ရေခဲပြင်ကြီး ကွဲထွက်လာတာတောင် မှော်ဆန်နေတဲ့ Lake Michigan

အမေရိကန်နိုင်ငံက Lake Michigan ဟာ ဆောင်တွင်းတစ်တွင်းလုံး ရေခဲနေတတ်တဲ့ ကန်ဖြစ်ပါတယ်။ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ဟာ ဆောင်တွင်းမှာဆို နေ့အပူချိန်ဟာ  -၃၀ ဆဲစီးယပ်စ် (-၂၃ ဖာရင်ဟိုင်ဟိုက်) အထိရောက်ရှိသွားပြီး ကန်ထဲကရေတွေကို ခဲသွားစေပါတယ်။ တိုက်ခတ်တဲ့ အအေးလှိုင်တွေကြောင့် နှင်းခဲပုံတွေ ကျန်ရစ်ခဲ့စေတယ်။ ဒါပေမယ့် နွေဦးကို ရောက်လာတဲ့အချိန်မှာတော့ ရေခဲပြင်တွေဟာ ပျက်စီးသွားပြီး မှော်ဆန်တဲ့ နေရာတစ်ခု အဖြစ်ပြောင်းလဲပစ်လိုက်ပြန်ပါရော…။

Gunner’s Pixs
Gunner’s Pixs
Gunner’s Pixs

ရေခဲပြင်အောက်က စီးဆင်းရေတွေကြာင့် ရေခဲမျက်နှာပြင်ဟာ အပြင်ဘက်ကို ကွဲအက်ထွက်လာပြီး ညှို့ယူဖမ်းစားနိုင်တဲ့ ပုံစံတွေ အဖြစ်နဲ့တောင် ရှိနေပါတယ်။ ဒီလို မြင်ကွင်မျိုးကို South Haven ရဲ့ ဆိပ်ခံတံတား တစ်လျှောက်မှာ မြင်တွေ့ရနိုင်ပါတယ်။ ဒီလို လှပတဲ့ ဖြစ်ရပ်ကို လူတော်တော်များများအနေနဲ့လည်း ဓာတ်ပုံရိုက်ချင်ကြတဲ့အခါ US ကမ်းရိုးတန်း အစောင့်တွေက ရေခဲပြင်ကို အဝေးကသာ ကြည့်သင့်ကြောင်း သတိပေးထားပြီး၊ မတည်မြဲတဲ့ မျက်နှာပြင်ပေါ် လမ်းလျှောက်တာ၊ ရပ်တာတို့က အင်မတန် အန္တရာယ်ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

READ
ကားပေါ်မှာ လက်သရမ်းတဲ့အမျိုးသားကြီးကို ပေါ်တင်အွန်လိုင်းပေါ်မှာ အရှက်ခွဲခဲ့သူ
Gunner’s Pixs
Gunner’s Pixs

အထူးသဖြင့် နှစ်တိုင်းမှာ ဒီလိုအချိန်ကို ရောက်လာတိုင်း ရေခဲတွေက တကယ်ကို စိတ်မချရပါဘူး၊ သေချာပေါက် ယိုယွင်းနေပြီး ကွဲအက်ကုန်ပါတယ် လို့ US Coast Guard ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Grant Heffner က ပြောပြပါတယ်။

Gunner’s Pixs
Gunner’s Pixs

အခုလိုမျိုးဖြစ်တာက ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ဒီနေရာကို ဓာတ်ပုံဆရာတွေ လာလာရိုက်ကြတာ နှစ်တော်တော်ကြာခဲ့ပြီလို့ သိရပါတယ်။

Gunner’s Pixs
Gunner’s Pixs

Lake Michigan ဟာ မြောက်အမေရိကတိုက်ရဲ့ အကြီးဆုံးကန် ၅ ကန်ထဲက တစ်ကန်ဖြစ်တယ်။  အမေရိကန်နိုင်ငံ အတွင်း လုံးဝဖြစ်တည်နေတဲ့ တစ်ခုတည်းကန်သော ရေကန်ကြီးဖြစ်တယ်။ ကျန်တဲ့ ၄ ကန်က အမေရိကန်နဲ့ ကနေဒါနိုင်ငံ နှစ်ခုကြားမှာ ဖြစ်တည်နေတဲ့ ကန်တွေဖြစ်တယ်။ Lake Michigan ဟာ ဒုတိယ ထုထည်အကြီးဆုံး (၁၁၈၀ ကုဗ မိုင် (သို့) ၄၉၀၀ ကီလိုမီတာကျု) ရှိတယ်။ မျက်နှာပြင် ဧရိယာ (၂၂၄၀၄ စတုရန်း မိုင် (သို့) ၅၈၀၃၀ ကီလိုမီတာစကွဲ) နဲ့ တတိယ အကြီးဆုံးကန် အဖြစ် Lake Superior နဲ့ Lake Huron တို့ နောက်မှာ ရပ်တည်နေပါတယ်။

READ
ရည်းစားက Facebook ''Like 500''ရရင် လက်ထပ်မယ်လို့ပြောခံရတဲ့ အမျိုးသမီး
Marit & Toomas Hinnosaar
Konstantin Papushin

ဒီဒေသမှာ Hopewell အင်ဒီယန်းတွေက အစောဆုံး နေထိုင်ခဲ့ကြတယ်။ အေဒီ (၈၀၀) နောက်ပိုင်းမှာ ၄င်းတို့ရဲ့ ယဉ်ကျေးမှုဟာ ပျက်သုဉ်းသွားခဲ့ပြီး နောက်ရာစုနှစ်တော်တော်ကြာတဲ့ အချိန်မှာတော့ Late Woodland အင်ဒီယန်းလို့ အသိများကြတဲ့ လူမျိုးတွေက နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ Lake Michigan ရဲ့ ကမ်းခြေတစ်လျှောက် လူဦးရေ (၁၂) သန်းလောက် အခြေပြု နေထိုင်နေကြပါတယ်။ အဓိကအားဖြင့်တော့ ချီကာဂိုမြို့နဲ့ မီလ်ဝူကီ ဒေသတွေမှာ နေထိုင်ကြတယ်လို့ သိရတယ်။

Gunner’s Pixs
Kate Ter Haar

Sourec: Brightside

Matthew (ShweMOM)
SHARE