
Relationship တစ်ခုမှာ ဖောက်ပြန်တယ်ဆိုတာ တစ်ကယ်ကို မကောင်းတဲ့ အရာတစ်ခုဖြစ်ပြီး ယောကျာ်းမိန်းမ မရွေးလုပ်နိုင်တဲ့ အရာတစ်ခုပါ။ များသောအားဖြင့် Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ဖောက်ပြန်တယ်ဆိုတာ သိပေမယ့်လည်း ချစ်တဲ့ စိတ်တစ်ခုကြောင့် ပြောချင်စိတ်တွေကို မျိုသိပ်ထားရတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ပျမ်းမျှကြည့်ရမယ်ဆိုရင်တော့ စုံတွဲတစ်တွဲမှာ ဖောက်ပြန်နိုင်ခြေအများဆုံးက အမျိုးသားတွေပါပဲ။ အခုလည်း အဲဒီလို ချစ်သူရှိရက်နဲ့ ဖောက်ပြန်ချင်တဲ့ အမျိုးသားတွေကို ပညာပေးတဲ့ Instagram မော်ဒယ်အမျိုးသမီးတစ်ယောက်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ခေတ်စားနေကြောင်း nypost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ အမျိုးသမီးကတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Los Angeles မြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် Paige Woolen အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Paige ဟာ သူ့ရဲ့ IG အကောင့်မှာ follower နှစ်သိန်းခွဲ နီးပါးရှိပြီး တော်တော်များများက အမျိုးသားတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Paige ဟာ IG မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် များသောအားဖြင့် သူရိုက်တဲ့ ပုံတော်တော်များများက အဖော်အချွတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီပုံတွေကိုမြင်တဲ့ အမျိုးသားတော်တော်များများဟာ Paige ရဲ့ အကောင့်ကို direct message တွေပို့ပြီး အပြင်မှာ ဒိတ်ချင်တဲ့ အကြောင်းတွေ၊ Paige ကို တစ်ကယ်ချစ်တဲ့အကြောင်းတွေ၊ သားပြောမယားပြောတွေ အစရှိသဖြင့် ပုံစံမျိုးစုံနဲ့ လာပြောတတ်ကြပါတယ်။
View this post on Instagram
ဒီလိုနဲ့ Paige တစ်ယောက် သတိထားမိခဲ့တာကတော့ သူ့ကို စကားလာပြောတဲ့ အမျိုးသားတော်တော်များများဟာ သူတို့ရဲ့ IG မှာ Relationship ကိုယ်စီရှိနေကြတာပါပဲ။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ Paige ဟာ သူ့ကို စကားလာပြောတဲ့ အမျိုးသားတွေရဲ့ ချစ်သူကောင်မလေးတွေဆီကို သူတို့ချစ်သူကောင်လေးတွေ စကားလာပြောထားတဲ့ screenshoot တွေကို ပို့ပေးလိုက်တာပါပဲ။ ဒီလိုမျိုးပို့ပေးပြီး သိပ်မကြာခင်မှာ Paige ကို စကားလာပြောဖူးတဲ့ အမျိုးသားတွေကို Paige ကို ဆဲဆိုတာတို့၊ အသက်အန္တရာယ်ခြိမ်းခြောက်တာတို့၊ Paige ရဲ့ ပုံအောက်မှာ မိုက်မိုက်ရိုင်းရိုင်း comment တွေ ဝင်ရေးတာတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
View this post on Instagram
“သူတို့အဲဒီလိုလာပြောတာဟာ ကျွန်မရဲ့ အကြံအစည်အောင်မြင်တာလို့ ယူဆပါတယ်။ ကျိန်းသေ သူတို့ကောင်မလေးတွေနဲ့ ပြသနာတက်လို့ ကျွန်မကို ရန်လာရှာတာပေါ့။ အဲဒီအတွက် ကျွန်မကပိုလို့တောင် ပျော်ပါသေးတယ်။ အစကတည်းက ကိုယ့်မှာ ချစ်သူရှိရင် ကင်းကင်းရှင်းရှင်းနေပါ။ ကျွန်မကို အပြင်မှာ ဒိတ်ချင်တဲ့ အကြောင်းတွေ လာမပြောပါနဲ့။ ချစ်သူမရှိတဲ့ လူဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက ချစ်သူရှိရက်နဲ့ ဒီလိုမျိုးတွေလုပ်တာ မကောင်းတဲ့ အလုပ်တစ်ခုလို့ ကျွန်မမြင်ပါတယ်”လို့ Paige က nypost သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Paige ရဲ့ လုပ်ရပ်ကိုတော့ အမျိုးသားတော်တော်များများက ရှုံ့ချခဲ့ပေမယ့် အမျိုးသမီးတိုင်းလိုလိုကတော့ အားပေးထောက်ခံခဲ့ကြောင်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw