အာဂျင်တီးနား ကောင်းကင်တိမ်တွေထက်မှာ တွေ့ရတဲ့ ထူးထူးဆန်းဆန်း ရုပ်ပုံလွှာ

အာဂျင်တီးနားနိုင်ငံက ကောင်းကင်ပြင်ထက်မှာ အံ့သြဖွယ်ရာ ရုပ်ပုံလွှာတစ်ခုကို တိမ်တွေကြားထဲမှာ တွေ့လိုက်ရကြောင်း သိရပါတယ်။ တွေ့ရတဲ့ဓာတ်ပုံကတော့ ဆန်ဆာဗာဒေါ်ဒီဂျူဂျေးမြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာတစ်ခွင်မှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးခဲ့သူကတော့ မိုနီကာအာရာမာယိုဆိုသူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

CEN

နေရဲ့ အဖြူရောင်အလင်းဖြန့်ကျက်နေပုံဟာ ထူးခြားနေပြီး အမှတ်တမဲ့ကြည့်လိုက်ရင် ခရစ်တော်က လက်နှစ်ဖက်ကို ဆန့်တန်းနေပုံပေါ်နေတာကြောင့် မိုနီကာက သူမစမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတော့ သူမရိုက်ကူးထားတဲ့ဓာတ်ပုံဟာ ရီနေးဆွန်းခေတ်တုန်းက ရေးသားခဲ့တဲ့ အနုပညာပန်းချီကားတွေထဲက ခရစ်တော်ပုံရိပ်နဲ့တူကြောင်း ဆိုနေသလို ယုံကြည်သူအချို့ကလည်း ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာရှိတဲ့ ယေရှုခရစ်တော်ရုပ်ထုနဲ့ တူတယ်လို့ ပြောနေကြပါတယ်။

EPA

မိုနီကာရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာတော့ ခရစ်တော်နဲ့သဏ္ဍာန်တူတယ်လို့ပြောတဲ့ ပုံရိပ်မှာ ကယ်တင်ရှင်ယေရှုခရစ်ဟာ ကောင်းကင်ထက်ကနေ မြေပြင်ဆီ ဆင်းသက်လာတဲ့ပုံပေါ်နေတာပါ။ ဒါ့အပြင် ဦးခေါင်းပိုင်းနေရာလေးမှာလည်း လက်ဝါးကပ်တိုင်နဲ့ ဆက်စပ်နေတဲ့ ဆူးကြိုးသရဖူကို အုပ်ဆောင်းထားတဲ့အတိုင်း တွေ့မြင်ရတာ ဖြစ်ပါတယ်။ မိုနီကာရဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ယုံကြည်သူတွေကော ၊ မယုံကြည်တဲ့ သူတွေပါ ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုး ရေးသားပြောဆိုလျက်ရှိနေပါတယ်။

READ
"ဖတ်တီး"လို့ နှိမ်ပြီးအခေါ်ခံခဲ့ရပေမယ့် ချစ်သူလှလှလေးနဲ့ လက်ထပ်နိုင်ခဲ့သူ

လင်းလင်း (ShweMom)

Ref: dailymail

SHARE