Suicide Squad ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ သေချာသွားပြီဖြစ်တဲ့ Idris Elba နဲ့ John Cena

Imdb/FF

The Suicide Squad ရုပ်ရှင်ကားအသစ်မှာ Idris Elba နဲ့ John Cena တို့ ပါဝင်လာမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုက အတည်ပြုခဲ့ပါတယ်။ လတ်တလောအချိန်မှာတော့ တရားဝင်သတင်းထုတ်ပြန်ချက်တွေ မထုတ်ပြန်သေးပေမယ့်  The Suicide Squad ဒါရိုက်တာ James Gunn ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်ထဲမှာ သူတို့နှစ်ယောက် ပါဝင်လာခဲ့တာပါ။

 

DC ဟာ ဗီလိန်တွေချည်းစုစည်းထားတဲ့ Suicide Squad ပထမဆုံးရုပ်ရှင်ကို (၂၀၁၆)  ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ရုံဝင်ငွေဒေါ်လာ(၇၄၆)သန်း ရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီ ရုပ်ရှင်က ဝင်ငွေများစွာ ရရှိခဲ့ပေမယ့်လည်း ဇာတ်လမ်းအနေအထားအရ ဟာကွက်တွေ ရှိခဲ့တာကြောင့် အဆိုးမြင်တဲ့ ဝေဖန်မှုများစွာလည်း ကြုံခဲ့ရပါသေးတယ်။

 

လက်ရှိအနေအထားမှာတော့ Suicide Squad ကို ပထမဆုံးမူလရိုက်ခဲ့တဲ့ ဒါရိုက်တာDavid Ayer က နှုတ်ထွက်သွားပြီး သူ့နေရာမှာ Marvel ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Gunn က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

 

 

View this post on Instagram

 

Holy Cow. Guardians of the Galaxy Vol 1 opened 6 years ago today. #guardiansofthegalaxy #gotg #marvel #marvelstudios

A post shared by James Gunn (@jamesgunn) on

ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ ရုံတင်ပြသွားမှာဖြစ်ပြီး အရင်ပထမရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တချို့လည်း ပြန်ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Idris Elba ၊ John Cena၊  David Dastmalchian ၊ Michael Rooke အစရှိတဲ့ သရုပ်ဆောင်တွေနဲ့လည်း အားဖြည့်ထားပါသေးတယ်။ 

 

WB ရုပ်ရှင်စတူဒီယိုနဲ့ Gunn ဘက်ကတော့ လာမယ့် ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် အခုတော့ James Gunn ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုမှာ သရုပ်ဆောင်အသစ်တွေကို အခုလို မြင်တွေ့ခဲ့ရတာသာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဖိုင်လေးရဲ့ အစမှာ Harley Quinn နေရာမှာ သရုပ်ဆောင်တဲ့ Margot Robbie ရဲ့ဆုတောင်းသံနဲ့ စဖွင့်ထားတာပါ။

Deadshot နေရာမှာ အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့ Will Smith က နှုတ်ထွက်သွားခဲ့တာကြောင့် Idris Elba ကတော့ ဒီ ရုပ်ရှင်ကားအသစ်ထဲမှာ Deadshot အဖြစ် သရုပ်ဆောင်သွားမယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဗီဒီယိုထဲမှာ ပြသထားတဲ့ သဲလွန်စအရ Idris ရဲ့ ဇာတ်ကောင်ဟာ Deadshot မဟုတ်ပဲ ကိုယ်ခံပညာပေါင်းစံကို ကျွမ်းကျင်တဲ့ Bronze Tiger ဖြစ်မယ်ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးနေကပါတယ်။

DC Comics

John Sena ကတော့ Peacemakerဆိုတဲ့ စူပါဟီးရိုးတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမှာပါ။ အဲဒီ Peace-maker ဆိုတာ ရုပ်ရှင်ပိတ်ကားပြင်ပေါ်မှာ ပရိသတ်တို့ တစ်ခါမှ မမြင်တွေ့ကြဖူးတဲ့ စူပါဟီးရိုးအသစ်တစ်ယောက်ပဲဖြစ်ပါတယ်။

DC Comics

Ye Yint Kyaw

SHARE