မြို့ထဲမှာ သေဆုံးခွင့်မပေးဘဲ တားမြစ်မိန့်ထုတ်ပြန်ထားတဲ့ နော်ဝေမြို့ကလေး

နော်ဝေနိုင်ငံက မြို့လေးတစ်မြို့ဟာ အေးခဲလွန်းတဲ့အတွက် နေထိုင်မှုခက်ခဲရုံသာမက သေဆုံးမှုအတွက်ပါ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ Longyearbyen မြို့က အာဏာပိုင်တွေက ၎င်းမြို့မှာ လူတွေသေဆုံးခွင့်မရှိကြောင်း ထုတ်ပြန်ထားပြီး သေဆုံးနိုင်ချေရှိတဲ့ ဖျားနာသူများကို မြို့နဲ့မိုင်ရာချီကွာဝေးတဲ့ ပြည်မသို့ ရွှေ့ပြောင်းစေပါတယ်။

birdgehls.com

အခုလိုဥပဒေထုတ်လိုက်စေခြင်းရဲ့ အဓိကပြဿနာကတော့ လွန်ခဲတဲ့နှစ် (၁၀၀)ခန့်က မြှုပ်နှံခဲ့တဲ့ လူသေအလောင်းတွေမှာ စပိန်တုပ်ကွေးပိုးတွေ ရှိနေသေးကြောင်း စမ်းသပ်တွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်။ ယခုဖေဖော်ဝါရီမှာ (-၁၇)ဒီဂရီစင်တီဂရိတ် ရှိနေတဲ့မြို့ဟာ ယခုထက်အပူချိန်ပိုကျနိုင်သေးပြီး အလောင်းများ မပုပ်သိုး မဆွေးမြေ့ပါက ရောဂါပိုးတွေလည်း ပျံ့နှံ့နိုင်ချေရှိနေပါတယ်။

EyeEm

မကြာသေးခင်က Longyearbyen မြို့ရှိ မြုပ်နှံထားတဲ့ အလောင်း (၁၁)လောင်းကို စမ်းသပ်ခဲ့ရာ စပိန်တုပ်ကွေးပိုး စွဲကပ်နေသေးကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသေးပါတယ်။ စပိန်တုပ်ကွေးဟာ (၁၉၁၈)ခုနှစ်တုန်းက လူဦးရေ သန်း (၅၀)မှ သန်း (၁၀၀)အထိ သေဆုံးစေခဲ့တဲ့ ကပ်ရောဂါကြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာခန့်က စပိန်တုပ်ကွေးကြောင့် လူပေါင်းသန်း (၅၀)ခန့် သေဆုံးခဲ့ရစဉ်။ (from Archive Photos)

နော်ဝေသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ Jan Christian Meyer ရဲ့ ပြောပြချက်အရ အေးခဲနေတဲ့ ရာသီဥတုအခြေအနေက မြုပ်နှံထားတဲ့ အလောင်းတွေကို မပျက်စီးစေဘဲ မြေပြင်ပေါ် တိုးထွက်လာစေရုံသာမက သေဆုံးစေခဲ့တဲ့ ရောဂါကိုပါ မွေးမြူထားနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် လူတစ်ဦးသေဆုံးတော့မယ်ဆိုရင် နော်ဝေပြည်မကြီးဆီသို့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။

READ
လူမှုကွန်ယက် အနိုင်ကျင့်ခံရမှု ( Cyber bullying) ကို ဘယ်လိုရှောင်ရှားမလဲ ...?

White (Shwemom)

Ref: Mirror UK

SHARE