YouTube မှာ ကြည့်ရှု့တဲ့ အကြိမ်ရေ ၁.၂ ဘီလျံရှိသွားပြီ ဖြစ်တဲ့ Imagine Dragons ရဲ့ Beliver သီချင်းကို ကြားဖူးကြမှာ အသေအချာပါပဲ။ ခွန်အားဖြည့် သီချင်းတစ်ပုဒ်အနေနဲ့ရော နားထောင်လို့ ကောင်းတာမို့ Cover ပြန်ဆိုတဲ့သူတွေလည်း များသလို ကျောင်းကပွဲတွေ၊ နှုတ်ဆက်အခမ်းအနားတွေမှာလည်း Beliver သီချင်းဟာ ခေတ်စားတဲ့ သီချင်းထဲမှာ တစ်ပုဒ်အပါအဝင်ပါပဲ။ သံစဉ်အမြူးနဲ့ ကြည်လင်ပြတ်သားတဲ့ ဆိုပုံဆိုပေါက်တွေနဲ့ Imagine Dragons ရဲ့ Beliver သီချင်းဟာ အလွန်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။
သိပ်မကြာခင်အချိန်က အိန္ဒိယနိုင်ငံက Bengaluru ဆိုတဲ့ မြို့ငယ်လေးက St Charles အထက်တန်းကျောင်းရဲ့ ကျောင်းကပွဲမှာ ဖျော်ဖြေဖို့ ကျောင်းသူတွေဟာ Beliver သီချင်းကို အဖွဲ့လိုက် သီဆိုလေ့ကျင့် ခဲ့ပါတယ်။ ကျောင်းသူလေးတွေ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကို St Charles အထက်ကျောင်းရဲ့ ဆရာမ Elizabeth George က သူမရဲ့ Facebook စာမျက်နှာပေါ်မှာ ကျောင်းကပွဲအတွက် လေ့ကျင့်မှုအမှတ်တရ အနေနဲ့ တင်ခဲ့တာပါ။
Posted by Elizabeth George on Sunday, November 24, 2019
ဒါပေမယ့် ဗီဒီယိုဖိုင်ဟာ အိန္ဒိယတစ်နိုင်ငံလုံးမှာ အထူးရေပန်းစားခဲ့ပြီး ကြည့်ရှုသူဦးရေ (၁)သန်းခွဲကျော်အထိ ရှိခဲ့ပါတယ်။ ဒီဗီဒီယိုကို Pakchikpak Raja Babu ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ် တင်ခဲ့ရာက တစ်ဆင့် Imagine Dragons ရဲ့အဆိုတော် Dan Reynolds နားအထိ ရောက်သွားခဲ့တာပါ။
so beautiful. thank you for sharing this.
— Dan Reynolds (@DanReynolds) December 3, 2019
Imagine Dragons ရဲ့ ပင်တိုင်အဆိုတော်ကိုယ်တိုင် သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ချီးကျုးစကားပြောဆိုခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Imagine Dragons ရဲ့ တွစ်တာစာမျက်နှာမှာလည်း အဆိုပါဗီဒီယိုဖိုင်ကို retweet ပြန်လုပ်ထားပြီးချီုးကျုးစကားပြောဆိုခဲ့တာပါ။ Imagine Dragons ရဲ့ ပရိသတ်ပေါင်းများစွာကလည်း အဆိုပါကျောင်းသူလေးတွေကို ချီးကျုးစကား ပြောဆိုခဲ့ပါတယ်။
love this https://t.co/NUTBbgW6fb
— Imagine Dragons (@Imaginedragons) December 3, 2019
Ye Yint Kyaw