ယောင်္ကျားပေါင်း(၁၃၀)ကျော်နဲ့အိပ်ဖူးတဲ့ လိင်ကိစ္စစွဲလန်းလွန်းသူ အမျိုးသမီးရဲ့ဘဝ

Twitter

ဖရန်ကီ ကွန်ဆီဒိုင်း ဆိုတဲ့အမျိုးသမီးက အသက် (၂၈)နှစ်ရှိပါပြီ။ သူမက အင်္ဂလန်နိုင်ငံ၊ ဘရိုက်တန်မြို့မှာ နေထိုင်သူ ဖြစ်ပြီး စိတ်ကျရောဂါနဲ့ တခြားလူမှုရေးပြဿနာတွေကြောင့် လိင်ကိစ္စကို စွဲလန်းလွန်းသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သူပါ။

သူမက အသက် (၂၈)နှစ်အရွယ်မတိုင်ခင်မှာ ယောင်္ကျားပေါင်း (၁၃၀)ကျော်နဲ့ အိပ်ခဲ့ဖူးသူဖြစ်ပြီး တချို့ရက်တွေမှာတော့ ယောင်္ကျား(၄)ယောက်နဲ့ တစ်နေ့တည်း အိပ်ခဲ့ဖူးသူပါ။

ဖရန်ကီရဲ့ အသက် (၁၃)နှစ်အရွယ်မှာပဲ မိဘတွေက လမ်းခွဲလိုက်ကြပြီး ဖရန်ကီ က မိခင်ဖြစ်သူနဲ့ လိုက်ပြီး နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက် အသက် (၁၄)နှစ်အရွယ်မှာတော့ သူမရဲ့ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ရပြီး အင်တာနက်မှာ တွေ့ခဲ့သူ တစ်ယောက်နဲ့ ငြိစွန်းခဲ့တာပါ။

သူမအသက် (၁၇)နှစ်မှာတော့ မိခင်ဖြစ်သူ ကင်ဆာနဲ့ဆုံးပါးသွားခဲ့လို့ ကျောင်းထွက်ခဲ့ရပြီး ဘာလုပ်ရမှန်းမသိပဲ လမ်းပျောက်သွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ စိတ်ကျရောဂါတွေ၊ လူမှုရေးပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး လိင်ကိစ္စအပေါ် အလွန်အကျွံစွဲလန်းမှု ဖြစ်လာတော့တာပါပဲ။

READ
နေ့တိုင်းနီးပါး သူမရဲ့တင်ပါးကြောင့် ငိုကြွေးခဲ့ရတဲ့ Kim Kardashian

ဖရန်ကီတစ်ယောက် အသက် (၁၇)နှစ်ပြည့်ပြီးတဲ့နောက် (၃)နှစ်အတွင်းမှာ ယောင်္ကျားပေါင်း (၈၀)ကျော်နဲ့ အိပ်စက်ခဲ့ပြီး တချို့နေ့တွေမှာ တစ်ယောက်ထက်ပိုတဲ့ ယောင်္ကျားတွေနဲ့ အိပ်စက်ခဲ့တယ်လို့ ဖရန်ကီ က ဆိုပါတယ်။

အဲဒီနောက် သူမကိုယ်သူမ လိင်ကိစ္စကို အလွန်အကျွံစွဲလန်းနေကြောင်း သတိထားမိခဲ့ပြီး စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ကုသခဲ့ပေမယ့် အဲဒီစွဲလန်းမှုကြီးကို မောင်းထုတ်လို့မရနိုင်ခဲ့ပါဘူး။

ဖရန်ကီ က ယောင်္ကျားပေါင်းများစွာနဲ့ ဆက်ဆံခဲ့ပေမယ့် အကာအကွယ်ပစ္စည်းတွေအသုံးပြုတာ၊ ဆေးသောက်တာမျိုး တစ်ကြိမ်မှ မလုပ်ခဲ့ပါဘူး။ သူမအတွက် ကံကောင်းတာတစ်ခုက လိင်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်မလာခဲ့တာပဲဖြစ်ပြီး တစ်ကြိမ်မှာတော့ ကိုယ်ဝန်ရခဲ့လို့ ဖျက်ချခဲ့ရပါသေးတယ်။

READ
သေပြီထင်နေရာမှ အသုဘအခမ်းအနားမှာ အံ့သြဖွယ် သတိပြန်လည်လာတဲ့ ကလေးမလေး

စိတ်ကုဆရာဝန်နဲ့ပြသနေစဉ်မှာပဲ ဖရန်ကီတစ်ယောက် သူမရဲ့အိမ်ကို ပုံမှန်ရောက်လာတတ်တဲ့အမျိုးသား တစ်ယောက်နဲ့ နေ့စဉ်နီးပါး ဆက်ဆံဖြစ်ခဲ့ပြီး ကိုယ်ဝန်ရသွားခဲ့တာပါ။

(၂၀၁၈)ခုနှစ်နောက်ပိုင်းမှာတော့ ဖရန်ကီ တစ်ယောက် စိတ်ကုဆရာဝန်အသစ်တစ်ယောက်ဆီ ပြောင်းလဲပြသခဲ့ပြီး သူမရဲ့ စွဲလန်းမှု ပြဿနာက တော်တော်လေး ကောင်းမွန်သက်သာလာခဲ့တာပါ။

ဖရန်ကီ က သူမရဲ့ ဒီလိုစွဲလန်းမှုဟာ သူမရဲ့မှားယွင်းမှုကြောင့်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအခြေအနေ တချို့ကြောင့် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ သူမအနေနဲ့ ပုံမှန်လူတစ်ယောက်အတိုင်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း TheSun နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

သူမက လက်ရှိအချိန်မှာ တရားထိုင်တာတွေ၊ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေလည်း ခံယူနေဆဲဖြစ်ပြီး သူမမှာ အလုပ်တစ်ခုလည်း ရှိလို့နေပါပြီ။

ဒါပေမယ့် သူမ က Dating ၀က်ဆိုက်တွေကနေ သူမရဲ့ ဖူးစာရှင်အစစ်ကို ရှာဖွေနေဆဲဖြစ်ပြီး တစ်နေ့မှာတော့ တကယ်စစ်မှန်တဲ့တစ်ယောက်ကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲပါ။

Linn

SHARE