မိမိချစ်သူကောင်မလေးက မိမိအတွက်သင့်တော်ရဲ့လား

ကဲ … ဒီတစ်ခါတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် ရိုးရှင်းပြီး လွယ်ကူတဲ့ မေးခွန်းလေးတွေ စီစဉ်ထားပါ
တယ်။ အဖြေက No … ဆိုရင်တော့ အခြေအနေ သိပ်မကောင်းဘူးဆိုပါတော့ … No တွေ များလေ … အခြေအနေ မ
ကောင်းလေပဲ … အဲ … Yes …ဆိုရင် အိုကေ …  Yes တွေ များလေ အိုကေလေပဲ။ ဒါပေမယ့် … အရေးကြီးဆုံး မေးခွန်းက နောက်ဆုံးမှ လာတာဆိုတော့ အဲဒီတစ်ချက်တည်းနဲ့တင် ကျဉ်းဝင်မယ့်သူဖြစ်မလား … ကျဉ်းချော်မယ့်သူ ဖြစ်မလား … ကိုယ့်ဆရာတို့ ရိုးသားတဲ့သဘောနဲ့ ဖြေကြည့်ဗျာ။

(၁) သူမနဲ့တွေ့ပြီးနောက်ပိုင်း သင့်ဘ၀တိုးတက်လာသလား … ?။

ဒီချစ်သူကို ရထားပြီးတဲ့ နောက်ပိုင်း သင့်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတိုးတက်စေသလား၊ ဆုတ်ယုတ်စေသလား
သင် စဉ်းစားကြည့်ပါ။ ဒီနေရာမှာ ချစ်သူဟာ ဒါတွေနဲ့ မဆိုင်ဘူးလို့ ခပ်ချာချာ မတွေးပါနဲ့။ ဥပမာ- ချစ်သူက သင့်ဆီကနေ ငွေ သိန်း(20) ချေးတယ်ဆိုပါတော့။ ဒီအထိ သင့် စီးပွားရေးကို မထိခိုက်သေးပါဘူး။ ဒါပေမယ့် … အဲဒီကောင်မလေးက ဒီပိုက်ဆံကို တစ်ခြား အကျိုးမရှိတဲ့ဆီမှာ ဖြုန်းတီးပစ်လိုက်တယ်ဆိုရင်ကော … ?။ ဒါက ဥပမာ ပြောတာပါ။ ကျန်တဲ့အပိုင်းတွေမှာလည်း ဒီအတိုင်းပဲ။ မတိုးတတ်တာ အရေးမကြီးဘူး … ချစ်သူဆိုသည့် အကြောင်းကြောင့် ဆုတ်ယုတ်မှုတွေ ရှိ
တယ်ဆိုရင် … No … ပေါ့။

READ
ထားသွားတဲ့ကောင်မလေးကို ခေါက်ထားနိုင်ဖို့ အလွယ်ဆုံးနည်းလမ်း(၅)မျိုး

(၂) အမြဲတွေ့တိုင်း အမြဲတမ်းပြုံးပြနိုင်သလား၊ သူ့အကြောင်း နေ့စဉ်တွေးဖြစ်သလား၊ နေ့တိုင်းမပျင်းမရိ စကားပြောချင်သလား …?

ချစ်သူအပေါ်မှာ သင့် အချစ်စိတ်တွေဟာ လက်ဆက်အေးမြသလား၊ ချစ်သူရဲ့ အပြုံးဟာ သင် အလုပ်က ပြန်လာချိန်
အမြဲလိုလို အမောအပန်း ပြေစေလား … သူ့အကြောင်း မတွေးရ မနေနိုင် … တကူးတက တွေးမိသလား … သူနဲ့ နေ့စဉ်
စကားပြောရတာကို မငြီးငွေ့ဘူးလား … ဟုတ်တယ်ဆိုရင် Yes ပေါ့။

(၃) နာရီပေါင်းများစွာ(ဆက်တိုက်) မညည်းငွေ့ဘဲ၊ မပျင်းရိဘဲ အချိန်ဖြုန်းဘူးလား …?

ချစ်သူနဲ့အတူတူ တစ်နေရာရာမှာ မပျင်းမရိ၊ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းဖူးလား … မဖြုန်းဖူးသေးဘူးဆိုရင်လည်း ကျေကျေနပ်နပ်ကြီး အချိန်ဖြုန်းလိုတဲ့ စိတ် ရှိလား … တစ်ရက် … နှစ်ရက် … တစ်ပတ် … အဲဒီလို ဆက်တိုက်ဆိုရင်ကော
အဆင်ပြေပါ့မလား။ အဆင်တော့ ပြေပါတယ် … ကျွန်တော့်မှာက အလုပ်နဲ့ အကိုင်နဲ့ဆိုတော့ … ဆိုပြီး ထမင်းရေပူ လျှာမလွှဲပါနဲ့ … နောက်ဆို အကြာကြီး အတူတူ နေရမယ့်သူတွေလေ။

READ
စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ

(၄) သူမနဲ့ ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူလား … ?

ဒါကတော့ ကိုယ့်ကိုယ်ကို မညာနဲ့။ ထိုက်တန်ခြင်း မထိုက်တန်ခြင်းကို ဘယ်လို ဆုံးဖြတ်မှာလဲ-ပြန်မေးရင် ကျွန်တော် ဖြေလိုက်ပါ့မယ်။ သူ့ကို ယူဖို့ သတ္တိရှိလား … သတ္တိမရှိဘူးဆိုရင် မထိုက်တန်ဘူးပဲ … ဒါက အခြေခံအကျဆုံး အချက်။ ဒါမှမဟုတ် … သူ့ကို ယူဖို့ စိတ်ထဲမှာ သိမ်ငယ်စိတ် ဖြစ်လား … ဒါလည်း မထိုက်တန်ဘူး … ဒါမှမဟုတ် သူ့ကို ယူဖို့ ဘ၀င်
မြင့်တဲ့ စိတ်ဖြစ်နေလား … ဒါက ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို မညာပဲ ဖြေကြည့်ပါ။

(၅) သူမကကော သင့်ကို တကယ်ချစ်တယ်လို့ ထင်သလား …?

ဟော … နောက်ဆုံး မေးခွန်း လာပါပြီ။ သူမကကော သင့်ကို တကယ်ချစ်တယ်လို့ ထင်သလား …?တဲ့။ ဒါကလည်း ကိုယ့်
ဘာသာ အကင်းပါးဖို့ လိုမယ်။ အခုခေတ် မိန်းကလေးတွေကတောင် အတည်မကြံတာမျိုးတွေ ရှိရှိလာလို့ တစ်ချို့
လည်လှပါပြီဆိုတဲ့သူတွေတောင် ပုဆိုးနဲ့မျက်ရည်သုတ်ရင်း ကျန်ခဲ့တာတွေ မနည်းဘူး။ ဒီတော့ အခြေအနေ အရပ်ရပ်ကို သင် ဉာဏ်မီသလောက် သုံးသပ်ကြည့်ပါ။ သူမကကော သင့်ကို တကယ်ချစ်တယ်လို့ ထင်သလား …? Yes Or No …။

နတ်စည်တော် (Shwemom)

shwemom-2

SHARE