အိုသွေးပိုင်ရှင်များ သိထားသင့်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

လူ့သွေးအမျိုးအစားဟာ (၄) မျိုးရှိကြောင်း ကားလ်လန်းဒ်စတိန်နာဆိုသူ သြစတေးလျဆရာဝန်တစ်ဦးက (၁၉၀၀) ခုနှစ်များဆီမှာ ဖော်ထုတ်သတ်မှတ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေတစ်ရပ်နဲ့ ကြုံလာတဲ့အခါ လုံခြုံစိတ်ချရတဲ့ သွေးအလဲအလှယ်တွေ ပြုလုပ်နိုင်ဖို့ သွေးအမျိုးအစားတွေကို မှတ်ထားဖို့က အရေးကြီးပါတယ်။ ခန္ဓာကိုယ်က သွေးအမျိုးအစားဟာ ကျန်းမာရေးအပြင် ကံကြမ္မာအခွင့်အလမ်း၊ လူ့ကိုယ်ရည်ကိုယ်သွေးတို့နဲ့လည်း ဆက်စပ်နေပါသေးတယ်။ အောက်ဘက်မှာတော့ အိုသွေးပိုင်ရှင်တွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့  သိပ္ပံနည်းကျရှာဖွေတွေ့ရှိထားတဲ့ အချက်တွေကို လေ့လာနိုင်ပါတယ်။

© Depositphotos.com

ပညာရှင်တွေက သွေးရည်ကြည်ထဲ ပဋိဇီဝတွေပါဝင်ပုံ အချိုးအလိုက် A+, A-, B+, B-, O+, O-, AB+, AB- ဆိုပြီး အဓိကသွေးအမျိုးအစား (၄) မျိုးနဲ့ ထပ်ခွဲ(၈) မျိုးဆိုပြီး ခွဲခြားထားပါတယ်။ O+ သွေးအမျိုးအစားဟာ အများဆုံးတွေ့ရတဲ့ သွေးမျိုးဖြစ်ပြီး လူမျိုးစုအမျိုးမျိုးတို့မှာ (၃၇-၅၃) ရာခိုင်နှုန်းထိ တွေ့ရတတ်ပါတယ်။ O+ ပိုင်ရှင်တွေဟာ သွေးအုပ်စု လေးခုထဲက အပေါင်းအုပ်စုဖြစ်တဲ့ (O+, A+, B+, AB+) သွေးပိုင်ရှင်တွေကို လှူဒါန်းနိုင်ပါတယ်။ O- ကတော့ သွေးအမျိုးအစား(၈) မျိုးစလုံးကို လှူဒါန်းနိုင်ပါတယ်။ O- သွေးဟာ အရေးပေါ်သွေးလိုအပ်တဲ့ အခြေအနေမျိုးမှာ ယုံကြည်စိတ်ချစွာသုံးနိုင်တဲ့ သွေးအမျိုးအစားဖြစ်ပြီး အထူးသဖြင့် ကိုယ်ခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေအတွက် စိတ်အချရဆုံးသွေးလည်း ဖြစ်ပါတယ်။

© Depositphotos.com

အိုသွေးပိုင်ရှင်တစ်ဦးဟာ သူများကိုသွေးလှူနိုင်ပေမယ့် ကိုယ်တိုင်ကတော့ အိုသွေးအမျိုးအစားကိုပဲ လက်ခံရယူနိုင်ပါတယ်။ O+ ပိုင်ရှင်တွေအနေနဲ့ O+ ရော O- ပါ လက်ခံရယူနိုင်ပေမယ့် O- ပိုင်ရှင်တွေကတော့ O- သွေးအမျိုးအစားတစ်ခုတည်းကိုပဲ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အချို့ အရမ်းအရေးပေါ်ဖြစ်နေတဲ့ ကိစ္စတွေမှာ O- သွေးပြတ်တောက်ခဲ့ရင် O+ သွေးနဲ့ပဲ အစားထိုးကြတာတွေလည်း ရှိပါတယ်။

READ
အုတ်ဂူတွေကြား လူနေအိမ်တွေအပြည့်နဲ့ ကမ္ဘောဒီးယားက သင်္ချိုင်းရွာလေး
© Depositphotos.com

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ သွေးဇီဝဓာတုဟာ လူ့ကျန်းမာရေးကိုလည်း အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အိုသွေးပိုင်ရှင်တွေဟာ အခြားသွေးအုပ်စုဝင်တွေထက် အချို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ပိုပြီးကူးစက်ဝင်ရောက်နိုင်ခြေများတယ်လို့ သိရပါတယ်။ ပလိပ်ရောဂါ၊ ကာလ၀မ်းရောဂါ၊ ပါးချိတ်ရောင်နာနဲ့ တီဘီလိုမျိုး ပြင်းထန်တဲ့ ရောဂါဆိုးတွေ ကူးစက်နိုင်ခြေများပါတယ်။

© Depositphotos.com

ဒါပေမယ့်လည်း အိုသွေးပိုင်ရှင်တွေက အခြား A,B, AB သွေးတွေထက် နှလုံးနဲ့ ဆက်စပ်ရောဂါတွေ ဖြစ်ပွားမှုနှုန်းနည်းပါတယ်။ အိုသွေးမဟုတ်တဲ့ သွေးပိုင်ရှင်တွေဟာ အိုသွေးသမားတွေထက် ပန်ကရိယကင်ဆာဖြစ်ပွားမှုနှုန်း (၂၅) ရာခိုင်နှုန်းမြင့်မားပါတယ်။ ဒါ့အပြင် အိုသွေးပိုင်ရှင်တွေဟာ သွေးလည်ပတ်မှုဆိုင်ရာ ရောဂါတွေနဲ့ ဦးနှောက်မှတ်ဥာဏ်လျော့နည်းတဲ့ရောဂါတွေ ခံစားရနိုင်ခြေ လျော့နည်းပါတယ်။ ဒါပေမယ့်လည်း ဘယ်သွေးအမျိုးအစားပဲဖြစ်ဖြစ် ရောဂါတွေအဖြစ်နည်းဖို့ မျှတတဲ့အာဟာရနဲ့ ကောင်းမွန်တဲ့လူနေမှုဘ၀ကို ထူထောင်ဖြစ်ဖို့က အရေးကြီးပါတယ်။

© Mark Salcedo / Joint Base San Antonio

လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်မှာ သွေးအမျိုးအစားတွေရဲ့ လွှမ်းမိုးမှုနဲ့ ပတ်သက်လို့ကတော့ ယနေ့တိုင် အငြင်းပွားနေရဆဲပါပဲ။ နိုင်ငံတိုင်းလိုလိုမှာ ထင်ရှားနေတဲ့ သီအိုရီကတော့ အိုသွေးပိုင်ရှင်တွေဟာ စာနာတတ်ပြီး ရက်ရောပေးကမ်းလိုသူတွေ ဖြစ်ကြောင်း ယုံကြည်ကြပါတယ်။ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတည်ဆောက်တတ်သူတွေဖြစ်တဲ့အပြင် စီးပွားရေးအရာမှာလည်း အောင်မြင်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အိုသွေးပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး ဘ၀အဖော်မွန်တွေကတော့ အေသွေးအမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

READ
ကြည့်ရှုသူတွေကို အံ့သြတုန်လှုပ်မှုဖြစ်စေမယ့် သမိုင်းမှတ်တမ်းထဲက ဓာတ်ပုံများ
© Depositphotos.com

လင်းလင်း (ShweMom)

Ref: brightside

SHARE