ချစ်သူထားဖို့စဉ်းစားနေပြီဆိုရင်ပြီးပြည့်စုံတဲ့လက်တွဲဖော်ရဖို့လုပ်သင့်တဲ့အရာများ

ဘ၀မှာဘယ်လောက်ထူးချွန်ထက်မြက်ပြီးပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်ဖြစ်ပါစေ၊အချိန်တန်ရင်နားခိုစရာရင်ခွင်တစ်ခုကို တော့လိုချင်ကြတာချည်းပါပဲ။ဒါပေမယ့်ကိုယ်နားခိုမယ့်ရင်ခွင်ဟာအများပိုင်မဟုတ်ဘဲကိုယ်တစ်ဦးတည်းပိုင်တဲ့ သေချာတဲ့ရင်ခွင်တစ်ခုဖြစ်ဖို့တော့လိုပါတယ်။ဒါ့အပြင်ကိုယ့်ရဲ့အောင်မြင်မှု၊ကျရှုံးမှု၊အားနည်းချက်၊အားသာချက်တွေကိုတူတူမျှဝေခံစားပေးနိုင်တဲ့သူဖြစ်ဖို့လည်းလိုပါတယ်။မိန်းကလေးတစ်ယောက်အနေနဲ့ဒီလိုပြီးပြည့်စုံတဲ့လက်တွဲဖော်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်နိုင်ဖို့ ဘာတွေသိထားဖို့လိုသလဲဆိုတာ Shwemomကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁)ပြောင်းလဲမှုအတွက်အသင့်ပြင်ထားပါ

သင့်အနေနဲ့ တည်ငြိမ်အေးဆေးပြီး ပြီးပြည့်စုံတဲ့ ချစ်သူမျိုးကိုလိုချင်တယ်ဆိုရင်တော့ရေရှည်ကိုကြည့်ဖို့လိုပါတယ်။ဆိုလို တာမိန်းကလေးတစ်ယောက်အတွက်လက်တွဲဖော်ဆိုတာ တစ်ဘ၀စာအတွက်အရေးကြီးတဲ့သူဖြစ်လို့ကိုယ်ရွေးချယ်မယ့်သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူတွေကိုပါထည့်ပြီးစဉ်းစားဖို့လိုပါတယ်။မျက်တောင်တစ်ဆုံးမကြည့်ဘဲမျက်စိတစ်ဆုံးကြည့်ရမယ့် သဘောပါ။ပြောင်းလဲလာတဲ့အပြောင်းအလဲတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

၂)သင့်ရဲ့တောင်ပံတွေကိုဖြန့်ထားပါ

ဒီအချက်ရဲ့ဆိုလိုရင်းကတော့သင်ရွေးချယ်မယ့်သူကသင်နဲ့စိတ်ဝင်စားတဲ့နယ်ပယ်ချင်းတူတဲ့သူဖြစ်နိုင်သလိုကွဲပြားတဲ့သူလည်းဖြစ်နိုင်တယ်။ဒီလိုမတူညီတဲ့နယ်ပယ်ကလူတွေနဲ့ယှဉ်ရင်သင့်ရဲ့အရည်အချင်းပင်ကိုယ်စွမ်းရည်တွေမြင့်နေဖို့လိုပါတယ်။ဒါကြောင့်ပြီးပြည့်စုံတဲ့ချစ်သူကိုပိုင်ဆိုင်ဖို့ဆိုရင်ကိုယ်ရည်ရွယ်ထားတဲ့သူနဲ့ဆက်နွယ်နေတဲ့နယ်ပယ်သာမကကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်း လူမှုဆက်ဆံရေးနယ်ပယ်ကိုပါ ချဲ့ထွင်သွားဖို့လိုပါတယ်။

၃)သေချာတယ်ဆို… စောင့်ပါ

သင်သဘောကျတဲ့သူကို တွေ့ပြီလား၊အဲဒီတစ်ယောက်ကိုသင့်ရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့သင့်ရဲ့စိတ်ကသေချာနေပြီလားဒါမှမဟုတ်သင့်ရဲ့နှလုံးသားကအပြည့်အ၀လက်ခံပြီလား။ဒါဆိုရင်တော့အလောသုံးဆယ်မကြိုးစားဖို့တိုက်တွန်းပါရစေ။သင့်ရဲ့စိတ်ရှည်သည်းခံမှုက သင့်အတွက်အကောင်းဆုံးတွေယူဆောင်လာပေးမှာပါ။

