အိုက်စလန်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အလှဆုံး ရေပြာအိုင်အကြောင်း 

အိုက်စလန်နိုင်ငံဟာ ရေပူစမ်းကဲ့သို့သော သဘာဝ ကမ္ဘာ့အပူဓာတ်ကို အသုံးပြုတဲ့ Spa များ ရှိခြင်းကြောင့် ကျော်ကြားသော စကန်ဒီနေဗီးယန်း နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး ရေပူစမ်း ရေပြာအိုင်ကလည်း အိုက်စလန်မှာ ရှိနေပါတယ်။ အဆိုပါ ရေပြာအိုင်ဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားဦးရေ များစွာ လာရောက်ရာ နေရာလည်း ဖြစ်ပါတယ်။ ရေပြာအိုင် ရေပူစမ်းနဲ့အတူ အပန်းဖြေစခန်းကို (၁၉၇၆) ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။

ဒီရေပူစမ်းရဲ့ အပူတွေဟာ ပင်လယ်ရေအောက် အနက် ပေ (၆,၅၀၀) ရှိ အပူချိန် (၄၆၄) ဒီဂရီရှိရာ ရေပြင်အပေါ်ဘက်က ရေပူစမ်းရဲ့ အပူချိန်မှာ ၁၀၀ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ အဆန်းသစ်ဆုံး အတွေ့အကြုံကတော့ စိမ်းပြာရောင် ရေပြင်နွေးနွေးမှာ အနားယူအပန်းဖြေရတဲ့ ခံစားမှုပါတဲ့။ ရေပြာနေရခြင်း အကြောင်းမှာ ဓာတ်သတ္တုအချို့ ပါဝင်တဲ့ ဆီလီကာကြောင့် ပြာလဲ့နေခြင်းဖြစ်ပြီး ရေထဲမှာ အသားအရည်အတွက် အလွန်ကောင်းတဲ့ ရေညှိလည်း ပါဝင်တာကြောင့် အပန်းလည်း ပြေသလို ကျန်းမာရေးပါ ကောင်းစေတဲ့ ရေပူစမ်း ရေပြာအိုင်အဖြစ်လည်း ကျော်ကြားပါတယ်။

READ
Listening Skill ဘာလို့ညံ့ရတာလဲ?
Elite Readers

တစ်ခါကဆို အိုက်စလန်နိုင်ငံသားတစ်ယောက်ဟာ ထိုရေပြာအိုင်ထဲ ရေသွားချိုးခဲ့ပြီး ဆီလီကာ၊ ရေညှိနဲ့ ဓာတ်သတ္တုတို့ရဲ့ အစွမ်းကြောင့် သူခံစားနေခဲ့ရတဲ့ အရေပြားရောဂါ တစ်မျိုးတောင် ပျောက်ကင်းသွားခဲ့တယ်လို့ သိရပါတယ်။

ရေပြာအိုင်ကြီးရဲ့ ဓာတ်ပုံတွေ ကြည့်ရင်း သင်ခရီးသွားချင်တဲ့ စာရင်းထဲမှာ တစ်နေရာတိုးလာပြန်ပြီမလား။ ခရီးသွား အများအပြား သွားရောက်တတ်တဲ့ နေရာဖြစ်လို့ ထိုရေပြာအိုင်ကြီးဆီ သွားချင်ရင် ဘိုကင်တွေ ကြိုတင်ရတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ခရီးသွား ဝါသနာရှင်တိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ အိုက်စလန်က ရေပြာအိုင် ရေပူစမ်းရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

Elite Readers
Elite Readers
Elite Readers
Elite Readers
Elite Readers
Elite Readers
Elite Readers
Elite Readers

Ref: Elite Readers

SHARE