Michelle Obama သာ သမ္မတဝင်ပြိုင်မယ်ဆိုရင် ထိပ်ဆုံးကပြေးနေမှာဆိုတဲ့ စစ်တမ်းတစ်ခု

Shutterstock-JComp

အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama ဟာ ဒီနိုင်ငံကြီးကို တိုးတက်ဖို့အတွက် သူမအနေနဲ့ လူငယ်တွေနဲ့ပူးပေါင်းမယ်၊ ထောက်ပံ့မှုတွေပြုလုပ်မယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ ကူညီပေးပြီး လုပ်ဆောင်သွားဖို့ပဲရှိနေပြီး ဒါတွအကုန်လုံးဟာ သူမအကျိုးအမြတ်အတွက် တစ်ခုမှမပါပါဘူးဆိုပြီး အရင်ကတည်းက ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လုံးဝဝင်မပြိုင်ပါဘူးဆိုပြီး အတိအလင်းပြောကြားခဲ့ပြီးသားဖြစ်ပေမယ့်လို့ New Hampshire တက္ကသိုလ်ရဲ့စစ်တမ်းကောက်ချက်တစ်ခုအရ Michelle Obama သာ သမ္မတအဖြစ်ဝင်အရွေးခံမယ်ဆိုရင် ထိပ်ဆုံးကပြေးနေမယ်ဆိုပြီး Daily Mail မှာ ဖတ်ခဲ့ရပါတယ်။

The Boston Herald-Franklin Pierce တက္ကသိုလ်ကနေပြီး လေ့လာခဲ့ကာ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ရလဒ်ကို ထုတ်ပြန်ခဲ့တာပါတဲ့။ တယ်လီဖုန်းနဲ့ ဒီမိုကရက်တစ်ပါတီတွေကို မဲပေးလေ့ရှိတဲ့ လူအယောက် ၄၄၂ ယောက်ကို အောက်တိုဘာလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ဖုန်းဆက်မေးခဲ့ကြတာပါ။ မဲဆန္ဒတွေကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ဝန်ကြီး Elizabeth Warren ဟာ ၂၅%၊ ဒုသမ္မတဟောင်း Joe Biden ကတော့ ၂၄% နဲ့ Vermont မှ ဝန်ကြီးချုပ် Bernie Sanders ကတော့ ၂၂% နဲ့ Sanders ကတော့ ၁၅% တို့ အသီးသီး ရကြမှာပါတဲ့။

READ
လေယာဉ်မမောင်းဖူးဘဲ လေယာဉ်ပြန်ပေးဆွဲပြီး စတန့်တွေလုပ်ပြခဲ့တဲ့ လေဆိပ်လုပ်သား
[email protected]
[email protected]

ဒါပေမဲ့ ဒီလိုရွေးကောက်ပွဲထဲမှာ သမ္မတဟောင်းကတော် Michelle Obama သာ ရုတ်တရက်ပါဝင်လာခဲ့မယ်ဆိုရင်တော့ သူမအနေနဲ့ ၂၆% မဲတွေနဲ့ Granite State မှာ ထိပ်ဆုံးက ပြေးနေမှာဖြစ်ပြီး Warren နဲ့ Biden တို့မှာတော့ ၂၀% ဆီ၊ Sanders မှာတော့ ၁၅% ဆီရှိနေမှာပါတဲ့။

ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ရှေ့မှာ Michelle Obama အနေနဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးဆိုပြီး တိတိလင်းလင်း လူသိရှင်ကြား ပြောကြားထားတဲ့အတွက်ကြောင့်မလို့ ဘယ်လိုဆက်ဖြစ်လာဦးမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။

 

[email protected]
[email protected]

Penny

SHARE