ်းကောက်ယူခဲ့ပါတယ်။

လူပေါင်း(၅၀၀၀၀)လောက် စစ်တမ်းမှာ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ရလဒ်ကလည်း ထူးခြားပါတယ်။ တရုတ်နံနံမုန်းသူ/ တရုတ်နံနံကို သဘောကျသူတွေနဲ့ ဆက်စပ်တဲ့ Soapy-testing ကနေတစ်ဆင့် ကွဲပြားတဲ့ မျိုးဗီဇတစ်ခုကို တွေ့ခဲ့ရတာပါ။ နံနံပင်ရဲ့ရနံကို ဖြစ်စေတာက Aldehydes ဓာတ်ပေါင်းတွေကြောင့်ဖြစ်ပြီး၊ အဲဒီဓာတ်ပေါင်းတွေထဲမှာ အသားထူခြင်း၊ အစိမ်းရောင်ဖြစ်စေခြင်း၊ ဆပ်ပြာကဲ့သို့ ဓာတ်တစ်မျိုးနဲ့၊ ပျစ်ပျစ်နှစ်နှစ် စူးရှတဲ့အနံ့တွေ ပါဝင်တယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE