ဘာဂါစားပြိုင်ပွဲဝင်ရင်း အသက်ဆုံးရှုံးခဲ့ရင် အသုဘစရိတ် ပေါင်၅၀၀ပေးမယ်ဆိုတဲ့ ဆိုင်

KyleVfood/YouTube

အစားပြိုင်ပွဲတွေဆိုတာ ကျွန်တော်တို့နဲ့မစိမ်းသလို ဘာဂါစားပြိုင်ပွဲတွေဆိုတာလည်း အထူးအဆန်းတော့သိပ်ဖြစ်လှမယ်မထင်ဘူးဗျ။ ဒါပေမဲ့ The George Pub and Grill ဆိုတဲ့ Durham က စားသောက်ဆိုင်ရဲ့ ဘာဂါစားပြိုင်ပွဲကြီးကတော့ ပြိုင်ပွဲတကာ့ပြိုင်ပွဲထဲမှာမှ တော်တော်လေးကို ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုလို့ ဆိုလို့ရမှာပါ။

The George Pub and Grill ဆိုတဲ့ ဆိုင်ဟာ ဒီဘာဂါကို ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက စတင်တည်ခင်းခဲ့ကြတာဖြစ်ပါတယ်။ ဘာဂါမှာ ထုံးစံအတိုင်း ဘာဂါပေါင်မုန့် တစ်လုံးကိုထက်ခြမ်းခြမ်းကာ အလယ်မှာတော့ အရည်ပျော်နေတဲ့ချိစ့်ပြားတင်ထားတဲ့ အသားပြားကြီးတွေ၊ ကြွပ်ကြွပ်ရွရွဝက်ပေါင်ခြာက်တွေအပြင်ကိုမှ ဗန်းထဲမှာခပ်အုပ်အုပ်ခင်းထားတဲ့ အာလူးချောင်းကြော်အကိတ်ကြီးတွေလည်း ပါနေပါသေးတယ်။

ဘာဂါဆက်မှာပါဝင်မယ့် အသားပြားကို ၁ ချပ်မှ ၁၀ ချပ်အထိ ကြိုက်သလိုရွေးချယ်နိုင်ပေမယ့်လို့ အစားပြိုင်မယ်ဆိုရင်တော့ အသားပြား ၁၀ ချပ်ပါဝင်တဲ့ဘာဂါကိုသာ စားပြရမှာဖြစ်ပါတယ်။ အသားပြားက ၁၀ ချပ်၊ သူ့အပေါ်မှာ ချိစ့်ပြားတစ်ပြားစီကလည်းတင်ထားပြီး ဆားနယ်ဝက်ပေါင်ခြောက်တွေ၊ အာလူးချောင်းကြော်တွေကလည်း ပါသေးတယ်ဆိုတော့ အဲဒီဘာဂါတစ်ခုလုံးကို ကယ်လိုရီတွက်ကြည့်လိုက်တာ အနည်းဆုံး ကယ်လိုရီ ၁၂,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားရပါတယ်။

You Choose How Many Burger Patties…From 1 to Big Ben Number 10! 🍔

Posted by The George Pub & Grill on Wednesday, 14 August 2019

ယောက်ျားသားတစ်ယောက်ရဲ့ ကယ်လိုရီတောင် တစ်နေ့ကို ၂၅၀၀ ကနေ အလွန်ဆုံး ၃၀၀၀ အထိပဲရှိနေတဲ့အချိန် သူ့ဘာဂါတစ်ဗန်းလုံးစားလိုက်ရင် ၄ ဆလောက်ရှိတဲ့ ကယ်လိုရီတွေတက်သွားမှာဆိုတော့ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒီလိုမျိုး များပြားလှတဲ့ ကယ်လိုရီတွေကို တပြိုင်နက်တည်း စားလိုက်ပါက လူ့ခန္ဓာကိုယ်ကမခံနိုင်ဘဲ ရင်ဘတ်အောင့်ခြင်း၊ နုလုံးဖောက်ခြင်းတို့ဖြစ်ပေါ်စေပြီး အဆိုးရွားဆုံးကတော့ အသက်သေဆုံးသည်အထိ ဖြစ်သွားတတ်ကြပါတယ်လို့ Lad Bible မှာဖော်ပြထားပါတယ်။

READ
ချစ်တင်းနှောဖို့ငြင်းဆန်သူကို သတ်ဖြတ်ပြီး၊ အလောင်းကို ရေချိုးကန်ထဲမှာ အက်စစ်နဲ့ဖျော်ခဲ့သူ

အဲဒီအတွက်တော့ စိတ်မပူပါနဲ့.. စားသောက်ဆိုင်ကနေပြီး သင့်ရဲ့အုတ်ဂူဖိုးအပါအ၀င် အသုဘစရိတ်အဖြစ် ပေါင် ၅၀၀ ပေးသွားဦးမှာပါတဲ့။ ဘာဂါဖိုးကတော့ ပေါင် ၂၈.၉၅ တန်ပါတယ်တဲ့။ လက်ရှိမှာတော့ တစ်ယောက်တည်းစွားသွားပြီး အနိုင်ရသွားသူကတော့ အစားအသောက် YouTuber Hungry Kyle ခေါ် Kyle Gibson ပဲဖြစ်ပါတယ်။ ၂၁ မိတစ်နဲ့ ၅၆ စက္ကန့်တိတိကြာသွားခဲ့ပေမယ့်လို့ အသားပြားတွေကို ကိုက်လိုက်ရင် အရည်ရွှမ်းတဲ့အသားပြားကြီးတွေ၊ ငန်တန်တန်လေးနဲ့ ကြွပ်ကြွပ်ရွရွရှိနေတဲ့ ဝက်ပေါင်ချောက်နဲ့ အရသာရှိလှတဲ့အာလူးချောင်းကြော်တွေကြောင့် တစ်သက်လုံးစားဖူးသမျှဘာဂါတွေထဲ အကောင်းဆုံးပါပဲတဲ့။

Penny

SHARE