စိတ်ညစ်ရင်၊စိတ်ဓါတ်ကျရင် နားထောင်သင့်တဲ့ သီချင်းများ..

စိတ်ညစ်တာ၊စိတ်ဓါတ်ကျတယ်ဆိုတာ လူတိုင်းလိုလို မကြာခဏ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ “ ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ငါဘာလို့ ဒီလို ဒုက္ခတွေကြုံ ရတာလဲ၊စိတ်ညစ်စရာတွေနဲ့ပဲ လာတွေ့နေတာလဲ” လို့ ဘယ်တော့ မှမထ င်လို က်ပါနဲ့။လူတိုင်းမှာ စိတ်ညစ်စရာ၊စိတ်ဓါတ်ကျစရာ ရှိပါတယ်။ထုတ်ပြတာနဲ့ မပြ တာပဲ ကွာတာပါ။မိ သား စုကြောင့်၊ ပိုက်ဆံကြောင့်၊ တခြားလူမှုရေး ကိစ္စတွေေ ကြာင့်… နေရာပေါင်းစုံကနေ မရိုးနိုင်အောင် ပြဿနာပေါင်းစုံ၊ ထိုးနှက်ချက်ေ ပါင်းစုံက ပုံစံမျိုးစုံနဲ့ ၀င်လာတတ်ပါတယ်။ရေချိုးခန်းထဲမှာ သီချင်းတွေ အကျယ် ကြီးအော်ဆိုလိုက်တာ၊ နားကြပ်လေးတပ်ပြီး သီချင်းလေးတွေ နားထောင်လိုက် ရင် ညစ်နေတာတွေ ပေါ့သွားပါတယ်။Shwemom စာဖတ်သူပရိသတ်ကြီး ထဲမှာ စိတ်ညစ်နေသူတွေ၊စိတ်ဓါတ်ကျနေသူတွေရှိရင် ဒီသီချင်းတွေကို နားေ ထာင် ပြီး ကိုယ့်ကိုယ် Motivitation လုပ်ကြည့်ပါ။

#1 Rise (Katy Perry )

အတုံးအတိုက်တွေ၊ခြေထိုးခံတဲ့သူတွေ၊ကိုယ့်ကျရှုံးတာကို ၀မ်းသာအားရ ထိုင် ကြည့်ချင်သူတွေ သိပ်များလို့ ညစ်နေတယ်ဆိုရင်တော့ ဒီသီချင်းကို နားထောင် ကြည့်လိုက်ပါ။ MTV ကလည်း အရမ်းအရမ်းကို မိုက်ပါတယ်။နင်တော့ သွားပြီ လို့ ၀ိုင်းပြောနေတဲ့ အချိန်မှာ၊အားလုံးက သွားပြီဆိုတဲ့ အချိန်မှာ ငါရှင်သန်နေတု န်းပဲ လို့ ခပ်မာမာပြန်ပြောလိုက်တာပါ။သီချင်းတစ်ပုဒ်လုံးက စာသားတွေက အရမ်းကောင်းပါတယ်။အကြိုက်ဆုံး စာသားဆိုရင်တော့ “When, when the fire’s at my feet again. And the vultures all start circling. They’re whispering, “You’re out of time,” But still I rise.”နား မထောင်သေးရင်တော့ လုံးဝ လုံးဝ ကို နားထောင်ကြည့်ပါ။အရမ်းကို မိုက် ပါတယ်။

2# Overcomer” (Mandisa)

ဒီသီချင်းလေးကတော့ (၂၀၁၃)လောက်က ထွက်ထားတာပါ။ပေါ့အမြူးလေးမို့ လိုက်ဆို၊လိုက်က လို့ အရမ်းကောင်းပါတယ်။လူတိုင်း လဲကျဖူးတယ်။အော က်ြေ ခကြမ်းပြင်မှာ ဘုန်းကနဲဖြစ်တဲ့ အထိ ၊မြေကြီးနဲ့ ရိုက်သွားတဲ့ အထိ လဲကျ ဖူးတ ယ်။မင်းတစ်ယောက် တည်းမဟုတ်ပါဘူးဆိုပြီး အားပေးတဲ့ သီချင်းလေးပါ။ အကြိုက်ဆုံးစာသားလေးကတော့ “You’re an overcomer. Stay in the fight ’til the final round. You’re not going under.” နားထောင်လို က်တာနဲ့ စိတ်ညစ်နေတာတွေ သက်သာပြီး Active ဖြစ်သွားစေမယ့် သီချင်းလေးပါ။

READ
အမျိုးသားတို့ရဲ့ဆံပင်ပုံစံတွေကိုကြည့်ပြီး ဘယ်လိုလူစားမျိုးလဲဆိုတာခန့်မှန်းကြမယ်

