စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြောင့် စိတ်ကျန်းမာရေး မထိခိုက်စေမယ့် နည်းလမ်းများ

Image://pixabay /TheDigitalArtist

အိမ်မှာပဲ နေ ရ တော့ ဆိုရှယ်မီဒီယာပေါ်မှာ အချိန် ကုန်၊ဆိုရှယ်မီဒီယာမှာ တက်လာသမျှ သတင်းတော်တော် များများ ကလည်း စိတ် မချမ်း မြေ့ စရာ တွေ ကများနေပါတယ်။လူတော်တော်များများက  သတိမထားမိတာ တစ်ခုရှိပါတယ်။ ဒီလို အကြောင်းအရာတွေ ကို မြင်ရ၊ကြားရပါများရင် ကြည့်မိမြင်မိတဲ့ သူ့ရဲ့ စိတ် ကျန်းမာရေးကို အနည်းနဲ့ အများ ဆို သလို ထိခိုက် စေပါတယ်။ဒါဆိုရင် လက်ရှိဖြစ်နေတဲ့ ဘာသတင်းကိုမှ မကြည့်ပဲ သတင်း အ မှောင်ချ ပြီး နေရ တော့ မှာ လား ဆိုရင်တော့ အဲ့ဒီလို တော့ လုပ်စရာ မလိုပါဘူး။လိုအပ်တဲ့ အချိန်လောက်ပဲ ကြည့်ပြီး စိတ်ညစ်စရာ တွေ ပဲ မဟုတ်ပဲ ကိုယ့်စိတ်ကို ပျော်စေမယ့် အရာမျိုးလေးတွေကိုလည်း ပြုလုပ်ပေးပါ။ဒါပေမယ့် နှလုံးရောဂါရှိတဲ့ လူမျိုး၊အ ရင်တည်းက စိတ်ကျ ရောဂါ ခံစားနေရတဲ့ လူမျိုး တွေ ကတော့ ၀မ်းနည်းစရာ စိတ် မချမ်း မြေ့ စရာ သတင်း တွေကို  တက်နိုင်သမျှ လျော့ ကြည့်တာ အကောင်းဆုံးပါ။

(၁)ပျော်စရာ အကြောင်းအရာလေးတွေကိုလည်း မျှ ကြည့်ပါ

Image:shutterstock/By Look Studio

တစ်ချိန် လုံး မျက်စိ နှစ်လုံး ပွင့်တာနဲ့ စိတ် မ ချမ်း မြေ့စရာ သတင်းတွေ ကိုပဲ မြင် နေ၊ကြား နေ ရရင်တော့ သင့်ရဲ့ စိတ် ကျန်းမာရေးကို အနည်းနဲ့ အများဆိုသလို ကြာလာ လေ ထိခိုက် လေ ဖြစ်နေမှာပါ။ဒါကြောင့် ပျော်စရာ ကောင်းတဲ့ အကြောင်းအရာလေးတွေကိုလည်း မျှ ကြည့်ပါ။ဥပမာ- ဟာသ ဗီဒီယိုဖိုင်လေးတွေ ကို ကြည့်တာ၊ အပြု သ ဘော ဆောင်တဲ့ သတင်း   အကြောင်းအရာလေးတွေ၊စိတ်ချမ်း မြေ့စရာ ၊ပျော်စရာ အကြောင်းအရာ လေး  တွေ ကိုလည်း  ရှာကြည့်၊ရှာ ဖတ်ေ ပးပါ။ကမ္ဘာကြီး ပေါ်မှာ အဆိုးတွေ ကြီးပဲ ဖြစ်နေ၊ကြုံ နေရတာ မဟုတ်ပါဘူး။

(၂)စိတ်အလို မလိုက်ပါနဲ့

Image:shutterstock/By GP PIXSTOCK

ပျော်စရာ သတင်းသတင်း နဲ့  စိတ်ညစ်စရာ၊ဒေါသ ထွက်စရာ သတင်းတွေ ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင်  မကောင်း တဲ့ သတင်းဆိုရင် လူတွေ က ပို စိတ်ဝင်စားကြပါတယ်။စိတ်ကျ ရောဂါ ခံစားနေရတဲ့ လူမျိုး တွေ ဆိုရင် စိတ် ပျော်စ ရာ ထက် စိတ်ညစ်စရာ အ ကြောင်းအရာ တွေကိုပဲ ပိုပြီး ကြည့်ဖြစ် ကြပြီး အဲ့လို သတင်းတွေ က ပဲ သူတို့ စိတ် ကို ပို ဆွဲ ဆောင်နိုင်တာကို တွေ့ရပါတယ်။ဒါကြောင့် မကောင်းတဲ့အ ရာတွေ ကိုဆိုရင် ပို သိချင်၊စူးစမ်းချင် တဲ့ စိတ်ကို လျှော့ ပါ။ကောင်းတဲ့ သတင်းလေးတွေ၊စိတ်ဓါတ် တက်ကြွ စေမယ့် အရာလေး တွေကိုပဲ စိတ်ဝင်စားတတ် လာ အောင် ကိုယ့်စိတ်ကိုယ် အကျင့်လုပ်ပေးပါ။

