ကာတွန်းကမ္ဘာထဲ ရောက်သွားသလို ခံစားမိစေမယ့် ဆိုးလ်မြို့က ကော်ဖီဆိုင်

ဓာတ်ပုံရိုက်ဖို့ အပြင်အဆင်ကောင်းတဲ့ ကော်ဖီဆိုင်လေးတွေဟာ အင်စတာဂရမ်ချစ်သူတွေအတွက် စိတ်ကျေနပ်စရာပါ။ ခုနောက်ပိုင်းမှာလည်း လူတွေ ကော်ဖီဆိုင်သွားကြတဲ့အခါ ကော်ဖီထိုင်သောက်ပြီး စကားပြောရုံနဲ့ ပြီးကြတာ မဟုတ်။ ဖေ့စ်ဘုတ်ပေါ်၊ အင်စတာဂရမ်ပေါ်တင်ဖို့ ဓာတ်ပုံကောင်းကောင်းလေးတွေ ရိုက်ဖို့ပါ စဉ်းစားလာကြပါတယ်။

boredpanda
boredpanda

အခုတွေ့ရတဲ့ ကော်ဖီဆိုင်လေးကတော့ မြင်လိုက်တာနဲ့ မျက်လုံးမခွာနိုင်အောင်ကို ဖြစ်ရမယ့် ဆိုင်လေးပါ။ ဆိုင်အပြင်အဆင်၊ ပန်းကန်ခွက်ယောက်တွေကအစ ဆိုင်ထဲ ရှိသမျှ အရာတွေကို ကာတွန်းပုံတွေအဖြစ် ဖန်တီးထားတာပါ။ ဆိုင်တံခါးရှေ့ ခြေချမိလိုက်တာနဲ့ ပြင်ပလောကမှ ကင်းရာ လျှို့ဝှက် ကာတွန်းစာအုပ်ထဲများ ရောက်သွားသလားလို့တောင် ထင်ရဦးမှာပါ။

boredpanda
boredpanda

အတွင်းခန်းအပြင်အဆင်ကိုလည်း ကြည့်လိုက်ပါဦး။ နံရံ၊ ကြမ်းခင်းတွေက စလို့ ပရိဘောဂနဲ့ ခွက်၊ ပန်းကန်တွေမှာပါ အဖြူ၊ အနက် စင်းလေးတွေနဲ့။ ကော်ဖီဆိုင်ကတော့ အခုလို အိုင်ဒီယာကို ကိုရီးယားတီဗီအစီအစဉ် W-Two Worlds က ရတယ်လို့ ဆိုတာပါပဲ။

READ
ကမ္ဘာပေါ်မှာ အလှပဆုံး ကျွန်း (၁၀)ကျွန်း
boredpanda
boredpanda

ချစ်စရာကောင်းပြီး နွေးထွေးလှတဲ့ ဒီကော်ဖီဆိုင်လေးကို ဇူလိုင်လ (၂၀၁၇) ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဆိုးလ်က နာမည်ကြီး Yeonman-dong ခရိုင်မှာရှိပါတယ်။ ဆိုင်နာမည်လေးက Café Yeonnam-dong 239-20 ပါတဲ့။ တကယ်လို့ စာဖတ်သူဟာ ကာတွန်းချစ်သူဖြစ်တဲ့အပြင် အင်စတာဂရမ်ဝါသနာရှင်လဲ ဖြစ်တယ်ဆိုရင်တော့ ဆိုးလ်သွားဖြစ်ရင် အရောက်ဝင်လည်ခဲ့ဖို့ မမေ့နဲ့နော်။

boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

Ref: boredpanda

SHARE