ချစ်သူရှိဖို့လိုအပ်နေပြီလို့ယူဆရင် သင့်ကိုယ်သင်ပြန်ပေးသင့်တဲ့မေးခွန်းများ

ယောက်ျားလေးတွေအနေနဲ့ချစ်သူထားတော့မယ်ဆိုရင်ကိုယ့်ကိုယ်ကိုယ်မေးခွန်းလေးတွေပြန်မေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတွေဟာRelationshipလေးတစ်ခုမှာအရာရာကိုဦးဆောင်ပြီးရှေ့ဆောင်လမ်းပြရမယ့်သူတွေပါ။ဒါကြောင့်ပျော်ရွှင်စရာကောင်းတဲ့Relationshipတစ်ခုတည်ဆောက်နိုင်ဖို့  ယောက်ျားလေးတွေအနေနဲ့ချစ်သူမထားခင်အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်တဲ့မေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ချစ်သူကို အချိန်ပေးနိုင်ပြီလား

ချစ်သူထားပြီဆိုရင်ချစ်သူအတွက်အချိန်ပေးရတော့မယ်။အနည်းဆုံးတစ်နေ့တစ်ခါလောက်တော့ချစ်သူနဲ့ဆုံဖို့လိုအပ်ပါတယ်။ဒါပေမယ့်နဂိုကတည်းကသင်ကအလုပ်များတဲ့သူဆိုရင်ချစ်သူအတွက်အချိန်မပေးနိုင်တာဟာသင်တို့အချစ်ရေးမှာအနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။ဒီကြားထဲချစ်သူနဲ့လည်းညှိလို့မရဘူးဆိုရင်သူ့အတွက်ရောကိုယ့်အတွက်ပါ ပျော်ရမှာမဟုတ်ပါဘူး။

 

လွတ်လပ်မှုကို သင်လက်လွှတ်နိုင်ပြီလား

 ယောက်ျားလေးအများစုက ချစ်သူကြောင့်သူတို့ရဲ့လွတ်လပ်မှုတွေဆုံးရှုံးရတယ်လို့မြင်နေတတ်ကြပါတယ်။ဒီလိုမြင်နေတာ အချစ်ရေးအတွက်မကောင်းနိုင်ပါဘူး။သူစိမ်းနှစ်ယောက်ပေါင်းဖက်ခြင်းဟာမိသားစုအရေး၊လူမှုရေး၊စီးပွားရေး၊ ပျော်ဖို့ရွှင်ဖို့ ဆိုတဲ့များပြားလွန်းတဲ့ဘ၀ရဲ့လုပ်ငန်းတာဝန်တွေကိုအတူတူခွဲဝေထမ်းဆောင်ကြခြင်းဖြစ်ပါတယ်။ဒီအချိန်မှာသင်ကတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေဖို့ပဲစဉ်းစားနေသေးတယ်ဆိုရင်တော့သင်ဟာတာဝန်မကျေသူတစ်ယောက်ဖြစ်သွားနိုင်သလို သင်တို့ရဲ့ပတ်သက်ဆက်နွယ်မှုကလည်း အဓိပ္ပာယ်ရှိမှာမဟုတ်တော့ပါဘူး။

ချစ်သူလက်ကိုတွဲပြီးအပေါင်းအသင်းတွေရှေ့မှာနေပြဖို့ အဆင်သင့်ဖြစ်ပြီလား

ဒီအချက်ကိုချစ်သူထားဖို့ရည်ရွယ်နေတဲ့ယောက်ျားလေးအများစုမတွေးမိကြပါဘူး။ဒါပေမယ့်ဒီအချက်ကသင်တို့အချစ်ရေးသာယာလှပဖို့အရေးကြီးတဲ့အချက်တစ်ချက်ပါ။သူငယ်ချင်းတွေဘေးမှာဝိုင်းဝိုင်းလည်နေတဲ့ကောင်မလေးတွေနဲ့ပတ်သက်ပြီးသင်ဘယ်လိုခံစားရသလဲ။အဲဒီလိုပဲသင့်ကောင်မလေးနဲ့ပတ်သက်ပြီးသင့်သူငယ်ချင်းတွေသဘောထားတဲ့အတိုင်းသင်လက်ခံဖို့အဆင်သင့်ဖြစ်ပြီးလား။အဲ့လိုမဟုတ်ဘဲသင့်ချစ်သူကိုသူငယ်ချင်းတွေရှေ့မှာရှက်ရွံ့အားငယ်နေစေမယ်၊သင်ကိုယ်တိုင်လည်းဒါငါ့ချစ်သူလို့ပြောပြီးရဲရဲဝံ့ဝံ့တွဲပြဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်ချစ်သူမထားသေးတာပဲကောင်းပါတယ်။

Sexကိစ္စထက် အချစ်ကိုပိုပြီးအသိအမှတ်ပြုနိုင်ပြီလား

ချစ်သူ၊အိမ်ထောင်ဘက်ဆိုတာ ပိုက်ဆံမပေးရတဲ့ sex partnerပဲဆိုပြီးသိမ်ဖျင်းတဲ့ခံယူချက်နဲ့ခပ်ညံ့ညံ့ယောက်ျားတွေ အများကြီးရှိနေပါတယ်။အဲဒီအထဲမှာ သင်မပါဖို့ကိုယ်တိုင်သတိထားမိရဲ့လား။ချစ်သူထားရင် sex ကိစ္စပါလာမှာပဲဆို တဲ့မျှော်လင့်ချက်တွေရှိပေမယ့် အချိန်တိုင်းလျစ်လျူရှုနိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေး ဖို့လိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အချစ်ကိုတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို sexကိစ္စဦးစားပေးဖို့တိုက်တွန်းမယ်ဆိုရင် သင့်အ တွက် အချစ်စစ်ဆိုတာ နောက်ထပ်တွေ့ရဖို့မသေချာတော့လို့ပါပဲ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lovepanky.com

SHARE