ရေခဲက မျက်နှာအတွက်ရော အလှအပတွေအတွက်ပါ ဒီလိုအသုံးဝင်ပါတယ်

ရေခဲကိုစားလို့ရတာလောက်ပဲ သိကြတယ်မလား ။ ရေခဲကတော့ အလှအပအတွက် ၊ မျက်နှာအသားအရေအတွက်ပါ ဒီလောက် အသုံးဝင်နေမှန်း သိသွားရင်တော့ အံ့သြနေမှာပါ။

(၁) ၀က်ခြံတွေကို ခြောက်သွားစေတယ်


ရေခဲက ၀က်ခြံတွေကို ခြောက်သွားစေတယ်။ ဆားဝက်ခြံတွေကို ညှစ်ထုတ်နေမယ့်အစား ရေခဲနဲ့ပွတ်ပေးတာက ပိုကောင်းတယ်။ ဒီလိုလုပ်ပေးရာကနေ ၀က်ခြံကြောင့် နီမြန်းနေတာတွေကိုလည်း လျော့နည်းသွားစေတယ်။

(၂) Glow Skin ဖြစ်လာမယ်
မျက်နှာအသားအရေကို Glow ဖြစ်လာချင်ရင်တော့ ရေခဲကို သုံးပေးနိုင်တယ်။ ရေခဲနဲ့ မျက်နှာကို နေ့တိုင်းပွတ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေနိုင်လို့ မျက်နှာအသားအရေကောင်းလာစေတယ်။ ဒါ့အပြင် ဒီလိုလုပ်ပေးခြင်းက အရေးအကြောင်းတွေနဲ့ ပါးရည်တွန့်တာတွေကိုတောင် ကာကွယ်ပေးနိုင်တယ်။

(၃) အပူလောင်တာတွေကို ကောင်းလာစေတယ်
အပူလောင်သွားတယ်ဆိုတာတော့ ပုံမှန်မဟုတ်လို့ မပေါ့သင့်ပါဘူး။ အပူလောင်သွားရင် အအေးဓာတ်ကို ပေးရပါတယ်။ အ၀တ်စထဲ ရေခဲတုံးထည့်ပေးပြီး အပူလောင်နေရာကို တို့ပေးပါ။

READ
Facebook ပေါ်တွင်လုံးဝမတင်သင့်သော အကြောင်းအရာများ

(၄) ချွေးပေါက်တွေကိုလည်း ကျဉ်းစေတယ်

ရေခဲနဲ့ ချွေးပေါက်နေရာတွေကို ပွတ်ပေးမယ်ဆိုရင် ချွေးပေါက်တွေကိုတောင် ကျဉ်းလာစေတယ်။ ဒါ့အပြင် အဆီပြန်တာတွေကို လျော့ကျသွားစေနိုင်တယ်။ ရေခဲတုံး (၂)တုံးနဲ့ အ၀တ်စပါးလေးကို ပတ်ပြီး နှာခေါင်းနေရာ နဲ့ ချွေးပေါက်ကျယ်တဲ့နေရာတွေကို အရည်ပျော်သွားတဲ့အထိ ပွတ်ပေးပါ။

မှတ်ချက် ။ ။ ရေခဲကို သုံးမယ်ဆိုရင် နှစ်တုံးထက်ပိုမသုံးပါနဲ့ ၊ ရေခဲကို သုံးမယ်ဆိုရင်လည်း အ၀တ်ပါးပါးလေးနဲ့ပတ်ပြီးတော့မှ သုံးပေးပါ။

Hannwe Soe

SHARE