
AC Milan အသင်းရဲ့ နာမည်ကြီး တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Zlatan Ibrahimovic ကိုတော့ အားကစားပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Ibrahimovic ဟာ ကစားခဲ့ဖူးတဲ့ ကလပ်အသင်းတိုင်းလိုလိုမှာ နာမည်ကြီးပြီး သွင်းဂိုးများစွာ ဖန်တီးပေးနိုင်တဲ့ ကစားသမားကောင်တစ်ယောက်ဆိုတာတော့ အထူးပြောစရာမလိုတော့ပါဘူး။ အခုလည်း Ibrahimovic ဟာ PS5 ထွက်ထွက်ချင်းနေ့မှာပဲ သူ့ရဲ့ အသင်းဖော်တွေကို surprise လုပ်ပြီး ခရစ္စမတ်အကြိုလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း Thesun.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
ပြီးခဲတဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ တရားဝင်ထွက်ရှိခဲ့တဲ့ Sony ရဲ့ PS5 ဂိမ်းစက်အသစ်ဟာ Gamer တော်တော်များများ လိုချင်နေကြတဲ့ ဂိမ်းစက်တစ်ခုပါပဲ။ ဒါကို Ibrahimovic တစ်ယောက်ကတော့ သူ့ရဲ့ AC Milan အသင်းဖော်တွေကို ခရစ်စမတ်အကြိုလက်ဆောင်အဖြစ် surprise လုပ်ကာ ပေးအပ်ခဲ့ပါတယ်။ Samu Castillejo, Rafel Leao, Mateo Musacchio အစရှိတဲ့ AC Milan ရဲ့ နာမည်ကြီး ကစားသမားသုံးယောက်ကတော့ Ibrahimovic ပေးခဲ့တဲ့ PS5 ဂိမ်းစက်ကို သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ပုံတင်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။



အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော် ဘောလုံးသမား Zlatan Ibrahimovic ဟာ လက်ရှိဘောလုံးရာသီမှာ AC Milan အသင်းအတွက် အထူးခြေစွမ်းပြ ကစားနေပြီး Serie A (၅)ပွဲကစားအပြီးမှာ (၈)ဂိုး သွင်းယူထားနိုင်ကြောင်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw