နောင်လာနောက်သားတွေကို စိတ်ဓာတ်ခွန်အားအများကြီးရစေတဲ့ ဖိုးဖွားတို့ရဲ့ ပုံရိပ်များ

ပညာရှာမှီးခြင်းဟာ အသက်အရွယ်ပေါ်မှာ မမှီခိုပါဘူး။ ငယ်ငယ်တုန်းက သေချာပညာမသင်ခဲ့လိုက်ရလို့ အသက်ကြီးမှ ကောလိပ်တက်မယ်၊ ကျောင်းတက်မယ်ဆိုလည်း နောက်မကျသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ သင်ယူဆည်းပူးခြင်းဆိုတာ ရှိမှသာ ဘ၀ဟာ နေပျော်ဖွယ်ကောင်းတာပါ။ ဒါကြောင့် ကောလိပ်တက်ရမယ့် အရွယ်ကို လွန်သွားလို့ ၊ ပညာကောင်းကောင်းသင်ရမယ့် အရွယ်ကို ကျော်သွားလို့ဆိုပြီး ကိုယ်အမှန်တကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာလိုက်စားဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။ အောက်မှာတော့ brightside ကနေတဆင့် တွေ့ရှိရတဲ့ အသက်ကြီးမှဘွဲ့ထူး၊ ဂုဏ်ထူးတွေ ရယူနိုင်ခဲ့တဲ့ ဖိုးဖိုးဖွားဖွားတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အသက်(၉၄) နှစ်ရောက်မှ ဘွဲ့ရခဲ့တဲ့ ဖိုးဖိုး

© Rockarmor / Reddit

သစ်သီးရောင်းသူအဖြစ်မှ ဘွဲ့ရပညာတတ်ကြီးတစ်ဦးအဖြစ်သို့…

© arcticosaurus / Imgur

အိပ်မက်တွေတကယ်ဖြစ်လာပြီလို့ ပြောခဲ့တဲ့ အသက်(၉၉) နှစ်အရွယ် ကောလိပ်ဘွဲ့ရဖွားဖွား

 

အသက်(၈၈) နှစ်မှာ ဒေါက်တာဘွဲ့အရယူခဲ့တဲ့ ဂျပန်က ဖွားဖွား

 

ပရိတ်သတ်အားလုံးက မတ်တပ်ရပ်ပြီး သြဘာပေးခံခဲ့ရတဲ့ ဘွဲ့ယူမယ့် ဖွားဖွား

© unknown / Imgur

အခုတော့ ဘွဲ့ရခဲ့ပြီ..

© Plebsplease / Redit

အသက်(၇၁) နှစ်မှာ ဘွဲ့ရပြီး သားတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးစဉ်

© AlbertSpinestein / Imgur

ဒုတိယကမ္ဘာစစ်အပြီး နှစ်(၇၀) ကျော်အကြာ အသက်(၉၀) ရောက်မှ ဘွဲ့ယူနိုင်ခဲ့တဲ့ စုံတွဲ

instagram/tustintillers

(၆၂) နှစ်ကျမှ ဘွဲ့ရခဲ့သူ

© carolyndao / Reddit

(၇၃) နှစ်မှ အထက်တန်းအောင်လက်မှတ်ရခဲ့တဲ့ ဖွားဖွား

© JOKOPOWER / Imgur

အသက်(၈၇) နှစ်မှာ အမေရိကန်တန်နက်ဆီအရှေ့ပိုင်းပြည်နယ်တက္ကသိုလ်မှာ ဘွဲ့ရပုဂ္ဂိုလ်တွေထဲ အသက်အကြီးဆုံးဖြစ်လာခဲ့တဲ့ ဖွားဖွား

© u/sarahamanda88 / Reddit

လင်းလင်း (ShweMom)

SHARE