Trump အဖမ်းခံရတာကိုအမြန်ဆုံးမြင်ချင်နေပြီလို့ ပြောခဲ့တဲ့နာမည်ကြီးရက်ပ်အဆိုတော်

Instagram-Icecube,Donald Trump

ရက်ပ်အဆိုတော် Ice Cube ကိုတော့ လူတော်တော်များများ သိကြမှာပါ။ ဟိုးအရင် ၁၉၉၀ လောက်ကတည်းက ဟစ်ဟော့လောကမှာ နာမည်စကြီးခဲ့တဲ့ လူမည်းရက်ပ်ပါတစ်ယောက်ဆိုလဲ မမှားပါဘူး။ ဒါ့အပြင်Ice Cube ကြီးဟာ Hollywood ရုပ်ရှင်လောကမှာ နာမည်ရနေတဲ့ သရုပ်ဆောင်တစ်ယောက်လဲ ဖြစ်ပါတယ်။ အခု Ice Cube တစ်ယောက်ကတော့ ရုပ်သံအစီအစဉ်တစ်ခုမှာ အမေရိကန်သမ္မတ Donald Trump ကို အမြန်ဆုံးဖမ်းတာ မြင်ချင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Gangsta rap made me do it.

A post shared by Ice Cube (@icecube) on

Ice Cube တစ်ယောက် Donald Trump ကို အမြင်မကြည်တာကတော့ အခုမှမဟုတ်ပါဘူး။ အရင် ၂၀၁၈ ခုနှစ်မှာတုန်းက Ice Cube ဟာ “Arrest the President” ဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ထွက်ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၆.၃.၂၀၂၀)တုန်းက လုပ်ခဲ့တဲ့ “The Breakfast Club” စကားဝိုင်းတစ်ခုမှာ Ice Cube ဟာ Guest Speaker အနေနဲ့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲဒီ စကားဝိုင်းမှာ ရုပ်သံတင်ဆက်သူက ၂၀၁၈ တုန်းက Ice Cube ထွက်ရှိခဲ့တဲ့ “Arrest the President” ဆိုတဲ့ သီချင်းအကြောင်း Ice Cube ကို မေးတဲ့အခါမှာတော့ Ice Cube က အဲဒီသီချင်းတစ်ပုဒ်လုံးဟာ  အမေရိကန်သမ္မကို တိုက်ရိုက်ပြောကြားတာဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

READ
ထောင်ဖောက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသမီးအကျဉ်းသူ၊ ခပ်ကြမ်းကြမ်းနဲ့ ဇာတ်သိမ်းခဲ့ရ

“ကျွန်တော့်အနေနဲ့ သူအိမ်ဖြူတော်က သမ္မတသက်တမ်းကုန်တာနဲ့ ထွက်ထွက်ချင်း လက်ထိပ်တန်းလန်းနဲ့ ထွက်သွားတာကို ကျွန်တော်အမြင်ချင်ဆုံးပဲ။ အမေရိကန်နိုင်ငံရေးမှာ သမ္မတတွေက တာဝန်နဲ့ မလျော်ညီတာတွေ လုပ်ရင် ရာထူးက နှုတ်ထွက်ခိုင်းတာမျိုးပဲရတယ်လေ။ တကယ်လို့ ကျွန်တော့်မှာသာ အာဏာရှိရင် Trump ကို အရင်ဆုံးဖမ်းဆီးပြီး သူသမ္မတရာထူးရတာ ရိုးသားရဲ့လားဆိုတဲ့ ကိစ္စကို ကျွန်တော်အရင်ဆုံးစစ်ဆေးမှာပဲ” လို့ Ice Cube က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE