ကမ္ဘာကြီးရဲ့ကောင်းသောပြောင်းလဲခြင်းတွေကို ပြောပြပေးမယ့် ကာတွန်းပုံလေးများ

[email protected]_happy_broadcas

၂၀၁၉ လည်းကုန်တော့မယ်၊ ဒီတစ်နှစ်တာအတွင်း ကမ္ဘာကြီးမျာ ဘာတွေများ ပြောင်းလဲခဲ့သလဲ ဘယ်လိုထူးဆန်းအံ့သြဖွယ်အဖြစ်အပျက်တွေ ရှိခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး မသိချင်ကြဘူးလား။ တိုတိုတုတ်တုတ်နဲ့ ပြောင်းလဲမှုကြီးတွေကို သိရအောင်လို့ Instagram account တစ်ခုဖြစ်တဲ့ @the_happy_broadcast မှ အခုလိုရုပ်ပုံလေးတွေ စီစဉ်ပေးထားပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

မော်လဝီမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးအာဏာရပြီးတဲ့နောက်ပိုင်း အသက်မပြည့်သေးတဲ့ကလေးတွေနဲ့ လက်ထပ်ထိမ်းမြားမယ့် မင်္ဂလာပွဲပေါင်း ၁၅၀၀၀ ကျော်ကို ဖျက်နိုင်ခဲ့ပြီး မိန်းကလေးငယ်တွေကိုလည်း စာသင်ကျောင်းမှာ ပညာသင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။

[email protected]_happy_broadcas

နိုင်ဂျီးရီးယားရဲ့ လာဂိုစ့်မှာတော့ မိဘတွေအနေနဲ့ အမှိုက်တွေနဲ့ ကလေးတွေရဲ့ပညာသင်ကြားရေးစရိတ်ကို လဲလှယ်နိုင်မယ့် ပရောဂျက်တစ်ခုကို ဒီနှစ်ထဲ စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

[email protected]_happy_broadcas

အမေရိကရဲ့ ၅၇% သော လူမည်းအမျိုးသားများဟာ လူလတ်တန်း သို့မဟုတ် အထက်တန်းလူနေမှုဆင့်ကို ရောက်ရှိသွားလို့နေခဲ့ပါပြီ။ လူဖြူ-လူမည်းခွဲခြားတဲ့စနစ်ကြီးကြောင့် လူမည်းအမျိုးသားများဟာ လူဖြူအမျိုးသားတို့ထက်စာရင် အလုပ်ကိုင်အခွင့်အရေးပိုနိမ့်ကျလို့နေခဲ့တာပါ။ ဒါပေမဲ့ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာတော့ ဆင်းရဲခြင်း၊ တန်းတူအလုပ်ကိုင်အခွင့်အလမ်းများ မရှိခြင်းတို့မှလျော့ကျလာခဲ့တာ ယနေ့အထိပဲဖြစ်ပါတယ်။

[email protected]_happy_broadcas

ယူကေနိုင်ငံကတော့ ဒီ ၆ နှစ်တာကာလအတွင်း ကာဗွန်စွန့်ထုတ်မှုကို သိသိသာသာလျော့ကျစေခဲ့ပါတယ်။

READ
ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးလေးများ
[email protected]_happy_broadcas

Fornite ဂိမ်းပိုင်ရှင် Tim Sweeney ကတော့ ဂိမ်းမှရတ့အကျိုးအမြတ်တွေနဲ့ ဧကထောင်ချီတဲ့သစ်တောနယ်မြေကို ဝယ်ယူပြီး သစ်တောထိန်းသိမ်းဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပေးခဲ့ပါတယ်။

[email protected]_happy_broadcas

အားလုံးသိကြတဲ့အတိုင်း ထိုင်ဝမ်မှာတော့ လိင်တူလက်ထပ်ခြင်းကို တရားဝင်အဖြစ် ဒီနှစ်မှာပဲ သတ်မှတ်ပေးလိုက်ပါပြီ။

