အသက်(၃၄)နှစ် ကွာဟပေမယ့် သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံ

အသက်(၂၅)နှစ်အရွယ် ကော့တနေ ဟာ သူမထက် အသက်(၃၄)နှစ်ကြီးတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ပြီးနောက်မှာ ကလေး(၃)ဦးရဲ့ အဖွားဖြစ်လာခဲ့ပါတယ်။ ကော့တနေရဲ့ အမျိုးသားကတော့ အသက်(၅၉)နှစ်အရွယ် ဗန်သွန်တွန် ဆိုသူဖြစ်ပါတယ်။ ကော့တနေ နဲ့ ဗန်တို့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ဓာတ်ပုံကို (#husbandnotdad) လို့စာရေးသားပြီး အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

COURTNEY THORNTON

အွန်လိုင်းပေါ်က လူအချို့ကတော့ သူမဟာ အဖေအရွယ်ကြီးကို ယူထားတာ ပိုက်ဆံအတွက်ဆိုပြီး စွပ်စွဲကြကြောင်း ကော့တနေက ဆိုပါတယ်။ ဗန်ဟာ ကော့တနေရဲ့ ဖခင်ဖြစ်သူ ဝေါလစ်စ်ထက် အသက်(၁)နှစ်ပဲ ငယ်ပါတယ်။ ကော့တနေနဲ့ ဗန်ရဲ့ ကြားမှာ ပြဿနာတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တစ်ခါတစ်လေ သူတို့နှစ်ဦးဈေးဝယ်သွားတဲ့အခါ တစ်ကိုယ်တော်မိခင်တွေက သူမတို့ကို သားအဖလို့ယူဆပြီး ဗန်ကို ပိုးပန်းကြတာဖြစ်ပါတယ်။

READ
ခင်ပွန်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ
COURTNEY THORNTON

ကော့တနေနဲ့ ဗန်ဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် တောင်ပိုင်းဇာတိတွေဖြစ်ကြပါတယ်။ ဗန်မှာတော့ အသက်(၃၈)၊ (၃၆)၊ (၃၄) နဲ့ (၂၁)နှစ်စီ အသီးသီးရှိကြတဲ့ သားသမီး(၄)ဦးရှိပါတယ်။ ဇာတိချင်းတူကြပေမယ့် (၂၀၁၆)ခုနှစ်ကျမှ သူတို့နှစ်ဦးဟာ တွေ့ဆုံခဲ့ကြတာပါ။ ကော့တနေက “ကျွန်မတို့က တစ်မြို့တည်းသားတွေပါ။ ကျွန်မကတော့ ဗန်ကို ငယ်ငယ်လေးတည်းက သိပေမယ့် သူကတော့ ကျွန်မကို မသိပါဘူး။ ဗန်က ကျောင်းဆရာအလုပ်လုပ်ပါတယ်။ သီချင်းစီစဉ်တာလည်း လုပ်ပါတယ်။ ကျွန်မတို့ မြို့မှာတော့ သူက နာမည်ကြီးတစ်ယောက်ပါ။” လို့ဆိုပါတယ်။

COURTNEY THORNTON

(၂၀၁၆)ခုနှစ်မှာတော့ ကော့တနေဟာ သီချင်းဘက်မှာ စိတ်ဝင်စားပြီး ဗန်ကို အကူအညီတောင်းဖို့ ချဉ်းကပ်ရာကနေ နှစ်ဦးသား ရင်းနှီးခင်မင်ခဲ့ကြတာပါ။ ထိုမှတဆင့် တွဲဖြစ်ခဲ့ကြပြီး လအနည်းငယ်အကြာမှာတော့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပွဲကိုတော့ (၂၀၁၆)ခုနှစ် ဇူလိုင်လမှာ လုပ်ဖြစ်ခဲ့ကြပြီး မင်္ဂလာပွဲကို ကော့တနေရဲ့ မိဘတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ကော့တနေက “ကျွန်မတို့ မင်္ဂလာပွဲကို နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း လက်ခံကြပါတယ်။ ကျွန်မမိဘတွေကလည်း ကျွန်မတို့နှစ်ယောက်ကို တော်တော်လေး သဘောတူလို့ ကျွန်မတောင်အံ့သြရပါတယ်။”

READ
စကားလုံးတွေမပါပဲ အချစ်ကို ဖော်ပြလို့ ရမယ့် နည်းလမ်းများ
COURTNEY THORNTON

ဒါပေမယ့် သူတို့နှစ်ဦးကို သဘောတူသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။ အချို့ကလည်း ဗန်ဟာ သူ့ဇနီးဟောင်းနဲ့ ကွာရှင်းပြတ်ဆဲခဲ့တာ ကော့တနေကြောင့်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေရှိပေမယ့် ကော့တနေကတော့ လုံးဝမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ တချို့တွေကလည်း ဇနီးမောင်နှံနှစ်ဦးဟာ အသက်ချင်းအရမ်းကွာတာကြောင့် ဗန်က မကြာခင်သေတော့မှာဆိုပြီး အပြောခံရတာတွေလည်း ရှိကြောင်း ကော့တနေက ဆိုပါတယ်။ ဒါပေမယ့် ကော့တနေဟာ သူများတွေရဲ့ ဝေဖန်စကားတွေကို လျစ်လျူရှုပြီး အမျိုးသားဖြစ်သူနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကို လျှောက်လှမ်းနေကြောင်း သိရပါတယ်။

COURTNEY THORNTON

လင်းလင်း (ShweMom)

Ref: Sun

SHARE