လမ်းခွဲသွားတဲ့ အဆက်ဟောင်းက ကိုယ့်ဆီပြန်လာမယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ …

Pixabay-Free-Photos

ချစ်သူစုံတွဲ တော်တော်များများမှာ ကိုယ့်ချစ်သူက ကိုယ်ရှိရက်နဲ့ နောက်တစ်ယောက်နဲ့ တွဲသွားတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကို တစ်ဖက်သတ်လမ်းခွဲသွားတာပဲဖြစ်ဖြစ် အဲဒီလို အခြေအနေမျိုးတွေကြောင့် ပြတ်သွားတတ်ကြတာကို တော်တော်များများ ကြုံဖူးကြမှာပါ။ အဲဒီလိုအချိန်မှာ အထားခံခဲ့ရတဲ့လူကတော့ တော်တော်ဝမ်းနည်းပြီး ကျန်ခဲ့ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် သူထားခဲ့တာ အချိန်တစ်ခုကြာသွားပြီး ကိုယ့်စိတ်ကလည်း အနည်ထိုင်သွားတဲ့အချိန်ကျမှာ အဲဒီချစ်သူဟာ ကိုယ့်ဆီနောက်တစ်ခေါက်ပြန်လာတဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ အဲဒီလိုအခြေအနေမျိုးရောက်ရင် ကိုယ့်အနေနဲ့ ဘယ်လိုလုပ်ရမလဲ၊ဘယ်လိုစဉ်းစားသင့်လဲဆိုတဲ့ အချက် ၅ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် ရေးသားတင်ပြလိုက်ရပါတယ်။

၁။ သူကိုယ့်ကို ချစ်လို့ တစ်ကယ်ပြန်လာတာ ဟုတ်၊မဟုတ် သေချာစဉ်းစားပါ

တစ်ချို့တွေကျတော့ ကိုယ့်ကိုထားသွားတဲ့လူ ပြန်လာရင် ပျော်ပြီး သူ့ကို ယုံတတ်ကြပါတယ်။ တစ်ကယ်တမ်းတော့ အဲဒီလိုမယုံသင့်ပါဘူး။ သူ့ကိုယ့်ကိုချစ်လို့ ပြန်လာတယ်ဆိုရင်တောင်မှ နောက်တစ်ခါ ဒီလိုမျိုးကိုယ့်ကို ထပ်ထားသွားနိုင်လား၊ ကိုယ်မကြိုက်တဲ့ အကျင့်တွေကော ပြင်နိုင်ပါ့မလား၊ ခဏတာသာယာချင်လို့ ပြန်လာတာလား အစရှိသဖြင့် သေသေချာချာ စဉ်းစားဖို့ လိုအပ်ပါတယ်။

READ
ချစ်သူရဲ့စိတ်တွေကိုစိုးမိုးပြီး ဝေးနေချိန်တွေမှာတောင် တသသဖြစ်စေမယ့်နည်းလမ်းများ
Pixabay-Anemone123

၂။ အသစ်တွေ့တဲ့လူနဲ့မပျော်လို့ ကိုယ့်ဆီပြန်လာတာလား

ကိုယ့်ကိုထားခဲ့ပြီး နောက်ထပ်အသစ်တွေ့လို့ အဲဒီအသစ်အနောက်ကို တကောက်ကောက် ပါသွားတတ်တဲ့ ချစ်သူဟောင်းက ကိုယ့်စိတ်အနည်ထိုင်သွားပြီဆိုမှ ကိုယ့်ဆီကို ရုတ်တရက်ရောက်လာပြီး သူမှားသွားတဲ့ အကြောင်းတွေ၊ ကိုယ့်ကို တစ်ကယ့်ချစ်တဲ့အကြောင်းတွေ၊ နောက်ထားမသွားတော့ပါဘူးဆိုတဲ့ စကားတွေ အစရှိသဖြင့် ကတိတွေ ပေးတတ်ကြပါတယ်။ သေချာတာတစ်ခုကတော့ ကိုယ့်ကိုတစ်ကယ်ချစ်တဲ့လူတစ်ယောက်က အသစ်တွေ့တာနဲ့ ကိုယ့်ကို ထားမသွားတတ်ပါဘူး။ ဒါ့ကြောင့်ကျိန်းသေတာကတော့ သူအသစ်တွေ့တဲ့လူက ကိုယ့်ထက်သူ့ကို မချစ်ပေးနိုင်မှန်း သိလို့ ပြန်လာတာမျိုးပါပဲ။

၃။ ကိုယ်ကကော သူ့ကိုခွင့်လွှတ်နိုင်ပါမလား

အဲဒီအချက်ကတော့ သေသေချာချာ စဉ်းစားသင့်တဲ့အချက်ပါ။ ခဏတာ စိတ်ခံစားချက်ပေါ်မှာ သာယာပြီး မဆုံးဖြတ်မိပါစေနဲ့။ တစ်ခါထွက်သွားဖူးတဲ့ လူတစ်ယောက်က နောက်တစ်ခါထွက်သွားဖို့လဲ ဝန်မလေးတတ်ပါဘူး။ အဲဒီတော့ ရေရှည်မှာ ခံစားရရင် ကိုယ်ပဲခံစားရမှာပါ။ ဒါ့ကြောင့် သေသေချာချာ အချိန်ယူပြီး စဉ်းစားတာ အကောင်းဆုံပါပဲ။

READ
သာယာပျော်ရွှင်တဲ့ အိမ်ေထာင်ရေးအတွက် အကောင်းဆုံးသောအကြံပေးချက်များ
Pixabay-Free-Photos

၎။ ပြန်တွဲမယ်ဆိုရင်တောင် အရင်လို သူ့ကို ချစ်နိုင်သေးလား

အရင်လို ပြန်မချစ်နိုင်ဘူးဆိုရင်တော့ ပြန်မတွဲတာ အကောင်းဆုံပါပဲ။ မေ့လက်စနဲ့ ဆက်ပြီးမေ့ထားလိုက်ပါ။ ကိုက ပြန်တွဲခဲ့ရင်တောင် သူကိုယ့်ကို ဒီလိုထားသွားတဲ့ ကိစ္စကို ပြန်တွေးတိုင်း စိတ်နာနေမိပါမယ်။ စကားများရင်တောင် ကိုယ့်ဘက်ကနေ ဒီကိစ္စကို နင်းပြီးပြောတာတွေဘာတွေရှိလာခဲ့ရင်တော့ နှစ်ဖက်လုံး မကောင်းပါဘူး။ ဒါ့ကြောင့် သူပြန်လာခဲ့ရင်တောင်မှ အရင်တိုင်း သူ့ကိုပြန်ချစ်နိုင်မလားဆိုတာကို သေချာစဉ်းစားပါ။

၅။ ပြန်တွဲဖြစ်ရင်တောင် အစပိုင်းမှာ အရမ်းကြီးစိတ်မနှစ်ထားပဲ အကဲခတ်နေပါ

အပေါ်က ပြောခဲ့သလို တစ်ခါထွက်သွားဖူးတဲ့ လူတစ်ယောက် ဒါမှမဟုတ် ခြံတစ်ခါခုန်ဖူးတဲ့ လူတစ်ယောက်က နောက်ထပ်အချိန်မရွေး ခြံထပ်ခုန်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က အရမ်းချစ်လွန်းလို့ ပြန်တွဲဖြစ်ခဲ့ရင်တောင်မှ သူ့ကို သေသေချာချာ အကဲခတ်ပါ။ အချိန်တစ်ခုထိ သူ့အပေါ် စိတ်တွေ မနှစ်ထားမိပါစေနဲ့။ သူကိုယ့်အနားမှာ နေရတာ မပျော်ရင် သူ့အလိုလိုထွက်သွားပါလိမ့်မယ်။

Pyi Hein Kyaw

SHARE