ဆက်တိုက်ငြင်းနေခဲ့ပြီးမှ နောက်ဆုံးတော့ သားလေးမွေးခဲ့ကြောင်း ဝန်ခံလိုက်တဲ့ Iggy

Instagram- @thenewclassic, @playboicarti

Iggy Azalea ကိုတော့ rap အဆိုတော်တစ်ဦးအဖြစ် လူတွေတော်တော်များများက သိထားကြပါတယ်။ ဒီအပြင် နောက်ပိုင်း သူမရဲ့ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် အပြာရုပ်ရှင်ကုမ္ပဏီတွေကနေတောာင် လာရောက်ကမ်းလှမ်းတယ်ဆိုပြီး သတင်းတွေကြားခဲ့သေးတယ်မဟုတ်လား။

Instagram- @thenewclassic

သူမအနေနဲ့ အချစ်ရေးကိစ္စတွေမှာ တော်ရုံဘယ်သူနဲ့မှ တွဲနေတယ်လို့ ဝန်ခံလေ့မရှိပေမယ့် မနှစ် ဒီဇင်ဘာလတုန်းကတော့ Iggy နဲ့ အဆိုတော် Playboi Carti တို့နှစ်ယောက် တွဲပုန်းခုတ်နေခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေတက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ Iggy တို့အနေနဲ့ကတော့ confirm မလုပ်ခဲ့သလို Iggy ကိုယ်တိုင်ကလည်း သူ့ရဲ့ Instagram မှာ သူဟာ Single တစ်ယောက်ဖြစ်တယ်ဆိုပြီး ပြတ်ပြတ်သားသား တင်ခဲ့တာပါ။

View this post on Instagram

<48hours! locked in.

A post shared by @ playboicarti on

Playboi Carti နဲ့ သတင်းထွက်ပြီး ဒီနှစ်အတွင်းမှာပဲ Iggy ကိုယ်ဝန်ရနေပြီဆိုပြီး သတင်းတွေထပ်ထွက်လာခဲ့ပါပြီ။ Playboi Carti နဲ့ပေါ့။ ဒါပေမဲ့ Iggy ကတော့ ဒီတင်းဟာကောလဟာလသက်သက်ပါဆိုတဲ့ပုံစံမျိုးနဲ့ Instagram မှာ ဘီကီနီနဲ့ပုံတွေကိုသာတင်ပြီး ပြန်လည်ချေပနေခဲ့ပါတယ်။

READ
စွဲမက်ဖွယ်ပုံရိပ်တွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ မေပန်းချီ

https://www.instagram.com/p/B6NxkN5FthS/

ဒါပေမဲ့လည်း ယခု ဇွန်လ ၁၀ ရက်နေ့မှာတော့ Instagram ရဲ့ story မှာ ကလေးမွေးခဲ့တယ်ဆိုတဲ့သတင်းကို အတည်ပြုလိုက်ခဲ့ပါတယ်။ ကလေးကတော့ ယောက်ျားလေးပါတဲ့။ ပရိတ်သတ်တွေကို ထုတ်ပြောပြဖို့ အချိန်မတန်သေးတဲ့အတွက် ဖုံးကွယ်ခဲ့တာပါဆိုပြီးလည်း ရေးထားပါသေးတယ်။ နောက် ကလေးရဲ့ဘဝလေးကိုလည်း မီဒီယာတွေနဲ့ မထိတွေ့စေချင်ဘဲ အေးအေးချမ်းချမ်းသာနေလို့တဲ့အတွက်ကြောင့်ပါတဲ့။ ကလေးကိုတော့ ဘယ်သူနဲ့ရတယ်ဆိုတာ မပြောထားပေမယ့် Playboi Carti နဲ့ပဲဆိုပြီး ပရိတ်သတ်တွေကတော့ ထင်ကြေးပေးနေခဲ့ကြပါတယ်။ သူမကတော့ အခုထိ Playboi Carti နဲ့ date တောင် မလုပ်ဖူးပါဘူးတဲ့။

Instagram- @thenewclassic

Penny

SHARE