ဆွစ်ဇလန်မှာ ယာဉ်မောင်းလိုင်စင်ဖြေလို့ ကျရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြရသတဲ့

[email protected]

ကားလိုင်စင်ကို တစ်ခါတည်းမအောင်ဘဲ ၃၊ ၄ ခေါက်လောက် ဖြေထားရတဲ့သူတွေ ရှိလားမသိဘူး။ ဒီနိုင်ငံတွေမှာတော့ လိုင်စင်ဟာ ဘယ်နကြိမ်ဖြေဖြေ၊ မအောင်မချင်းဖြေလို့ရနိုင်ပေမယ့်လို့ ဆွစ်ဇလန်မှာဆိုရင်တော့ ဒါပြဿနာပါပဲ။

[email protected]

လူဆိုတဲ့အမျိုးကလည်း သာမန်အချိန်တွေမှာသာ ကားကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖြောင့်နေအောင်မောင်းနိုင်ရင် မောင်းနိုင်လိမ့်မယ် ဒါပေမဲ့ တကယ်တမ်း လိုင်စင်စာမေးပွဲလည်းဖြေရော မှန်ပြန်ချိန်ဖို့မေ့တယ်၊ ရပ်ပါဆိုတဲ့ ဆိုင်းဘုတ်မှာမရပ်မိဘူး၊ ကားလေးပတ်မောင်းရတာတောင်မှပဲ ဖြောင့်ဖြာင့်မမောင်းနိုင်ပဲ ကတုန်ကယင်တွေ ဖြစ်လေ့ရှိကြတယ်မလား။ ကျောင်းတုန်းက စာမေးပွဲဖြေသလိုပဲပေါ့။ စာတွေပိုင်အောင် တစ်လုံးမကျန်ရနေပေမယ့်လို့ စာမေးပွဲဆိုတဲ့ စိတ်ဖိဆီးမှုကြောင့် တကယ်လည်းဖြေရော စာတွေဘာတစ်လုံးမှ မရတော့တာမျိုး။

လိုင်စင်ဖြေတဲ့အခါလည်း အတူတူပဲပေါ့။ ဒီမှာဆိုရင် ကားပတ်မောင်းပြရင်သာ ကိုယ့်ဘေးနား ဆရာတစ်ယောက်တည်း လိုက်စစ်တာမျိုးလေ။ ပါကင်ထိုးရရင်ကျ အုပ်စုလိုက်ကြီး ဝိုင်းကြည့်ကြတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်တော့တာပဲ။ ဒါကြောင့်လည်း ပါကင်ဖြေရင် တစ်ခါတည်း မရကြတာများတယ်။

[email protected]_co_uk

ဆွစ်ဇလန်မှာတော့ တစ်ခါကျရင် တစ်လလုံး ယာဉ်မောင်းလိုင်စင်ဖြေဖို့ ကားမောင်းပြန်တက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးကို ၂ ခါမှ ၃ ခါအထိ ရနိုင်ပါသေးတယ်။ အဲ.. ဒါပေမဲ့ ၄ ကြိမ်မြောက်ကျရင်တော့ သင်ပြဿနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။ ဘာကြောင့်ဆို ၄ ကြိမ်မြောက် ယာဉ်မောင်းလိုင်စင်ဖြေတာ ကျတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ရှိနေလို့ဆိုပီး သတ်မှတ်ကာ စိတ်ရောဂါကု ဆရာဝန်ဆီကို အပို့ခံရပါတယ်တဲ့လေ။ နောက်ပြီး လိုင်စင်ဖြေဖို့အတွက် အရေးပေါ်ရှေးဦးသူနာပြု ပြုစုနည်းတွေကို အချိန် ၁၀ နာရီမပြည့်ပြည့်အောင် သင်တန်းတက်ရပါသေးကြောင်း Unilad သတင်းစာမျက်နှာက ဖော်ပြထားပါတယ်။

READ
မိဘတွေ ပြောတဲ့ အဖြူရောင်မုသားတွေ အကြောင်း

Penny

SHARE