READ
သင်ကြားဖူးမှာတောင် မဟုတ်တဲ့ ကမ္ဘာတစ်ဝှမ်းမှ အထူးခြားဆုံး အားကစားများ

(၃)အာရုံလွှဲ ပစ်လိုက်ပါ

Image://unplushJason Briscoe /

ဒါကတော့ လူတိုင်း မဖြစ် မ နေ လုပ်ပေးရမယ့် အချက်ပါ။တစ်ခါ တ လေ ကျရင် လူ့ စိတ်က မကောင်းတဲ့ အရာ မျိုးကို မှ ပိုပြီး စိတ်ထဲမှာ စွဲ နေတတ်ပါတယ်။မသတီ စရာ သတင်း တစ်ခုကို မြင်ပြီး ဖတ်ပြီး စိတ် ထဲက နေ ဖျောက် ပစ်လို့ မရပဲ အချိန် တော်ကြာတဲ့ အထိ  စိတ်ဆွဲ နေတာမျိုး၊တွေးမိတိုင်း ရင်ဘတ်ထဲမှာ ကတုံကရင် ဖြစ်တဲ့  အခြေ အနေ မျိုးကို ကြုံ ဖူးကြမှာပါ။တက ယ်လို့ များ ကိုယ်က အဲ့လို အကြောင်းအရာ တွေ မြင် ပြီး ရင် လွယ်လွယ်နဲ့ မေ့ မရ တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် အဲ့ဒါမျိုးတွေ ကို လုံးဝ မကြည့်ပါနဲ့။တကယ်လို့ ကြည့်မိပြီဆိုရင်လည်း အတက်နိုင်ဆုံး မေ့ပစ်ဖို့ ကြိုးစား ပေးပါ။ မေ့ လို့ မရ ရင်တော့ စိတ်အာရုံကို တစ်နည်းနည်းနဲ့ အာရုံလွှဲ ပေးပါ။ဥပမာ- အိမ်သန့်ရှင်းေ ရးပဲ ဖြစ်ဖြစ် တစ်ခုခုကို ထ လုပ် လိုက်တာမျိုး၊ပျော်စရာ ကောင်းတဲ့ သီချင်းဖွင့်ပြီး ထက လိုက်တာ၊ပျော်စရာ တစ်ခုခု ကို ပြန်တွေးတာ၊ပျော် စရာဗီဒီယိုဖိုင် ၊အကြောင်းအရာ ကို ကြည့်လိုက်တာမျိုး လုပ်လိုက်ပါ။

READ
သင့်အိမ်မွေးကြောင်ကလေးက သင်အိမ်ပြန်လာချိန်ကို ကြိုသိနေရတဲ့ အကြောင်းရင်း

(၄)စိတ်ကို အနား ပေးနိုင်တဲ့ အရာတစ်ခုခုကို ပုံမှန်လုပ်ပေးပါ

Image://pixabay /lograstudio

စိတ်ကို သေချာ လေး အနားပေးလို့ ရမယ့် အရာလေးတစ်ခုခုကို နေ့တိုင်း ပုံမှန် လုပ် ပေးပါ။တရားထိုင် တာ ကလည်း စိတ် တည်ငြိမ် ပြီး စိတ်အာရုံစုစည်းမှု အားကောင်းစေတဲ့ အရမ်း ကောင်းတဲ့ အရာ တစ်ခုပါ။ဒါ ကြောင့် တစ်နေ့ ကို အနည်း ဆုံး  (၁၅)မိနစ်၊နာရီ ၀က် လောက် တော့ တရားထိုင်ပေးပါ။နောက်ထပ် တခြား လုပ်လို့ ရတဲ့ အရာ တွေ လည်း  ရှိပါတယ်။အဲ့ဒါက တော့ ယောဂ (ဒါမှမဟုတ်) ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို နေ့စဉ် ပုံမှန် ပြု လုပ်  ပေးပါ။

(၅)ကိုယ့်ရဲ့ စိတ် အခြေ အနေကို အမြဲ သတိထားပြီး သုံးသပ်ပေးပါ

Image://pixabay /AbsolutVision

မိသားစုရှိရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ရဲ့ စိတ် အခြေအ နေ အပြုအမူ ပြောင်းလဲ မှု တွေကို သေချာ စောင့် ကြည့်ပေးပါ။မိသားစုမရှိရင်တော့ ကိုယ့်ကိုယ်ကိုပဲ ဂရုတစိုက် စောင့် ကြည့်ပါ။ကိုယ့်ရဲ့ အ နေ အထိုင် အပြု အမူ တွေ မှာ ပြောင်းလဲ မှု တွေရှိနေလား ဥပမာ – ညဖက် အိပ် မပျော်တာ တွေ များနေပြီး၊ဆံပင်တွေ အရမ်း ကျွတ် နေပြီလား ၊ တစ်ယောက်တည်း အထီးကျန်သလို ခံစားနေရပြီ လား ဆိုတာ ကို သေချာ ပြန်စဉ်းစားသုံးသပ် ပေးပါ။တကယ်လို့ များ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးမှာ ပြဿနာရှိနေပြီလို့ ခံစားနေရရင်တော့ စိတ်ကျန်းမာရေး ဆရာဝန်တွေ နဲ့ တိုင်ပင်ပါ။ဆရာ ၀န် နဲ့တိုင်ပင်လို့ အဆင်မ ပြေရင်တော့ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့ ။အရင်းနှီးဆုံး တစ်ယောက် ယောက်ကို ရင်ဖွင့်လိုက်ပါ။

#SHWEMOM

SHARE