သူတို့လေးတွေသာ စကားပြောတတ်ရင်

လူဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်တတ်ပြီး ပတ်ဝန်းကျင်ကို သတိမထားတတ်တဲ့ အကျင့်ရှိပါတယ်။ လူသားတွေ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်က သက်ရှိတိရစ္ဆာန်လေးတွေ၊ သက်မဲ့ အရာဝတ္တုလေးတွေသာ စကားပြောတတ်ရင် ဘာတွေပြောမလဲဆိုတာ အံ့သြဖို့ကောင်းပါတယ်။ ဒီအကြောင်းလေးကို စိတ်ကူးယဉ်ပြီး ဟာသဆန်ဆန် ဖန်တီးထားတဲ့ Meme ပုံလေးတွေကို စာဖတ်ပရိသတ်တွေအတွက် ကြည့်ရှုပျော်ရွှင်နိုင်စေဖို့ မျှဝေပေး လိုက်ပါတယ်။

ဝိုင်ပုလင်းအဖုံးလေးက ရှန်ပိန်ပုလင်းအဖုံးလေးကို “ငါလည်း မင်းလို ပျံတတ်ချင်တယ်လို့” ပြောနေပါတယ်။

 “သူငယ်ချင်းရေ .. အဲဒီကောင်က ‘IT’ ရုပ်ရှင်ကားထဲက ကောင်လေ”

 

အသားပြားတွေ ထုတ်ပြီးဆော့နေတဲ့ ပီဇာပြားလေးကို ဘေးကပီဇာလေးက “ကြွားနေတာ” လို့ ပြောနေပါတယ်။

တကယ်ရှိ ၊ မရှိ အငြင်းပွားနေရတဲ့  Loch Ness သတ္တ၀ါကြီးက အခုလို ပြောပါတယ်။ “ဘယ်ဓာတ်ပုံထဲမှာမှ ငါ့ပုံစံက ကြည်လို့မကောင်းဘူး”

“တစ်ချိန်က ငါလည်း အကြမ်းစား အကောင်ပဲ” – ကြက်ဟာ ဒိုင်နိုဆောက ဆင်းသက်လာတာပါ

 “လူသစ်က ဘယ်သူလဲဟေ့”

“ပျော်ရွှင်စရာ အနားယူပွဲ”

“အမြှုပ်တွေ..ခွက်ဘောင်ကို မကျော်စေနဲ့”

Source : 9gag

READ
ဆယ်လီတွေရဲ့ပို့စ်တွေကို လက်တွေ့ဘဝနဲ့ယှဉ်ပြီး ဟာသဗားရှင်းပြောင်းရိုက်ထားသူ

ZARNI

SHARE