ဒီဖြစ်ရပ်ကတော့ ကယ်ရိုလိုင်းနား ဟာရီကိန်းစ် ရေခဲပြင်ဟော်ကီအသင်းရဲ့ ပွဲစဉ်တစ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဟာရီကိန်းစ်အသင်းရဲ့ ပွဲစဉ်တစ်ပွဲကို Fox Sports ရုပ်သံက တိုက်ရိုက် တင်ဆက်ပေးနေခဲ့တာဖြစ်ပြီး သတင်းတင်ဆက်နေသူရဲ့အနောက်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးတစ်ခုက အားလုံးကို စိတ်ဝင်စားသွားစေခဲ့ပါတယ်။
အဲဒါကတော့ ဟာရီကိန်းစ်အသင်းရဲ့ ပရိသတ်တစ်ဦးပါ။
သူက အစီအစဉ်တင်ဆက်နေသူရဲ့ အနောက်တည့်တည့်မှာ ရှိနေခဲ့ပြီး သူ့နံဘေးမှာ ရပ်နေတဲ့ လူငယ်ရဲ့ လက်ထဲက ရေခဲမုန့်ကို သူမသိအောင် ယူစားလိုက်နိုင်တာပါ။
LOOK ON THE LEFT!! ICE CREAM THEFT!! pic.twitter.com/75H0SFN1k1
— FOX Sports Carolinas (@CanesOnFSCR) November 12, 2019
ရေခဲမုန့်ကိုင်ထားတဲ့ လူငယ်က အဖော်ဖြစ်သူနဲ့ တစ်စုံတစ်ခုကို အလေးအနက် ဆွေးနွေးနေခဲ့ပြီး သူ့လက်ထဲက ရေခဲမုန့်ကို တခြားတစ်ယောက် ယူသွားတာကိုတောင် မသိလိုက်တဲ့အထိပါပဲ။
ရေခဲမုန့်ကို ခိုးယူသွားသူက အနည်းငယ် စားပြီးတဲ့နောက် လက်ထဲ ပြန်ထည့်ပေးမလို့ လုပ်ခဲ့ပေမယ့် အဲဒီအချိန်မှာပဲ ရေခဲမုန့်ပိုင်ရှင်က သူ့ရေခဲမုန့်ပျောက်သွားကြောင်း သတိထားမိသွားခဲ့လို့ တိတ်တိတ်လေး ထွက်သွားခဲ့ရတာပါ။
so i’m just watching the @Canes game and… pic.twitter.com/zIXTV8m5yk
— Brianna Airington (@bairington44) November 12, 2019
ဒီဖြစ်ရပ်လေးက ဘယ်သူမှ မသိလိုက်ပဲ အပျော်သဘော ပြီးဆုံးသွားမယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သတင်းကြေညာသူရဲ့အနောက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ရုပ်သံကြည့်ရှုသူတွေက သတိထားမိသွားခဲ့ကြပြီး ရေခဲမုန့်ခိုးယူသူရဲ့ ပါးနပ်ပုံကို ချီးကျူးခဲ့ကြတာပါ။
တချို့ကတော့ ရေခဲမုန့် ပိုင်ရှင်ကို အပြစ်တင်ခဲ့ကြပြီး ကိုယ့်လက်ထဲမှာ ကိုင်ထားတဲ့ ရေခဲမုန့်တစ်ခုလုံး ပျောက်သွားတာတောင် မသိတာကတော့ သူ့အပြစ်ပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Crime of the Century pic.twitter.com/HcXOR6gn4r
— Carolina Hurricanes (@Canes) November 12, 2019
Linn