3# Fight Song” by Rachel Platten

(၂၀၁၄)ခုနှစ်က ထွက်ခဲ့တာပါ။စာသားက ဘယ်လောက်မိုက်လဲဆိုတော့  iHeartRadio Music Award for Best Lyrics ဆုရထားတာကို ကြည့်ရင် သိနိုင်ပါတယ်။အစပိုင်းမှာတော့ နည်းနည်းလေး ခပ်အေးအေး Music နဲ့စထားပါ တယ်။ chorus ကတော့ မြူးမြူးလေးနဲ့ လိုက်ဆိုလို့ အရမ်းကောင်း တယ်။ အကြိုက်ဆုံးစာသားဆိုရင်တော့ chorus တစ်ပိုဒ်လုံးပါ။

#4 Be alright (Justin Bieber)

တခါတလေကျပြန်ရင်လည်း စိတ်သိပ်ညစ်နေတဲ့ အချိန်တွေမှာ ကိုယ်လိုအပ်နေ တာ က စကား လုံးကြီးကြီးတွေ မဟုတ်ပဲ ”ဘာမှာစိတ်မပူနဲ့ အားလုံးပြီးသွားမှာ ပါ။နင်ဖြတ်ကျော်နိုင်မှာပါ”ဆိုတဲ့ နှစ်သိမ့်စကားမျိုးပါ။အဲ့ဒီလို နှစ်သိမ့်စကားကြား ချင်ရင်တော့  ဒီသီချင်းကို နားထောင်ပါ။တစ်ယော က်ယောက်က အနားမှာ လာနှစ်သိမ့်ပေးနေသလို လေး ခံစားရမှာ အသေအချာပါ။ ။စိတ်ညစ်နေလို့ အားပေးဖော်မရှိလည်း ၀မ်းမနည်းပါနဲ့။ဒီသီချင်းကိုသာ နားထောင်ကြည့်လိုက်ပါ။ MTV ထဲမှာတော့ JB ကလည်း ၀မ်းနည်း၊(မျက်ရည်တောင် ကျလိုက်တယ်ထင် ပါတယ်)အောက်က မိန်းကလေး ပရိသတ်ကလည်း လိုက်ငိုဆိုတော့ ကြည့်နေ တဲ့ သူကိုပါ feeling တစ်ခုခုတော့ခံစားရစေမယ့် သီချင်းလေးပါ။အရမ်းမိုက် ပါတယ်။

READ
ဘ၀နေပျော်ဖို့အတွက် အရေးကြီးတဲ့ … ဟာသအမြင်

#5 Try Everything (Shakira )

တကယ်တော့ ကာတွန်းဇာတ်ကားတွေရဲ့ ဇာတ်ဝင်သီချင်းတွေထဲကနေ ရွေးပေးချင်တာ ဒီတစ်ပုဒ်တည်း မဟုတ်ပါဘူး။Frozen ထဲကLet It Go၊”Moana” ထဲက “How Far I’ll Go” တို့လည်း နားထောင်လို့ ကောင်းပြီး အရမ်းမိုက်ပါတယ်။ဒါပေမယ့် ဒီသီချင်းလေးဆိုရင်တော့ ခေါင်းစဉ်နဲ့ပိုလိုက်မယ် ထင်လို့ ရွေးလိုက်တာပါ။Zootopia ရဲ့ ဇာတ်ဝင်သီချင်းလေးပါ။ သီချင်းလေးက အရမ်း မြူးပါတယ်၊ဇာတ်ကားကလည်း တကယ်ကောင်းပါတယ်။ မကြည့်ဖူးသေးရင်တော့ အချိန်ရရင်တော့ ကြည့်ကြည့်ပါ။တကယ်ကောင်းတဲ့ ဇာတ် ကားလေးပါ။အကြိုက်ဆုံးစာသားဆိုရင်တော့Sometimes we come last but we did our best”” I wanna try even though I could fail”

#6 “Firework” by Katy Perry

ကိုယ့်ကိုယ်ကို ငါကဘာကောင်မှ မဟုတ်ပါဘူး။ဘာမှအသုံးမ၀င်တဲ့ သူ”ဆိုပြီး စိတ်ဓါတ်တွေ ကျနေ ရင်ေ တာ့ ဒီသီချင်းကို နားထောင် ကြည့်ပါ။ဒီ သီချင်း ကRise နဲ့တော့ အဓိပ္ပါယ်ခြင်း ကွာခြားပါတယ်။Taste တစ်မျိုးစီ ပါ။ (2010) ကထွက်ထားတာဆိုတော့ သီချင်းဟောင်းေ လးဆိုပေမယ့် သီချင်းကောင်းေ  လးပါ။စာသားတွေအရမ်းမိုက်ပါတယ်။မင်းက Firework ပဲလို့ ပြောထားတာပါ။ အကြိုက်ဆုံး ဆိုရင်တော့ “You don’t have to feel like a waste of space.You’re original, cannot be replaced”  စိတ်ညစ်နေတဲ့ အချိန်မှာ နားထောင်ဖြစ်တဲ့?နားထောင်လို့ ကောင်းတဲ့ တခြားသီချင်းတွေရှိ ရင်လည်း Comment Box မှာ ဝေမျှနိုင်ပါတယ်။

Nilar(Shwemom)

SHARE