ခရီးသွားကောင်းတစ်ယောက်ဖြစ်ဖို့ ပြုလုပ်သင့်တဲ့ အချက်လေးများ

လူအများစုဟာ ခရီးသွားရတာကို နှစ်ခြိုက်ပါတယ်။ နေရာသစ်တစ်ခုကို ရောက်ရင်ပြီးရောစိတ်နဲ့ ခရီးထွက်သူတွေ ရှိသလို ၄င်းနေရာသစ်ရဲ့ ယဉ်ကျေးမှုတွေ၊ ဒေသခံလူတွေကို စိတ်ဝင်တစားနဲ့ စူးစမ်းလေ့လာတတ်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ခရီးထွက်တဲ့အခါ အပျော်သက်သက်မဟုတ်ပဲ ကိုယ့်အတွက်လည်း လေ့လာစရာ ဗဟုသုတွေ တစ်ပါတည်း ယူဆောင်နိုင်ဖို့ ဘယ်လိုအချက်တွေကို မှတ်ထားသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ခဏတာ အလည်သွားမယ့် နေရာဟာ အခြားသူတစ်ဦးရဲ့ အိမ်ပါ

shutterstock

တကယ်လို့ ကိုယ်သွားလည်တဲ့ နေရာမှာ ကလေးပါ ပါလာခဲ့ရင် နေရာသစ်ရဲ့ ယဉ်ကျေးမှုအကြောင်းလေးကို ပြောပြပါ။ ဒါမှ အခြားသူတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ သူတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေ အကြောင်းကို တန်ဖိုးထား လေးစားတတ်စေဖို့ ဖြစ်ပါတယ်။

ကိုယ်သွားမယ့်နေရာကို မသွားခင် အရင်လေ့လာပါ

shutterstock

ဒေသခံတွေမှာ ဘယ်လိုစရိုက်မျိုး ရှိကြလဲ၊ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ သွားလည်သင့်တဲ့ နေရာတွေဟာ ဘယ်နေရာတွေလဲ၊ သူတို့ရဲ့ ယဉ်ကျေးမှုက ဘယ်လိုလဲ စသဖြင့် လေ့လာထားသင့်ပါတယ်။

READ
လေယာဉ်ပေါ်မှာ အခမဲ့ရနိုင်တဲ့အရာများ

ဒေသခံယဉ်ကျေးမှုကို လေးစားပါ

shutterstock

ကမ္ဘာကြီးထဲ ရှိသမျှ အရာအားလုံးဟာ ထူးခြားပြီး တစ်ခုနဲ့တစ်ခု ကွဲပြားပါတယ်။ ဒါကို နားလည်လက်ခံထားရင် အခြားနိုင်ငံတစ်နိုင်ငံ ရောက်သွားတဲ့အခါ ပိုပြီးအဆင်ပြေစေမှာပါ။

ဓာတ်ပုံမရိုက်ခင် ခွင့်ပြုချက်တောင်းပါ

shutterstock

ဒီအတိုင်း ဓာတ်ပုံရိုက်လိုက်လို့ ရပေမယ့် သူတို့ရဲ့ ယဉ်ကျေးမှုကို လေးစားတဲ့အနေနဲ့ ဒေသခံတွေကို ဓာတ်ပုံရိုက်ချင်တဲ့အခါ ခွင့်တောင်းသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အချို့နေရာတွေမှာ ဓာတ်ပုံအရိုက်ခံလိုက်ရင် သူတို့စိတ်ဝိဥာဏ်ရဲ့တစ်စိတ်တစ်ဒေသဟာ ဆုံးရှုံးသွားတယ်ဆိုပြီး ယုံကြည်ထားတဲ့ လူတွေရှိနေလို့ ဖြစ်ပါတယ်။

ဒေသသုံးစကားလေ့လာပါ

shutterstock

ဒါကတော့ မြို့ထဲသွားလာတဲ့အခါ ဒေသခံတွေနဲ့ ပိုပြီးရင်းရင်းနှီးနှီးစကားပြောဆိုဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒေသလုပ် အမှတ်တရပစ္စည်းတစ်ခုခုကို ၀ယ်လာပါ

shutterstock

ကိုယ်သွားတဲ့ ခရီးစဉ်အကြောင်း ပြန်တွေးလိုက်တိုင်း အမှတ်ရစေမယ့် ပစ္စည်းတစ်ခုကို ၀ယ်ယူပါ။ ပစ္စည်းလေးကို ကြည့်လိုက်ရင် ကိုယ်လည်ပတ်ခဲ့တဲ့ နိုင်ငံနဲ့ ယဉ်ကျေးမှုကိုပါ ပြန်လည်မြင်ယောင်နိုင်အောင်လို့ ဖြစ်ပါတယ်။

ဒေသထွက် အစားအသောက်တွေကို မြည်းစမ်းကြည့်ပါ

shutterstock

ဒေသခံလူတွေဟာ ဘယ်လိုအရသာမျိုးတွေကို စားလေ့ရှိလဲဆိုတာ လေ့လာကြည့်သင့်ပါတယ်။ မစားဖူးတဲ့ အစားတွေကိုစားရလို့ တစ်ခုခုဖြစ်မှာကြောက်ပြီး မက်ဒေါ်နယ်ဘာဂါပဲစားလိုက်တဲ့ အဖြစ်မျိုး မရှိသင့်ပါဘူး။

READ
ငွေကုန် လူပန်းပြီး အကျိုးမရှိဖြစ်ရတဲ့ ကမ္ဘာ့အထင်ကရ နေရာများ

စူးစမ်းပါ

shutterstock

ကိုယ်မသိတဲ့နေရာမှာ ကိုယ်မသိတဲ့လူတွေရဲ့ မျက်နှာကို ကြည့်ရတာကလည်း အရသာတစ်မျိုးပါ။ ဒါကြောင့် အချိန်ယူပြီး လျှောက်သွားပါ၊ အသစ် အသစ်တွေကို လေ့လာပါ။

အများသုံးယာဉ်တွေကို အသုံးပြုပါ

shutterstock

ဘတ်စ်ကား၊ ရထားစတဲ့ အများသုံးယာဉ်တွေကို အသုံးပြုတာဟာ ကုန်ကျစရိတ်သက်သာရုံတင်မကပါဘူး။ နေရာစုံအနှံ့ရောက်မယ့်အပြင် ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုစရိုက်ကိုပါ အများကြီးလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE