အသည်းခဏခဏကွဲခြင်းရဲ့အကြောင်းအရင်းကတော့ သင်အရမ်းဟော့နေလို့ပါတဲ့

panajiotis/Pixabay

သင့်ဘဝမှာ အရွယ်ရောက်လာတဲထိ အကြောင်းအရင်းလည်းမရှိဘဲ ရည်းစားတစ်ယောက်ပြီးတစ်ယောက်နဲ့ ၃ နှစ်ထက် ပိုမတွဲဖူးဘဲ ခဏခဏအသည်းကွဲနေတာတွေ ကြုံတွေ့နေရပြီလား။ ဒါဆိုရင်တော့ သင်ဟာအရမ်းကို ဆွဲဆောင်မှုရှိပြီး ဟော့ဖြစ်နေသူဆိုတာ အသေအချာပါပဲတဲ့။ ဘာကြောင့်လဲဆိုတာ အောက်ကအချက်လေးတွေမှာ အဖြေရှာရင်း ကိုယ့်အဖြစ်နဲ့တိုက်နေမလားဆိုတာ ကြည့်လိုက်ကြရအောင်နော်။ ဒီအချက်ကိုတော့ ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသီတွေက ရှာတွေ့ခဲ့ပြီး Bride Side မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ဝိုင်းဝိုင်းလည်နေတတ်ခြင်း

ဆွဲဆောင်မှုရှိတယ်လို့ ဆန့်ကျင်ဖက်လိင်ဟာ သင်တို့ကိုထင်မြင်ကြတဲ့အတွက် သင်တို့နားမှာ ဝိုင်းဝိုင်းလည်နေသူတွေ အများကြီးရှိပါလိမ့်မယ်။ ဝိုင်းဝိုင်းလည်တယ်ဆိုတဲ့နေရာမှာလည်း အချိန်တစ်ခုတည်းမှာ စုပြုံရောက်လာတတ်တာမျိုးမဟုတ်ဘဲနဲ့ သင့်ဘဝထဲကို ရင်ခုန်အောင် စွဲဆောင်မယ့်သူတွေ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်း စသည်ဖြင့် ပေါ်လာလိုက်၊ ပျောက်သွားလိုက်လည်း ပါဝင်နေပါတယ်။ လူဆိုတဲ့ သဘာဝအတိုင်း ရွေးချယ်စရာမရှိတဲ့အချိန်မှာတော့ ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တတ်ကြပေမယ့်လို့ ရွေးချယ်စရာတွေ ပေါ်လာတဲ့အခါ ရှိရင်းစွဲတွေကို ခဏဖြစ်ဖြစ်တော့ ငြီးငွေ့လေ့ရှိကြပါတယ်။

READ
တစ်နှစ်ပတ်လုံး စိတ်ကြိုက်တည်းခိုလို့ရမယ့် ဆွီဒင်နိုင်ငံက ထူးဆန်းတဲ့ ရေခဲဟိုတယ်
Free-Photos/Pixabay

စိတ်ကစားခြင်း

ကိုယ်ဟာ ကိုယ့်ရဲူ့ပုံပန်းသဏ္ဍာန်က ဆွဲဆောင်မှုရှိတယ်ဆိုတာ မသိစိတ်ထဲမှာ သိနေတဲ့အတွက်ကြောင့် တစ်ခါတစ်လေတော့ အထင်ကြီးစိတ်ဝင်တတ်ကြပါတယ်။ အဲဒီလိုစိတ်ဝင်တဲ့အခါမျိုးမှာဆိုရင်တော့ လက်ရှိ ကိုယ့်ဘေးမှာချစ်သူရှိနေရင်တောင်မှ တခြားတစ်ယောက်ကို စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုစိတ်ကလည်း ယာယီပဲနော်။

5688709/Pixabay

နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ့်ရဲ့ဆွဲဆောင်မှုရှိခြင်းနဲ့ အိမ်ထောင်ရေးတည်မြဲခြင်းတို့ဟာလည်း သက်ဆိုင်နေတာပါပဲ။ ဆွဲဆောင်မှုရှိလေ၊ အိမ်ထောင်မမြဲလေပဲဆိုတာကို ကျောင်းတုန်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အမျိုးသားတွေနဲ့ စစ်တမ်းကောက်လေ့လာခဲ့ကြပါတယ်။ အမျိုးသားပေါင်း ၂၃၀ ကို လေ့လာခဲ့ပြီး ကျောင်းပြီးပြီးချင်း အနှစ် ၃၀ အတွင်းမှာရှိနေတဲ့ အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေးအခြေအနေတွေကို လေ့လာခဲ့ကြတဲ့အခါမှာတော့ အချစ်ရေးကံခေသူကြီးများအဖြစ်သာ တွေ့ခဲ့ကြပါတယ်တဲ့။ သာမန်လူတွေအပြင် အနုပညရှင်တွေကိုပဲ ကြည့်ပါလား။

ဒါပေမဲ့လို့ ဆွဲဆောင်မှုရှိနေသူလေးတွေဟာ အသည်းခဏခဏကွဲတတ်ပြီး အချစ်ရေးမှာ ရေရှည်အဆင်မပြေတတ်ကြလို့ အချစ်စစ်ကိုရှာမတွေ့တော့ဘူး၊ အိမ်ထောင်မကျတော့ဘူးလို့တော့ မထင်စေချင်ပါဘူးနော်။ အချိန်မှန်မှာ လူမှန်တော့ ရောက်လာစမြဲပါပဲနော့်။ ကိုယ့်ဖက်ကလည်း စိတ်မကစားဖို့တော့ လိုအပ်တာပေါ့။

Penny 

READ
(၂၀၁၈)ခုနှစ်မြင်းပွဲသဘင်ဆီ ရိုးရာဓလေ့အတိုင်း အမိုးတပ်လှည်းနဲ့ခရီးထွက်လာကြသူများ

 

SHARE