PR လေ့လာနေသူတွေ၊PR သမားတွေ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကား(၅)ကား

ဒီလူက PR ကောင်းတယ်၊ဒီလူ က PR မကောင်းဘူးဆိုပြီး ပြောနေတဲ့ စကားတွေကို ခဏခဏကြားဖူးကြမှာပါ။PR ရဲ့ အရှည်ကတော့ Public Relations ပါ။အခုဆိုရင်တော့ အလုပ်တွေမှာလည်း PR Officer ဆိုပြီး အလုပ် တွေ ခေါ် နေကြတာတွေ အများကြီးပါ။PR ကို ဘာသာရပ်တစ်ခုအနေနဲ့လည်း လေ့လာသင်ယူနေကြပါတယ်။စကားကြွယ်ကြွယ် နဲ့ PR Skill ကောင်းချင်တဲ့ သူတစ်ယောက်ဖြစ်ချင်သူတွေ အတွက်ရော၊PR ရဲ့ အဓိပ္ပါယ် ကို သေချာ နား လည် သေ ဘာပေါက်ချင်တဲ့ သူတွေအတွက် PR ဆိုတာ ဒါကြီးပါဆိုပြီး ရှင်းရှင်းလင်းလင်းသိစေနိုင်မယ့် ဇာတ်ကား (၅) ကားကို ဖော်ပြပေးချင်ပါတယ်။

(1)Thank you for Smoking

အရင်ဆုံးရွေးပေးချင်တဲ့ ဇာတ်ကားကတော့ Thank you for Smoking ပါ။(၂၀၀၅)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကား ပါ။Nick Naylor (Aaron Eckhart) ကတော့ ဒီကားမှာ ဆေးလိပ်ကုမ္ပဏီတစ်ခုရဲ့ လော်ဘီ(Lobby) ပါ။ဇာတ် ကောင် ရဲ့ စကားပြောဆိုတာ ပါးနပ်လိမ္မာမှု၊စီးပွားရေး၊လူမှုရေးပညာတွေ ပြည့်နေတဲ့ ပညာပေးဇာတ်ကား တစ်ကား လို့ တောင် ပြောလို့ရပါတယ်။တကယ့်လက်တွေ့ လော်ဘီသမားတွေရဲ့ Life ကို ပုံဖော်ထားတာပါ။မကောင်းမှန်း သိတဲ့ ဆေးလိပ်ကို သူ့ရဲ့ ကုမ္ပဏီအတွက် ဆေးလိပ်ဘက်ကနေ ချက်ကျလက်ကျခု ခံကာကွယ်မလဲ၊တစ်ဖက်မှာလည်း သား ဖြစ် သူအတွက် စံပြဖခင်ကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လိုတွေ ကြိုးစားမလဲ ဆိုတာကိုတော့ ဒီကား ထဲမှာ တွေ့ရမှာပါ။လက်တွေ့ တကယ့်ဘ၀မှာ ဖြစ်နေတဲ့ အရာတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။

READ
ဒီဇင်ဘာလ ပထမအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

(2)Jerry Maguire

ဒီကားကတော့ (၁၉၉၆)ခုနှစ်က ဇာတ်ကားပါ။Jerry Maguire ကတော့ ထိပ်တန်းကုမ္ပဏီတစ်ခုရဲ့ PR သမား အဖြစ် နဲ့ အလုပ်လုပ်နေရင်းနဲ့ပဲ Maguire တစ်ယောက်ရုတ်တရက်ဆိုသလို ပြောင်းလဲရမယ့် အရာတွေကို သဘော ပေါက် နားလည်သွားခဲ့ပြီး memo တစ်စောင်ရေးပြီး၊ အလုပ်ထုတ်ခံရမယ့် နည်းလည်းတွေကို ကိုယ်တိုင်ရှာဖွေ၊ကိုယ်ပိုင် Management ကုမ္ပဏီစတင်ထူထောင်ဖို့လုပ်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ အချစ်၊အောင်မြင်မှု ဇာတ်ကားလေးပါ။

(3)Jersey Girl

ဝေဖန်သူတွေ အများကြီးဆီကနေ မကောင်းတဲ့ negative attention တွေ ရခဲ့ပေမယ့်လည်း Jersey Girl ဆိုတဲ့ ဇာတ်ကားဟာ PR နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ၊ဖိအားပေးမှုတွေကို ကွက်ကွက်ကွင်းကွင်းဖော်ပြ ထားတဲ့ ဇာတ်ကား ကောင်းတစ်ကားပါ။တကယ်လို့များ သင်ဟာ PR Field ထဲမှာရှိနေမယ်၊PR ဘာသာရပ်ကို လေ့လာ နေသူ ဆိုရင် တော့ ကြည့်ဖြစ်အောင်ကြည့်ပါ။Ollie Trinke (Ben Affleck) ဆိုတဲ့ အလုပ်မှ အလုပ်ဆိုတဲ့ music promoter နဲ့ Gertrude Steiney (Jennifer Lopez) ဆိုတဲ့ အယ်ဒီတာ တို့ တွေ့ဆုံတဲ့ အခါမှာ ဘာတွေ ဖြစ်လာမလဲဆို တာကို လုပ်ငန်းသဘောရော၊အချစ်ပါတွဲမြင်ရမယ့် ဇာတ်ကားကောင်းလေးပါ။

READ
ဂျင်းဖက်ရှင်လေးနဲ့ ပုံစံတစ်မျိုး မိုက်နေပြန်တဲ့ ရွှေစင်

(4)The Social Network

(2010) မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကားကတော့public relations ရဲ့ ပါဝါက ဘာလဲ ဆိုတာကို ကောင်းကောင်းကြီးနားလည်သွားစေမယ့် ဇာတ်ကားပါ။အမေရိကန်စာရေးဆရာ Ben Mezrich ရဲ့ “The Accide ntal Billionaires.” ဆိုတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားတာပါ။(၂၀၀၃)တုန်းက harvard undergraduate ကျောင်းသားလေး၊ကွန်ပျူတာဥာဏ်ကြီးရှင် Mark Zuckerberg က လူတွေက အခုသုံးနေတဲ့ Facebook ဆိုတဲ့ အရာ ကြီးကို စတင်ခဲ့တုန်းကအကြောင်းကို ရိုက်ကူးထားတာပါ။ Jesse Eisenberg က Mark Zuckerberg အဖြစ် သရုပ်ဆောင်ထားပါတယ်။

(5)Steve Jobs

(2015) ကထွက်ရှိခဲ့တဲ့ဇာတ်ကားပါ။ဒီကားတော့ Michael Fassbender က   ‘Steve Jobs’ နေရာကနေ သရုပ်ဆောင်ထားပါတယ်။

Source movieblog

SHARE