၎)ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ

အဲဒီလိုသူ့အကြောင်းကိုစုံသလောက်သိနေပြီဆိုရင်သူကိုယ်တိုင်ကကိုယ့်ကိုယ်သတိမထားမိသေးဘူးဆိုရင်တော့သူနဲ့ကိုယ်ကြားကရင်းနှီးမှုအဆင့်တွေကိုကိုယ်တိုင်တည်ဆောက်ရပါမယ်။အဲဒီအတွက်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အတွက်သင့်ကိုစွဲဆောင်မှုရှိစေပါတယ်။ရှက်တာ၊မ၀ံ့မရဲဖြစ်တာတွေကသင့်ကိုအားနွဲ့တဲ့အသွင်ကိုဆောင်စေလို့ရှောင်သင့်ပါတယ်။တစ်ခုသတိထားရမှာကရဲတင်းမှုရှိခြင်းနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းရဲ့ကွဲပြားမှုကိုတော့သိဖို့လိုပါတယ်။

၅)ကောင်းစွာသိထားဖို့လိုတယ်

မိန်းကလေးတစ်ယောက်အနေနဲ့တစ်ဘ၀စာ ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားထားတဲ့သူရဲ့အကြောင်း ကို သေချာသိထားဖို့လိုပါတယ်။သူနဲ့ အပေါ်ယံလူမှုဆက်ဆံရေးအရပဲဖြစ်ဖြစ်၊သူနဲ့ အတော်အသင့်စကားတွေပြောဖူးတယ် ဆိုရုံနဲ့သူ့အကြောင်းကို အတည်ပြုသတ်မှတ်လို့မရပါဘူး။သူဟာတစ်ချိန်မှာ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်လာ မှာဖြစ်တဲ့အတွက်ကိုယ်ဆက်ဆံရမယ့်သူနဲ့ပတ်သက်တဲ့အသိုင်းအ၀ိုင်း၊သူ့ရဲ့အလုပ်၊စိတ်နေသဘောထား၊ဘ၀အတွက်ခံယူချက်စသဖြင့် အားလုံးကိုလေ့လာအကဲခတ်ဖို့လိုပါတယ်။

၆)အချစ်ကို မျှဝေလက်ခံလာအောင်သင်ယူပါ

တကယ်တော့အချစ်မှာ ယောက်ျားလေးကစချစ်ရမယ်၊မိန်းကလေးကစချစ်ရမယ်ဆိုတာမျိုးခွဲခြားထားခြင်းမရှိသလိုစည်းကမ်းသတ်မှတ်ထားလို့လည်းမရပါဘူး။တကယ်ချစ်တတ်လာပြီဆိုရင်ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။အဲဒီလိုပိုင်ဆိုင်ရဖို့လည်းကြိုးစားသင့်ပါတယ်။သင်ကမိန်းကလေးတစ်ယောက်ဖြစ်နေလို့အချစ်ကိုပိုင်ဆိုင်ရဖို့မကြိုးစားသင့်ဘူးလို့တွေးနေလား၊ဒါဆိုရင် အဲဒီအတွေးကိုမြန်မြန်အဆုံးသတ်ပြီး ကိုယ့်ရဲ့အချစ်တွေကိုသူ ကိုယ်တိုင်မျှဝေခံစားလာနိုင်ဖို့ကြိုးစားသင့်ပါပြီ။ သင့်ရဲ့အပြုံး၊ သူ့အပေါ်ဦးစားပေးမှု၊အလေးထားမှုနဲ့၊ရင်းနှီးမှုရအောင်ကြိုးစားမယ်ဆိုရင် သူနဲ့အတူ အချစ်တွေကိုမျှဝေခံ စားနိုင်မှာပါ။

READ
လပ်မထပ်ခင် ချစ်သူအလိုကျ ခွင့်ပြုသင့်သလား ... ?

ChoChoThan(Shwemom)

ref:lovepanky.com

SHARE