ဥာဏ်ကောင်းတဲ့လူတွေမှာရှိတဲ့ ထူးခြားတဲ့အကျင့်များ

shutterstock/By WHYFRAME

IQ ကို တိုင်းတာတယ်ဆိုတာ တကယ်တော့မလွယ်ပါဘူး။ IQ ဆိုတာ လူအမျိုးမျိုးအတွက် အဓိပ္ပါယ်အမျိုးမျိုးရှိမှာပါ။ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဦးနှောက်ကောင်းတယ်ဆိုတာ သတင်းအချက်အလက်တွေကို လျင်မြန်စွာတွေးဆနိုင်တယ်၊ယေဘုယျကျကျတွေးခေါ်နိုင်တယ်၊ဖန်တီးနိုင်စွမ်းရှိတယ်၊ပြဿ    နာတွေကို အလွယ်တကူ ဖြေရှင်းနိုင်တယ်ဆိုတာကို ခေါ်တာပါ။ဒါပေမဲ့ သင်ဟာ ဥာဏ်ကောင်းတယ်ဆိုရင် သင့်မှာ ဦးနှောက် အကြီးကြီးရှိမယ် ၊အရမ်းတော်ရမယ် ၊ပညာတွေ မိုးပျံနေအောင်တတ်နေမယ်လို့တော့ အဓိပ္ပါယ်မရပါဘူး။ဥာဏ်ကောင်းတယ်ဆိုတာနဲ့ အသိပညာရှိတာနဲ့က မတူပါဘူး။အခုတော့ ဥာဏ်ကောင်းတဲ့ လူတွေဆီမှာတွေ့ရတတ်တဲ့ ယေဘုယျ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အဆဲသန်ပါတယ်။

shutterstock/By Liderina

ဒီစကားက ထူးဆန်းနေသလိုပါပဲ။လူတစ်ယောက်က သင့်ကို လာအော်ဆဲနေမယ်ဆိုရင် သူကို့ဥာဏ်အရမ်းကောင်းတယ်လို့ သင်ထင်မိမှာမဟုတ်ပါဘူး။ Language Studies ဆိုတဲ့လေ့လာချက်မှာ ဆဲတဲ့လူတွေဟာ ဝေါဟာရ ပိုများပြီး မဆဲတတ်တဲ့လူတွေထက် ပိုဥာဏ်ကောင်းပါသတဲ့။

၂။စွန့်စားရဲကြပါတယ်။

ဖင်လန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ကားကို အပြင်မှာတကယ်မောင်းနှင်ရသလို လုပ်ထားပြီး လူတွေကို မောင်းခိုင်းကြည့်တဲ့အခါမှာ စိန်ခေါ်မူတွေကို လက်ခံပြီး စွန့်စားရဲတဲ့သူတွေဟာ IQ ပိုမြှင့်တာကိုတွေရပါတယ်။

READ
နော်ဝေလေယာဉ်တစ်စီး ခရီးစဉ်ဆုံးခါနီးမှ လာလမ်းကိုလှည့်ပြန်ခဲ့ရတဲ့ အကြောင်းအရင်း

၃။ ပျင်းရိလွယ်တတ်ကြပါတယ်။

shutterstock/By Africa Studio

Florida တက္ကသိုလ်ရဲက လေ့လာချက်အရ ထက်မြက်တဲ့လူတွေဟာ ပျင်းရိတတ်ကြပါပြီး သူတို့ဟာကိစ္စတစ်ခုကို အကြာကြီးစိတ်မ၀င်စားတတ်ကြလို့ပါတဲ့။ဥာဏ်ကောင်းတဲ့ သူတွေဟာ ကိစ္စတစ်ခုကို လွယ်လွယ်သဘောပေါက်တတ်ကြပြီး ကိစ္စတစ်ခုအတွက် အကြာကြီးအချိန်ပေးစရာမလိုလိုပါဘူး။

၎။စိုးရိမ်တတ်ကြပါတယ်။

နယူးယောက်က SUNY ဆေးသုတေသနပြုချက်အရ စိုးရိမ်တတ်ကြတဲ့လူတွေဟာ မစိုးရိမ်တတ်တဲ့လူတွေထက် IQ ပိုမြင့်တာကိုတွေ့ရှိရပါတယ်။စိုးရိမ်တတ်တဲ့သူတွေဟာ အခြေအနေတွေကို တွေးတောနေတတ်ပြီး ယေဘုယျကျကျတွေးခေါ်တတ်ခြင်း၊ပြဿ    နာကို ဖြေရှင်းတတ်ခြင်း၊ကျိုးကြောင်းဆီလျော်တတ်ခြင်းတို့နဲ့ပြည့်စုံတတ်ကြတယ်လို့သိရပါတယ်။

၅။ ကြောင်ချစ်တတ်ကြတယ်။

ကာရိုးလ်တက္ကသိုလ်ရဲ့ ကျောင်းသားအယောက် ၆၀၀ ကျော်ကိုလေ့လာချက်အရ ကြောင်ချစ်တတ်တဲ့သူတွေဟာ ခွေးချစ်တတ်တဲ့လူတွေထက် ပိုဥာဏ်ကောင်းတာကို တွေ့ရပါတယ်။အထက်ပါအချက်များဟာ ဥာဏ်ကောင်းတဲ့ သူတွေမှာ ယေဘုယျတွေ့ရတဲ့အချက်တွေဖြစ်ပြီး ဥာဏ်ကောင်းစေရန် လုပ်ဆောင်သင့်သောအချက်များ မဟုတ်ပါ။

Lumos(Shwemom)

Ref : YourTango

SHARE