မြင်သူတကာ အသက်ရှုရပ်သွားလောက်မယ့် Herbin မြို့က ရေခဲပွဲတော်ပုံရိပ်များ

Twitter/harbinie

တရုတ်နိုင်ငံ Herbin မြို့မှာ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ရေခဲပွဲတော်ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး  ခမ်းနားလာပါတယ်။ ဒီပွဲတော်ကို (၁၉၉၉)ခုနှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာဖြစ်ပြီး အခုဆိုရင်တော့ နှစ်ပေါင်း(၂၀)ရှိပြီ ဖြစ်ပါတယ်။

Instagram-Mitalivshanbhag1810338

တရုတ်နိုင်ငံ၊ Heilongjiang ပြည်နယ်၊ Herbin မြို့ဟာ ကမ္ဘာ့အအေးဆုံးနေရာတွေထဲမှာ ပါဝင်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ် ရေခဲပွဲတော်စဖွင့်တုန်းကတော့ လာလည်ကြတဲ့ လူအများစုဟာ တရုတ်လူမျိုးတွေပဲဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာ့အနှံ့အပြားကလူတွေ လာရောက်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ဇန်န၀ါရီလ(၅)ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၃၆)နှစ်မြောက်ရေခဲပွဲတော်ကိုတော့ လူပေါင်း (၁၅)သန်းကျော်လာရောက်လည်ပတ်တယ်လို့ China Highlights ရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။

Instagram/Rincewind42
[email protected]

ဒီပွဲတော်နေရာရဲ့ အကျယ်အ၀န်းဟာ 6000,000 square-meter ကျယ်ဝန်းပြီး အရှည်ဆုံးရေခဲရုပ်တုဟာ ပေ၁၅၀ကျော်ရှိကြောင်း သိရပါတယ်။ ဒီပွဲတော်မှာတော့ အရမ်းကို လှပသေသပ်လွန်းတဲ့ ရေခဲ ပန်းပုပညာရှင်တွေရဲ့ လက်ရာတွေကို တွေ့မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
မူဟောင်းတွင်းမှသိသိသာသာကွဲထွက်သွားတဲ့ 3D တက်တူးလက်ရာဒီဇိုင်းအသစ်များ

 

[email protected]

Pyi Hein Kyaw

SHARE