ရင်ဘတ်က အမွေးတွေကို မီးနဲ့ရှို့ပြီး ရှင်းပစ်ခဲ့မိသူရဲ့ အူကြောင်ကြောင်လုပ်ရပ်

နော်ဝေ၊ အော့စလိုမှာနေထိုင်တဲ့ အသက်(၂၂)အရွယ် ရူဗန်ဖစ်စ်ကာအမည်ရ အမျိုးသားဟာ သူရဲ့ ရင်ဘတ်က အမွေးတွေကို အလွယ်နည်းနဲ့ ရှင်းပစ်ဖို့ စိတ်ကူးခဲ့ပါတယ်။ သူ တွေးထားတဲ့အတိုင်းဆိုရင် ရင်ဘတ်အမွေးတွေဟာ စက္ကန့်အနည်းငယ်အတွင်း ပြောင်ရှင်းသွားနိုင်ပြီး၊ ပျော်စရာကောင်းလိမ့်မယ်လို့လည်း တွေးခဲ့ပါတယ်။

Chatty Buddha

ဒီအဖြစ်အပျက်ကို သူ့သူငယ်ချင်းတစ်ဦးက ဗွီဒီယိုမှတ်တမ်း တင်ထားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက မီးလောင်တာ လွယ်စေဖို့ သူ့ရင်ဘတ်ကို ရေမွှေးနဲ့အရင် စွတ်လိုက်ပြီးနောက် မီးညှိခဲ့တာပါ။ အဖြေကတော့ ရူဗန်ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ မီးဟာ ရင်ဘတ်မွေးတွေကိုသာမက အသားကိုပါ စွဲလောင်ခဲ့ပါတယ်။

ရူဗန်ဟာ တုန်လှုပ်ခြောက်ခြား နာကျင်စွာ အော်ဟစ်ပြီး ရေပိုက်ခေါင်းအောက်ကို ပြေးကာ မီးကို အမြန်ငြှိမ်းသတ်ခဲ့ရပါတယ်။ သူရဲ့လုပ်ရပ် အခြေအနေ ကောင်း မကောင်းကိုတော့ ဗွီဒီယိုထဲက သူ့မျက်နှာကို ကြည့်ချင်းအားဖြင့် သိနိုင်ပါတယ်။ ဒီဗွီဒိယိုကို သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဘဂျာတီဟော့ဗ်လန်က ရိုက်ကူးခဲ့တာပါ။

Chatty Buddha

ဟော့ဗ်လန်က “သူက ဒီနည်းနဲ့ ရင်ဘတ်မွေးတွေကို ရှင်းပစ်ချင်တာကို … သူက ဒီလိုလုပ်လိုက်ရင် အမြန်နည်းနဲ့ ရှင်းနိုင်မှာဖြစ်သလို .. ပျော်ရလိမ့်မယ်လို့လည်း တွေးခဲ့ပါတယ် … ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဒီအတိုင်းလုပ်ခဲ့သေးတယ် .. ရင်ဘတ်မွေး တစ်ဝက်လောက်ပဲ လောင်သွားတာ … အဲဒီတုန်းက ကြီးကြီးမားမား ပြဿနာ မဖြစ်ခဲ့ဘူး .. အခု ပြန်လုပ်တော့ ရယ်လည်း ရယ်နေရတယ် … မီးတောက်က ဒီလောက် ကြီးလာမယ်လို့ မထင်မိဘူး “လို့ ပြောခဲ့ပါတယ်။

READ
ထိုင်းနိုင်ငံက ရိုက်ကူးခဲ့တဲ့ စုဖုရားလတ်ဇာတ်ကားကို သီပေါမင်း၏ မြစ်ဖြစ်သူ ကန့်ကွက်

ဒီဗွီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် လန်ဒန်မီးသတ်တပ်ဖွဲ့(LFB)မှ တာဝန်ရှိသူတစ်ဦးက “ဒီလုပ်ရပ်က အတော်လေးကို အသိဉာဏ်မဲ့တဲ့လုပ်ရပ်ပါ … အန္တရာယ်လည်း ရှိပါတယ် .. ထင်မှတ်မထားဘဲ အခြေအနေက ဒီထက်လည်း ပိုဆိုးသွားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်တစ်ခွင်မှာတော့ (၂၀၁၆)ခုနှစ်တုန်းက Fire Spray Challenge ဆိုတဲ့ အန္တရာယ်ရှိတဲ့ Challenge တစ်ခု ပေါ်ပေါက်ခဲ့ဖူးပြီး၊ လူတွေဟာ သူတို့ကိုယ်သူတို့ မီးရှို့ကာ လူမှုကွန်ယက်မှာ ဗွီဒိယိုတွေ တင်ခဲ့ဖူးပါသေးတယ်။ ဒီလုပ်ရပ်တွေဟာ ဥပဒေအရလည်း အရေးယူလို့ရပြီး၊ အလွန်ကြီးမားတဲ့ မီးလောင်မှုလည်း ဖြစ်သွားနိုင်တယ်လို့ LFB တာဝန်ရှိသူက ဆက်လက်သတိပေးခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE