ဓာတ်ပုံရိုက်ဖို့ တောင်စောင်းမှာ တွဲလောင်းခိုတာဟာ အန္တာရာယ်မများပါဘူးဆိုတဲ့စုံတွဲ

@positravelty/Instagram

Kelly Castille နဲ့ Kody Workman တို့စုံတွဲရဲ့ @positravelty ဆိုတဲ့ Instagram account လေးမှာ ခရီးသွားတဲ့အမိုက်စားပုံရိပ်တွေမျှဝေလေ့ရှိတဲ့ blogger စုံတွဲတစ်တွဲပါ။

@positravelty/Instagram

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့တုန်းကတော့ Laguna Humantay မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံကို မျှဝေခဲ့ပါတယ်။ အဲဒီပုံမှာတော့ ချစ်သူကောင်မလေးကို တောင်စောင်းမှာ လက်ချိတ်ကာတွဲလောင်းခိုစေခဲ့ပြီး ရိုက်ကူးထားခဲ့တာပါ။ ဒီအတိုင်းကြည့်မယ်ဆိုရင်တော့ ဓာတ်ပုံဟာ အရမ်းလန်ထွက်နေတဲ့အတွက် သိပ်မိုက်တာပဲလို့ ထင်ရမေယ့် တကယ်တမ်းတွေးကြည့်မယ်ဆိုရင် တစ်ခုခုသာချွတ်ချော်ပြီး ပြုတ်များကျသွားခဲ့ရင်..

@positravelty/Instagram

 

တချို့လူတွေကတော့ ဒါကို ဖိုတိုရှော့သုံးထားတယ်လို့ မှတ်ချက်ပေးထားခဲ့ကြသလို၊ တချို့ကျတော့လည်း ဓာတ်ပုံတစ်ပုံအတွက် သိပ်အန္တရာယ်များလွန်းတာကြောင့် မိုက်မဲလွန်းတယ်လို့ မှတ်ချက်ပေးထားကြပြန်ပါတယ်။ ဒါပေမဲ့လည်း တချို့ကျပြန်တော့လည်း အန္တရာယ်များတဲ့ကြားထဲက ရိုက်ရဲတဲ့စွန့်စားမှုသတ္တိကိုတော့ လေးစားတယ်၊ ဒီပုံမြင်လိုက်လို့ follow လုပ်လိုက်ပြီဆိုတဲ့ comment တွေကိုလည်းရခဲ့ပါတယ်။ စုံတွဲလေးကတော့ ဒီလိုပုံရိုက်ဖို့စစချင်းတွေးတန်းက သူတို့လည်းနည်းနည်းတော့စွန့်စားရမယ်လို့ ထင်ခဲ့ပေမယ့် တကယ်လမ်းတော့ အဲဒီအလောက်ကြီး ခက်ခက်ခဲခဲမဟုတ်ခဲ့ဘဲ tripot ထောင်ပြီးပဲ ဓာတ်ပုံရိုက်ခဲ့တာဖြစ်တယ်လို့ Insider ကို ပြောခဲ့ပါတယ်တဲ့။

READ
အရက်မူးလာရင် လူမျိုးရေးခွဲခြားစိတ်နဲ့ လိင်တူစုံမက်မှုကိုဆန့်ကျင်စိတ်တွေ ပိုဖြစ်လာလို့ဆို
@positravelty/Instagram

Kelly Castille နဲ့Kody Workman တို့စုံတွဲ နာမည်ကြီးခဲ့တာ ဒါပထမဆုံးအကြိမ်ဟုတ်တော့ပါဘူး။ ဧပြီ ၂ ရက်နေ့တုန်းကလည်း အမြင့်မှာဆောက်ထားတဲ့ ရေကူးကန်ဘောင်ပေါ်ကနေ အခုလိုပဲ တွဲလောင်းခိုရိုက်ကူးခဲ့လို့ အဝေဖန်ခံခဲ့ရပါသေးတယ်။

@positravelty/Instagram

Penny

SHARE