[email protected]_happy_broadcas

နယ်သာလန်မှာ သစ်တောထိန်းသိမ်းမှုတွေ၊ တိရိစ္ဆာန်လေးတွေအတွက် ဂေဟစနစ်လေး သီးသန့်ဖြစ်တည်စေဖိွုှ့တွက် ကျွန်း တု ၅ ကျွန်းကို ဖန်တီးပေးခဲ့ပြီး (၂)နှစ်အတွင်းမှာတင် ငှက်မျိုးစိတ်ပေါင်း ၃ သောင်းကျော်နဲ့ အပင်ပေါင်း ၁၂၇ ပင်လောက် ထွန်းကားကာ ထိန်းသိမ်းနေရပါပြီ။

[email protected]_happy_broadcas

အိန္ဒိယက ရွာလေးတစ်ရွာမှာတော့ မိန်းကလေးမွေးတိုင်း သစ်ပင်ကြီးပေါင်း ၁၁၁ ပင်စိုက်ကာ အထိမ်းအမှတ်ပွဲလေး ကျင်းပခဲ့ကြပါတယ်။ ဒီတစ်နှစ်အတွင်းမှာပဲ အပင်ပေါင်း ၃၅၀,၀၀၀ လောက် စိုက်ပြီးသွားကြပါပြီ။

[email protected]_happy_broadcas

ဒါကတော့ ကမ္ဘာ့ပထမဆုံးသော အမျိုးသမီးနဲ့အမျိုးသား လုပ်ငန်းခွင်မှာ ညီတူမျှတူလစာနဲ့အခွင့်အရေးရရှိရေးကို အတည်ပြုပေးခဲ့တဲ့ နိုင်ငံ၊ Iceland ပါ။

[email protected]_happy_broadcas

ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများရဲ့ လယ်ကွင်းတွေမှာတော့ သီးနှံဖျက်ပိုးတွေကို ဓာတုပိုးသတ်ဆေးတွေမသုံးဘဲ ဘဲတွေမွေးကာ အဖျက်ပိုးများကို စားစေပါတယ်တဲ့။ အသီးအရွက်တွေနဲ့ ဆန်တွေကတော့ chemical free ပေါ့။

READ
သင် အရေးမစိုက်ဘဲ မနေသင့်တဲ့ အိပ်မက် (၅) ချက် - အပိုင်း (၁)
[email protected]_happy_broadcas

ရောမမှာရှိတဲ့ Metro မြေအောက်ရထားမှာတော့ ရထားလက်မှတ်တွေကို ပလတ်စတစ်ဗူးခွံတွေနဲ့ ပေးဆောင်လို့ရနေပါပြီ။ ဒီနှစ်ထဲမှာပဲ recycle လုပ်ဖို့ ခရီးသည်တွေထံမှ ပလတ်စတစ်ဗူးခွံပေါင်း ၃၅၀,၀၀၀ လောက် ရသွားခဲ့ပါတယ်တဲ့။

[email protected]_happy_broadcas

နယ်သာလန်ဟာ ကမ္ဘာ့ပထမဆုံးသော ခွေးလေခွေးလွင့်ကင်းရှင်းတဲ့ နိုင်ငံတစ်နိုင်ငံပါ။

[email protected]_happy_broadcas

လန်ဒန်မှ HIV ပိုးရှိသူ အမျိုးသားတစ်ယောက်ဟာ ဒီနှစ်ထဲမှာပဲ stem cell transplant လို့ခေါ်တဲ ဆဲလ်အစားထိုးကုထုံးတစ်မျိုးကြောင့် HIV ပိုး အရှင်းပျောက်ခဲ့တဲ့ ဒုတိယမြောက်လူနာဖြစ်သွားခဲ့ပါတယ်။

[email protected]_happy_broadcas

ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ စူပါမားကတ်တွေမှာ အသီအနှံတွေဝယ်တိုင်း ပလတ်စတစ်အစား ဖက်ရွက်အစားထိုးကာ  ရောင်းချနေပါပြီ။

[email protected]_happy_broadcas

အိန္ဒိယမှ အမျိုးသားတစ်ယောက်ဟာ နေ့တိုင်းသစ်ပင်တစ်ပင်စိုက်သွားခဲ့တာ ၂၀၁၉ ခုနှစ်ဟာ ၃၅ နှစ်မြောက်တဲ့နှစ်ပါ။

[email protected]_happy_broadcas

ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နဲ့ယှဉ်ရင်တော့ ပိုစိမ်းလန်းတဲ့ ဧရိယာတွေရှိလို့နေပါပြီ။

[email protected]_happy_broadcas

Penny

SHARE