ဂျိမ်းစဘွန်း ဇာတ်ကောင်ဆိုတာနဲ့ ပတ်သက်ရင် ရင်ထဲမကောင်းတဲ့ Idris Elba

James Bond ရဲ့ နောက် ဇာတ်ကောင်နေရာအတွက် Idri Elba နဲ့ ကောလဟာလတွေ အရှည်ကြီး ထွက်ခဲ့ပြီး သူ မျှော်လင့်မထားတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ Vanity Fair နဲ့ အင်တာဗျူးမှာတော့ Elba က သူ့အနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆွေးနွေး ညှိနှိုင်းတာ သိပ် ကျေနပ်ဖွယ်မကောင်းခဲ့ကြောင်းကိုလည်း ၀န်ခံသွားခဲ့တယ်။ အသက် ၄၆ နှစ်အရွယ် မင်းသားက ဂျိမ်းစဘွန်းနေရာအတွက် စိတ်လှုပ်ရှားခဲ့ဖူးကြောင်း၊ လူမဲ ဂျိမ်းစဘွန်း တစ်ယောက် ဖြစ်ချင်တယ်လို့ ထုတ်ဖော်တာမျိုးတော့ မရှိကြောင်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အင်္ဂလိပ် စပိုင်တစ်ယောက်နေရာမျာ သူ့ကို တွေ့မြင်ရဖို့အတွက် ကိစ္စတစ်ချို့ရှိခဲ့ပြီး လူမျိုးရေးနဲ့ အစချီနေကြောင်းကိုလည်း ပြောပြသွားခဲ့တယ်။ အသားအရောင် တစ်ခုကြောင့်နဲ့ ဘာမှ ဆက်ဖြစ်မလာတဲ့ ပုံစံမျိုးကို စကားလှလှနဲ့လည်း ပြောသွားခဲ့တယ်။ Elba က သူဟာ ဂျိမ်းစ်ဘွန်းရဲ့ အမာခံပရိသတ်ဖြစ်ပြီး အဲ့ဒီဇာတ်ကောင်ကို ငယ်ငယ်တည်းက ရူးသွပ်ခဲ့ပေ မယ့် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ အိပ်မက်ကိုတော့ လူမည်းတစ်ယောက်ဖြစ်နေလို့ စွန့်လွှတ်လိုက်ပြီလို့လည်း ပြောခဲ့တာပါ။

ဘွန်း ဟာ ကမ္ဘာကျော်ရုပ်ရှင်ဖြစ်တာနဲအညီ ဘယ်သူပဲ သရုပ်ဆောင်ဆောင် အသက်ဝင်နေမှာ ဖြစ်တယ်လို့လည်း ပြောခဲ့တယ်။ လက်ရှိမှာတော့ Daniel Craig အတွက် နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ Bond25 ကိုရိုက်ကူးနေပါတယ်။ ထုတ်လုပ်ပိုင်းမှာလည်း အခက်အခဲများစွာကို ကြုံတွေ့နေရပြီး မင်းသာ ဒဏ်ရာရလိုက်၊ ရိုက်ကူးရေး crew ထိလိုက်နဲ့ နောက်ဆုံး ဒါရိုက်တာက ရိုက်မယ့်နေတွေမလာတာ စတာတွေနဲ့ နှောင့်နှေးနေပါတယ်။

Bond 25 ကိုတော့ ၂၀၂၀ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ ရုံတင်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

READ
ခန္ဓာကိုယ်အလှအပထုတ်ကြွားခဲ့တဲ့ Khloe Kardashian

 

SHARE